သူမကို ရည်းစားစကား ပြောချင်ရင် အဖေ့ကို အရင် သွားပြောပါလို့ ပြောလိုက်တဲ့ ယဉ်လတ် အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

အလန်းစားခန္ဓာ ကိုယ်အချိုး အစားကို ပိုင်ဆိုင်ထားပြီး စကားကို ချစ်စရာကောင်း အောင်ပြောတတ်တဲ့ အတွက် ပရိသတ်အားပေးမှု ကို ခံထားရတဲ့ ယဉ်လတ်ကတော့ အက်ရှင်အခန်းတွေကို လည်းပိုင်နိုင်တဲ့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

စကားကိုအမြဲတမ်း သွက်သွက် လတ်လတ်ပြောတတ်တဲ့ယဉ်လတ် ကတော့ သူ့အတွက် အဖေက အမေလိုဖြစ်နေတာမို့ ရည်းစား စကားပြောချင်ရင် အဖေ့ကို လာပြောပါလို့ Sunday Journal နဲ့အင်တာဗျူးမှာ ဆိုထား ပါတယ်။

“သူများတွေဆို မိန်းကလေးတွေက အမေနဲ့နေတာ များတယ် ယဉ်လတ်ကကျတော့အမေက ငယ်ငယ် ကတည်းက နေမကောင်းတော့ပြိုင်ပွဲတွေသွားလည်းဖေဖေပဲလိုက်တာ ရှုတင်တွေသွားလည်းဖေဖေပဲလိုက်တာဆိုတော့ အဖေက တစ်ခါတစ်လေ အမေလိုပဲပေါ့ တစ်ချို့သားအဖဆက်ဆံရေးနဲ့တောင်မတူဘူး မိန်းကလေးကိစ္စတွေတောင်အဖေကဖြေရှင်းပေးတာ အဖေက အမေဖြစ်နေတယ်”

“ငယ်ငယ်လေးကတည်းက မေမေတို့ပြန်ပြောပြတာပေါ့ ပိစိလေး ကတည်းက ဖေဖေပဲအနှီးလဲ လုပ်ပေးတာပေါ့ ရှုတင်တွေဘာတွေမှာ အမျိုးသမီးကိစ္စဖြစ်ရင်လည်း ဘယ်သူမှမရှိဘူးလေ ဖေဖေကပဲသူ့ဘာသူသွားဝယ်ပေးတာပေါ့ အားလည်းနာပါတယ်”

“ဒီလောကထဲစဝင်ကတည်းကရော အလုပ်မှန်သမျှဖေဖေ့ ဆုံးဖြတ်ချက်နဲ့ပဲသွား တာဆိုတော့ မန်နေဂျာငှားရင်တောင်ဖေဖေ့ဆုံးဖြတ်ချက်ကလိုမှာပဲ အဲ့တာကြောင့် ဖေဖေပဲမန်နေဂျာ ဖေဖေပဲအလုပ်လက်ခံပေါ့ သမီးကိုယ်တိုင်ကလည်း ကိုယ့်အနားကိုချဉ်းကပ်လာရင် အဖေ့ကိုပြော အဖေ့ကိုပြောဆိုတော့ အဲဒီ့အခါကျတော့ ဖေဖေ့ကိုကြောက်ပြီး ဘယ်သူမှာရောက်မလာကြတော့ဘူးပေါ့ အိမ်မှာလည်း အဲဒီ့အတိုင်းနောက်နေကြတာ သမီးနဲ့ယူမှာလေ အဖေနဲ့ယူမှာမဟုတ်ဘူးပေါ့ အဖေရှာရင်အဖေ့အရွယ်တွေပဲထွက်လာလိမ့်မယ်တဲ့”
“အခုအိမ်မှာတိုင်ပင်ကြရင် အိမ်ထောင်ရေးလည်း ပါလာတာပေါ့ အဖေပေးစားတာ ယူမှာလားပေါ့ အိမ်ထောင်ပြုမယ် ဆို မိဘသဘောတူဖို့လည်းလိုတယ်လေ အဲ့တာကြောင့်ရည်းစားဖြစ်ချင်တယ်ဆိုရင် အဖေ့ကိုသွားပြော အဖေလက်ခံရင် ရည်းစားလာဖြစ်ပေါ့” လို့ယဉ်လတ်ကဆိုထားတာပါ။

ယဉ်လတ်ကတော့ လက်တလော သူ့ရဲ့လှုပ်ရှားမှုလေးတွေနဲ့ပတ်သတ်ပြီး
“ဒီနေ့က ကထိန်သင်္ကန်းကပ်တာပေါ့ ကိုခန့်အလှူပေါ့နော်မေတ္တာသင်္ဂဟအဖွဲ့တစ်ခုလုံးရဲ့ အမြင့်မြတ်ဆုံး အလှူပေါ့နော် ဘုန်းဘုန်းတွေဟောကြတာပဲ ကထိန်သင်္ကန်းဆိုတာ အားလုံးကုသိုလ်တွေလည်းအများပြီးရတယ် ဝမ်းသာကြရတယ် အားလုံးဒါနကုသိုလ်တွေရော သီလကုသိုလ်တွေရောပေါ့ ကြည်နူးရပါတယ် အားလုံးကဒီလိုအချိန်မှာ ဒီလိုဖြစ်နေတာပဲပေါ့နော် အခုအားလုံးအွန်လိုင်းကနေပဲ ပို့စ်တင်ကြော်ငြာရတာပဲရှိတယ်ဆိုတော့ ကိုယ့်ကိုကိုယ်စိတ်ဓာတ်မကျသွားအောင် အားလုံးကိုမြှင့်တင်နေရတာပေါ့”
စာတွေဖတ်ရတာပေါ့ အဓိကတော့ စာဖတ်နဲ့အချိန်မှာ တွေးတာနဲ့မဖတ်တဲ့အချိန်အတွေးမတူဘူး ကိုယ်တိုင်လည်း စာဖတ်ပျင်းတယ် ဒါပေမဲ့ အတွေးကတွေက မတူတော့ ကိုယ်လည်းအမြဲတမ်းစာဖတ်ရတာပေါ့ အဖေနဲ့အမေကတော့ အိမ်မှအမြဲအတူတူရှိတယ် အခုကတော့ အဓိက မေမေ့ကျန်းမာရေးကို ဂရုစိုက်နေရတယ် အခုကိုဗစ်ကာလမှာနဂိုရောဂါအခံရှိတဲ့သူတွေကပိုဂရုစိုက်ရတယ်လေ မေမေကလည်းကင်ဆာဖြစ်ထားတော့ တစ်မိသားစုလုံးက ပိုးဥလေးဥသလိုလုပ်ထားရတာပေါ့”

“သားအဖဆိုတာ ချစ်ရင်သာချစ်မယ် ပါးစပ်ကပြော မနေဘူး အပြုအမူလေးနဲ့ပဲ လုပ်ပြကြတာပေါ့ ဒါပေမဲ့အဖေ့ကိုအရမ်းချစ်ပါတယ် ပြောရတာလည်းရှက်ပါတယ် လွမ်းနေတဲ့ပရိသတ်အတွက် ယဉ်လတ်pageတစ်ခုထောင်ထားတယ် အဲဒီ့pageကနေ ယဉ်လတ် live တွေလွှင့်ပေးနေတယ် အချိန်အကြာကြီးမတွေ့ဘဲ လွမ်းနေရတဲ့ပရိသတ်တွေအတွက် စကားပြောပေးတယ် အပတ်တိုင်း ဗီဒီယိုလေးလုပ်ပေးတယ် အကြာကြီးမလွမ်းရပါဘူး လွမ်းရင် အဲဒီ့Pageလေးကိုသွားလိုက်ပါ ဖော်လိုဝါလည်းတိုးတာပေါ့” လို့ ယဉ်လတ်က ဒီအင်တာဗျူးလေးထဲမှာ ပရိသတ်ကိုစကားပါးထားတာပါ။

အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…

သူမကို ရည်းစားစကား ပြောချင်ရင် အဖေ့ကို အရင် သွားပြောပါလို့ ပြောလိုက်တဲ့ ယဉ်လတ် အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။

အလန်းစားခန္ဓာ ကိုယ်အချိုး အစားကို ပိုင်ဆိုင်ထားပြီး စကားကို ချစ်စရာကောင်း အောင်ပြောတတ်တဲ့ အတွက် ပရိသတ်အားပေးမှု ကို ခံထားရတဲ့ ယဉ်လတ်ကတော့ အက်ရှင်အခန်းတွေကို လည်းပိုင်နိုင်တဲ့သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။
စကားကိုအမြဲတမ်း သွက်သွက် လတ်လတ်ပြောတတ်တဲ့ယဉ်လတ် ကတော့ သူ့အတွက် အဖေက အမေလိုဖြစ်နေတာမို့ ရည်းစား စကားပြောချင်ရင် အဖေ့ကို လာပြောပါလို့ Sunday Journal နဲ့အင်တာဗျူးမှာ ဆိုထား ပါတယ်။

“သူများတွေဆို မိန်းကလေးတွေက အမေနဲ့နေတာ များတယ် ယဉ်လတ်ကကျတော့အမေက ငယ်ငယ် ကတည်းက နေမကောင်းတော့ပြိုင်ပွဲတွေသွားလည်းဖေဖေပဲလိုက်တာ ရှုတင်တွေသွားလည်းဖေဖေပဲလိုက်တာဆိုတော့ အဖေက တစ်ခါတစ်လေ အမေလိုပဲပေါ့ တစ်ချို့သားအဖဆက်ဆံရေးနဲ့တောင်မတူဘူး မိန်းကလေးကိစ္စတွေတောင်အဖေကဖြေရှင်းပေးတာ အဖေက အမေဖြစ်နေတယ်”
“ငယ်ငယ်လေးကတည်းက မေမေတို့ပြန်ပြောပြတာပေါ့ ပိစိလေး ကတည်းက ဖေဖေပဲအနှီးလဲ လုပ်ပေးတာပေါ့ ရှုတင်တွေဘာတွေမှာ အမျိုးသမီးကိစ္စဖြစ်ရင်လည်း ဘယ်သူမှမရှိဘူးလေ ဖေဖေကပဲသူ့ဘာသူသွားဝယ်ပေးတာပေါ့ အားလည်းနာပါတယ်”

“ဒီလောကထဲစဝင်ကတည်းကရော အလုပ်မှန်သမျှဖေဖေ့ ဆုံးဖြတ်ချက်နဲ့ပဲသွား တာဆိုတော့ မန်နေဂျာငှားရင်တောင်ဖေဖေ့ဆုံးဖြတ်ချက်ကလိုမှာပဲ အဲ့တာကြောင့် ဖေဖေပဲမန်နေဂျာ ဖေဖေပဲအလုပ်လက်ခံပေါ့ သမီးကိုယ်တိုင်ကလည်း ကိုယ့်အနားကိုချဉ်းကပ်လာရင် အဖေ့ကိုပြော အဖေ့ကိုပြောဆိုတော့ အဲဒီ့အခါကျတော့ ဖေဖေ့ကိုကြောက်ပြီး ဘယ်သူမှာရောက်မလာကြတော့ဘူးပေါ့ အိမ်မှာလည်း အဲဒီ့အတိုင်းနောက်နေကြတာ သမီးနဲ့ယူမှာလေ အဖေနဲ့ယူမှာမဟုတ်ဘူးပေါ့ အဖေရှာရင်အဖေ့အရွယ်တွေပဲထွက်လာလိမ့်မယ်တဲ့”
“အခုအိမ်မှာတိုင်ပင်ကြရင် အိမ်ထောင်ရေးလည်း ပါလာတာပေါ့ အဖေပေးစားတာ ယူမှာလားပေါ့ အိမ်ထောင်ပြုမယ် ဆို မိဘသဘောတူဖို့လည်းလိုတယ်လေ အဲ့တာကြောင့်ရည်းစားဖြစ်ချင်တယ်ဆိုရင် အဖေ့ကိုသွားပြော အဖေလက်ခံရင် ရည်းစားလာဖြစ်ပေါ့” လို့ယဉ်လတ်ကဆိုထားတာပါ။

ယဉ်လတ်ကတော့ လက်တလော သူ့ရဲ့လှုပ်ရှားမှုလေးတွေနဲ့ပတ်သတ်ပြီး
“ဒီနေ့က ကထိန်သင်္ကန်းကပ်တာပေါ့ ကိုခန့်အလှူပေါ့နော်မေတ္တာသင်္ဂဟအဖွဲ့တစ်ခုလုံးရဲ့ အမြင့်မြတ်ဆုံး အလှူပေါ့နော် ဘုန်းဘုန်းတွေဟောကြတာပဲ ကထိန်သင်္ကန်းဆိုတာ အားလုံးကုသိုလ်တွေလည်းအများပြီးရတယ် ဝမ်းသာကြရတယ် အားလုံးဒါနကုသိုလ်တွေရော သီလကုသိုလ်တွေရောပေါ့ ကြည်နူးရပါတယ် အားလုံးကဒီလိုအချိန်မှာ ဒီလိုဖြစ်နေတာပဲပေါ့နော် အခုအားလုံးအွန်လိုင်းကနေပဲ ပို့်စ်တင်ကြော်ငြာရတာပဲရှိတယ်ဆိုတော့ ကိုယ့်ကိုကိုယ်စိတ်ဓာတ်မကျသွားအောင် အားလုံးကိုမြှင့်တင်နေရတာပေါ့”
“စာတွေဖတ်ရတာပေါ့ အဓိကတော့ စာဖတ်နဲ့အချိန်မှာ တွေးတာနဲ့မဖတ်တဲ့အချိန်အတွေးမတူဘူး ကိုယ်တိုင်လည်း စာဖတ်ပျင်းတယ် ဒါပေမဲ့ အတွေးကတွေက မတူတော့ ကိုယ်လည်းအမြဲတမ်းစာဖတ်ရတာပေါ့ အဖေနဲ့အမေကတော့ အိမ်မှအမြဲအတူတူရှိတယ် အခုကတော့ အဓိက မေမေ့ကျန်းမာရေးကို ဂရုစိုက်နေရတယ် အခုကိုဗစ်ကာလမှာနဂိုရောဂါအခံရှိတဲ့သူတွေကပိုဂရုစိုက်ရတယ်လေ မေမေကလည်းကင်ဆာဖြစ်ထားတော့ တစ်မိသားစုလုံးက ပိုးဥလေးဥသလိုလုပ်ထားရတာပေါ့”