


Source: Htet Oo Htut’s fb

မင်္ဂလာပါ ပရိသတ်ကြီးရေ ရှည်လျားတဲ့ အရပ်အမောင်း၊ ချောမောပြေပြစ်လွန်းတဲ့ ရုပ်ရည်သွင်ပြင်တို့ကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထက်ဦးထွဋ်ကို ပရိသတ်ကြီး သီချင်း MV တွေ တော်တော်များများမှာ ရင်းနှီးပြီးသားဖြစ်မှာပါ။ ထက်ဦးထွဋ်ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၇) ရက်နေ့မှာ ယာဉ်မတော်တဆမှုတစ်ခုနဲ့ ကြုံဆုံခဲ့ပြီး သူ့ရဲ့ကားရဲ့ ပျက်စီးမှုပုံရိပ်တွေကို ဖေ့စ်ဘုတ် My Day ပေါ်တင်ခဲ့ရာ ပရိသတ်တွေက စိုးရိမ်တကြီးဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ထက်ဦးထွဋ်က ကားကအတော်ပျက်စီးသွားပေမယ့် လူကတော့ ပြင်းပြင်းထန်ထန်ဘာမှမဖြစ်ခဲ့တဲ့အကြောင်းကို အခုလိုပဲ ပြောလာပါတယ်။

ထက်ဦးထွဋ်က “ကျွန်တော့ကို စိတ်ပူပေးတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ် ဗျာ့ 🙏🙏🙏 လမ်းဆုံမှာ မီးစိမ်းလို့ မောင်းထွက်တုန်း မီးနီ ဖြတ်မောင်းတဲ့ကားက ဝင်တိုက်လိုက်လို့ ကားအရမ်းထိသွားပေမယ့် Airbags ခံနေလို့ လူကတော့ ပြင်းပြင်းထန်ထန်မဖြစ်ပါဘူး။ အမှုအခင်းတွေနဲ့ ညထဲက ရှုပ်နေလို့ စိတ်ပူပြီး မေးတဲ့လူတွေကို ချက်ချင်းပြန်မပြောဖြစ်တာ နားလည်ပေးပါခင်ဗျာ။ အားလုံးလည်း အစစအရာရာ ဂရုစိုက်ကြပါ။ ကိုယ်က မှန်နေပေမယ့် သတိလွတ်လိုက်တာနဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တာ ကိုယ်တွေ့မလို့ပါ 😔😔😔” ဆိုပြီး ပြောပြလာပါတယ်။

ထက်ဦးထွဋ်ရဲ့ကားကတော့ မီးနီဖြတ်မောင်းတဲ့ကားက ဝင်တိုက်တာကြောင့် အရှေ့ပိုင်းတစ်ခြမ်းလုံး ပျက်စီးသွားပေမယ့် လူကတော့ Airbags ကြောင့် ဘာမှ ကြီးကြီးမားမားဖြစ်မသွားတာ အဆိုးထဲက အကောင်းပါပဲ။ ဖတ်ရှုပေးကြတဲ့ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Htet Oo Htut’s fb
Credit – Cele Connections