မဂၤလာ ပါ ပရိသတ္ႀကီးေရ ပိုင္တံခြန္က လတ္တေလာျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွာ းမႈေတြမွာ ျပည္သူျပည္သားေတြနဲ႔အတူ အားႀကိဳးမာန္တက္ ပူးေပါင္းပါဝင္ေပးတာ ေတြ႕ရပါတယ္။ လူငယ္ေတြရဲ့ အနာဂတ္အိမ္မက္ေတြ မဆုံးရႈံးေအာင္ တာဝန္သိျပည္သူတစ္ေယာက္အနဲ႔ တတ္နိုင္တဲ့ဘက္ကေန လုပ္ေဆာင္ေပးခဲ့ပါတယ္။ ဒါ့အျပင္ ပိုင္တံခြန္ က လမ္းမေပၚကို ကိုယ္တိုင္ထြက္ၿပီး ျပည္သူ႔ပရိသတ္ေတြနဲ႔အတူ ၿငိမ္းခ်မ္းစြာ ဆႏၵထုတ္ေဖာ္ခဲ့တဲ့အျပင္ စားေသာက္စရာေလးေတြလည္း လႉဒါန္းေပးခဲ့ပါ တယ္။

ေအာင္ျမင္ေက်ာ္ၾကားမႈေတြကို ေဘးခ်ိတ္ထားၿပီး ကိုယ္ေရာစိတ္ပါနဲ႔ တိုင္းျပည္အေရးကို တက္တက္ႂကြႂကြ လႈပ္ရွားခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲ ျဖစ္ပါတယ္။ လက္ရွိမွာ ပိုင္တံခြန္ ဟာ ျပည္သူ႔ပရိသတ္ေတြနဲ႔အတူ လူထုလႈပ္ရွားမႈေတြမွာ ဦးေဆာင္ပါဝင္မႈေတြေၾကာင့္ ထိန္းသိမ္းမခံရေအာင္ အေဝးမွာေခတၱေရွာင္ရွားေန ခဲ့ရပါတယ္။ ယခုမွာေတာ့ ပိုင္တံခြန္က လတ္တေလာ အကူအညီေပးလာတဲ့ သူေတြကို လက္မလႊတ္ဖို႔အေၾကာင္းကို ေျပာျပလာခဲ့ပါတယ္။

“အခုခ်ိန္မွာ ကမ္းလာတဲ့ လက္တစ္ဖက္စီတိုင္းက ကၽြန္ေတာ္တို႔ရဲ့ ခြန္အားကိုျဖစ္ေစတဲ့အတြက္Personal ေတြ ေဘးဖယ္ၿပီး စည္းစည္းလုံးလုံး နဲ႔ နိုင္ငံ့အတြက္ တကယ္အားျဖစ္ေစနိုင္မယ့္ လက္ေတြကို ညဏ္နဲ႔ ယွဥ္ၿပီး တြဲထူေပးရမယ့္အခ်ိန္ပါ…ကိုယ့္ဆီေရာက္လာတဲ့ ခြန္အားကို ရန္သူ႔ရဲ့ အင္အားအျဖစ္ မေစလႊတ္လိုက္ပါနဲ႔” ဆိုၿပီး ေရးသားထားပါေသးတယ္။ ပိုင္တံခြန္ က ယခုလို ျပည္သူေတြ ခြန္အားျဖစ္ေစမယ့္ အေၾကာင္းအရာေလးေတြကို လူမႈကြန္မွာ မၾကာခဏ ေဖာ္ျပေပးတာ ေတြ႕ရပါတယ္။ ကဲ..ပရိသတ္ႀကီးေရ ပိုင္တံခြန္ရဲ့ ရင္တြင္းဆႏၵေလးကို ကူးယူေဖာ္ျပရင္း ျမန္မာျပည္ႀကီး အျမန္ဆုံး ၿငိမ္းခ်မ္းေအာင္ ဆုမြန္ေကာင္းေတာင္းေပး လိုက္ပါတယ္။

Credit

မင်္ဂလာ ပါ ပရိသတ်ကြီးရေ ပိုင်တံခွန်က လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှာ းမှုတွေမှာ ပြည်သူပြည်သားတွေနဲ့အတူ အားကြိုးမာန်တက် ပူးပေါင်းပါဝင်ပေးတာ တွေ့ရပါတယ်။ လူငယ်တွေရဲ့ အနာဂတ်အိမ်မက်တွေ မဆုံးရှုံးအောင် တာဝန်သိပြည်သူတစ်ယောက်အနဲ့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ဆောင်ပေးခဲ့ပါတယ်။ ဒါ့အပြင် ပိုင်တံခွန် က လမ်းမပေါ်ကို ကိုယ်တိုင်ထွက်ပြီး ပြည်သူ့ပရိသတ်တွေနဲ့အတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့တဲ့အပြင် စားသောက်စရာလေးတွေလည်း လှူဒါန်းပေးခဲ့ပါ တယ်။

အောင်မြင်ကျော်ကြားမှုတွေကို ဘေးချိတ်ထားပြီး ကိုယ်ရောစိတ်ပါနဲ့ တိုင်းပြည်အရေးကို တက်တက်ကြွကြွ လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ပိုင်တံခွန် ဟာ ပြည်သူ့ပရိသတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်မှုတွေကြောင့် ထိန်းသိမ်းမခံရအောင် အဝေးမှာခေတ္တရှောင်ရှားနေ ခဲ့ရပါတယ်။ ယခုမှာတော့ ပိုင်တံခွန်က လတ်တလော အကူအညီပေးလာတဲ့ သူတွေကို လက်မလွှတ်ဖို့အကြောင်းကို ပြောပြလာခဲ့ပါတယ်။

“အခုချိန်မှာ ကမ်းလာတဲ့ လက်တစ်ဖက်စီတိုင်းက ကျွန်တော်တို့ရဲ့ ခွန်အားကိုဖြစ်စေတဲ့အတွက်Personal တွေ ဘေးဖယ်ပြီး စည်းစည်းလုံးလုံး နဲ့ နိုင်ငံ့အတွက် တကယ်အားဖြစ်စေနိုင်မယ့် လက်တွေကို ညဏ်နဲ့ ယှဉ်ပြီး တွဲထူပေးရမယ့်အချိန်ပါ…ကိုယ့်ဆီရောက်လာတဲ့ ခွန်အားကို ရန်သူ့ရဲ့ အင်အားအဖြစ် မစေလွှတ်လိုက်ပါနဲ့” ဆိုပြီး ရေးသားထားပါသေးတယ်။ ပိုင်တံခွန် က ယခုလို ပြည်သူတွေ ခွန်အားဖြစ်စေမယ့် အကြောင်းအရာလေးတွေကို လူမှုကွန်မှာ မကြာခဏ ဖော်ပြပေးတာ တွေ့ရပါတယ်။ ကဲ..ပရိသတ်ကြီးရေ ပိုင်တံခွန်ရဲ့ ရင်တွင်းဆန္ဒလေးကို ကူးယူဖော်ပြရင်း မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းအောင် ဆုမွန်ကောင်းတောင်းပေး လိုက်ပါတယ်။

Credit