ယောကျာ်းတွေက ချမ်းသာတဲ့ ဒဏ်ကို မခံနိုင်ဘူး၊ မိန်းမတွေကတော့ဆင်းရဲတဲ့ဒဏ်မခံနိုင်ဘူး၊ ငွေကြေးအဆင်ပြေလာရင် အဖျက်ဆိုတာ တော့ရှိတတ်တယ်”လို့ ဆိုလာတဲ့ စမိုင်းလ်..ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
အခုလက်ရှိအချိန်မှာ အမျိုးသမီးတိုင်းအားကျရတဲ့ အိမ်ထောင်သည် ဘဝကိုပိုင်ဆိုင်ထားသူ စမိုင်းလ်ကတော့ Myanmar Celebrity နဲ့အင်တာဗျူးမှာ

အိမ်ထောင်ရေးနဲ့ ပတ်သတ်ပြီး အခုလိုဖြေဆိုထားပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင်ယောကျ်ား တွေက ဆင်းရဲတဲ့ဒဏ်ကိုခံနိုင်တယ် ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ဘူး မိန်းမတွေကကျတော့ ချမ်းသာတာကိုခံနိုင်တယ် ဆင်းရဲတာကိုမခံနိုင်ဘူးတဲ့ စကားပုံရှိတယ်လေ ယောကျ်ားတွေအဆင်ပြေလာပြီဆိုရင် အဖျက်အများကြီးရှိတယ် ဘာကိစ္စမဆိုဖြစ်သွားနိုင်တယ် အစ်ကိုကတော့အစ်မနောက်တ

ကောက်ကောက်လိုက်ပေးတယ် ကိုယ့်ကိုကိုယ် ကံကောင်း တယ်လို့ယူဆတယ်”“အိမ်ထောင်တစ်ခုပြုတယ်ဆိုတာ ထီထိုးသလိုပဲ ယောကျ်ားက ဘယ်လောက်ပဲကောင်းနေကောင်းနေ ကိုယ့်လက်ထဲရောက်ပြီးဆိုးသွားတာလည်းရှိတယ် အရင်တုန်းက မကောင်းခဲ့ပေမယ့် ကိုယ့်ဆီရောက်မှကောင်းသွားတာလည်းရှိတယ် ကိုယ်နဲ့ကောင်းနေရင်းနဲ့ထဖောက်သွားတာလည်းရှိပြန်ရော ဒါက ကံကြီးပဲတော့မဟုတ်ဘူး လူလည်းပါတာပေါ့ အခုထိတော့ ကိုယ့်ကိုကိုယ်ကံကောင်းနေသေးတယ်လို့

ယူဆရတာပေါ့”“ပြီးတော့အစ်မမိဘကိုသူလေးစားမှုရှိတယ်ပေါ့ ကိုယ်နဲ့ပေါင်းရ တာဆိုပေမယ့် ကိုယ့်မိသားစုနဲ့လည်းပေါင်းရတာပဲလေ အစ်ကိုကအစ်မမိဘကိုအလေးအနက်ထားတဲ့ယောကျ်ားဖြစ်တဲ့အတွက်လည်း ရွေးချယ်ဖြစ်ခဲ့တာပေါ့”

“အစ်မကမိန်းကလေးဖြစ်တဲ့အတွက် အိမ်နဲ့ခွဲရတော့ဖုန်းဆက်ချင်တာပေါ့ ဖုန်းခက လည်းမတတ်နိုင်ဘူး ဖုန်းလိုင်းကလည်းမပေါဘူး အစ်မကညတိုင်းငိုတယ် ကိုယ့်ဖုန်းကဒ်လေးကိုယ်ရှိရင်ကောင်းမယ်ပေါ့ အစ်မတို့က သူများဆီကဝယ်ပြီ းသုံးရတာဆိုတော့အစ်ကို့ကို မြန်မာပြည်ကိုဆက်ဖို့ဖုန်းကဒ်လေးထုတ်ပါလားလို့ပြောရင်းက

တယ်လီကွန်လုပ်ငန်းကိုအစ်မတို့ဝင်ရောက်သွားတာပေါ့ ပြောရရင် ကိုယ့်ကြောင့်လို့ပြောလို့ရတာပေါ့ အစ်ကိုကလည်း တယ်လီကွန်ကိုမသိတဲ့သူ သူများကတ်တွေရောင်းပေးရင်းကနေ တယ်လီကွန်လုပ်ငန်းကိုစိတ်ပါသွားပြီး စလုပ်ဖြစ်တာပေါ့”

“အဲဒီ့တုန်းကပိုက်ဆံကလည်းလုံးဝမရှိတော့ဘူး အိမ်နဲ့လည်း ဖုန်းပြောရတယ် အမေနဲ့အစ်မကိုလည်း အစ်မကပဲထောက်ပံ့နေရတာဆိုတော့ အစ်ကို့ကိုဂျီကျရင်းငိုရင်းဖြစ်ခဲ့တာပေါ့ ကိုယ်ကြောင့်ဆိုပေမယ့် သူလုပ်မှဖြစ်တာဆိုတော့ သူတော်လို့ပေါ့ ”“အဓိကက ကိုယ်ချစ်တဲ့သူတဲ့ရှိနေတာပေါ့ အသက်ငယ်တာလည်းပါမယ် အစ်မ

အခုသုံးဆယ်ကျော်မှ ငတ်မလားဆို အငတ်မခံနိုင်တော့ဘူး ကြောက် သွားပြီလေ ငယ်တဲ့ချိန်ကျတော့ မစဉ်းစားဘူး မိုက်ရူးရဲဆန်တာပေါ့ ဘက်စ်ကားလည်းတက်စီးတာပဲ မနက်နဲ့ညနဲ့လည်းပေါင်းစားတာပေါ့ ဗိုက်တော့ဆာတယ် မသေသွားဘူးပေါ့နော် အခုအချိန်မှာကျတော့ အရမ်းတွေးသွားပြီမရတော့ဘူး”အစ်မဆိုရင် အဖေနဲ့အမေကိုပြည့်ပြည့်စုံစုံထားနိုင်နေပြီ အဖေအမေကမရှိတော့ဘူး အစ်ကို့ရဲ့မိဘတွေအဖွားတွေရှိသေးတယ် ပြုစုနိုင်တယ် သူ့ကိုအေးအေးချမ်းချမ်းထားနိုင်တာ

ကုသိုလ်တစ်မျိုးပေါ့ အဖွားကိုချစ်ပေးတဲ့သူ အစ်မတို့မိသားစုအကုန်လုံး ကိုချစ်ပေးတဲ့သူတွေကိုကျေးဇူးတင်ပါတယ် အလှူလုပ်နေတာတော့နိုင်သလောက်ပေါ့နော် ဒီထက်ပိုပြီးလည်းလှူဖို့စဉ်းစားထားတယ် “လို့ စမိုင်းလ်ကဆိုပါတယ်။စမိုင်းအွန်လိုင်းရုပ်ရှင်လေးကို down ထားသူတိုင်းအတွက် suprise တိုက်ဖို့ရှိတဲ့အကြောင်းလေးကိုလည်း
“အစ်မရဲ့ စမိုင်းအွန်လိုင်းရုပ်ရှင်ရုံလေးကိုလည်း Appလေး downကြည့်ပေးပါ အဲ့ထဲကနေလည်း suprise တွေ လူတွေကိုဘယ်လောက်ထိလှူတာတွေရှိလည်းဆို

တာ စောင့်ပေးကြပါ ဒါလေးကိုအစ်ကို့မွေးနေ့မှာ launch လု်လိုက်တာပေါ့

ထင်မှတ်မထားလောက်အောင်လူတွေကကြည့်ကြတယ် အစ်မတို့စိတ်ထဲမှာ အဲ့လောက်မ မှန်းထားဘူး ရုပ်ရှင်မရှိတဲ့နယ်တွေကချက်ချင်းကြည့်ကြတယ် အခုမြန်မာရုပ်ရှင်ကားတွေနဲ့ဝေးတာ ၇လမကတော့ဘူးဆိုတော့ ရုပ်ရှင်ကားအသစ်ကိုမျှော်နေတဲ့အချိန် ကွက်တိဖြစ်သွားတာပေါ့ နောက်လည်း ဆက်တင်သွားဖို့ရှိပါတယ်”ဒီထဲ

မှာ ကိုယ့်ရုပ်ရှင်လည်းကြော်ငြာရင်း အဆင်မပြေတဲ့ လူတွေကိုလည်းကယ် တင်တဲ့ဟာတစ်မျိုးပေါ့ စီစဉ်နေတယ် လူတစ်ယောက်ရဲ့ဘဝကိုဘယ်လောက်ပြောင်းလဲပေးနိုင်မလဲပေါ့ ပိုက်ဆံအမောင့်လည်းများမယ် စီစဉ်ရမှာတွေလည်းများတယ် အဲ့တာကိုစီစဉ်နေတယ်ပေါ့ စောင့်ကြည့်ပေးကြပါ app လေးကိုလည်း download

လုပ်ပေးပါလို့ပြောချင်ပါတယ်”လို့ဆိုထားပါတယ်။
စမိုင်းကတော့ NLD အောင်ပွဲခံတာနဲ့ပတ်သတ်ပြီး
“ကိုယ်လေးစားအားကျရတဲ့သူနောက်ကိုလိုက်ရတဲ့အတွက်လည်း အရမ်းဝမ်းသာတယ် အရမ်းလည်းကျေနပ်တယ်တယ် NLD အစိုးရက ပြည်သူကရွေးချယ်ထားတဲ့

အစိုးရဖြစ်လို့ မကောင်းရင်လည်း ပြည်သူကပြန်ပြီးရွေးချယ်မှာပဲလေ ကိုယ်တွေ လက်ထဲရှိနေလို့ ပိုဝမ်းသာတယ် လူတွေက ခရစ္စမတ် ဝါကျွတ်ဒီလိုစုံနေတော့ ကဲကြတာပေါ့ ဒါလေးကိုတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်စေချင်တယ်ကိုယ့်ကြောင့် သူများကိုမကူးစေချင်သလို သူများကြောင်းလည်းကိုယ့်မိသားစုကိုမကူးစေချင်ဘူ

း ဒီရောဂါကြီးက ပတ်ဝန်းကျင်မိသားစုကိုပါကူးတယ်ဆိုတော့ အစ်မကတော့ ကိုယ့်တိုင်းပြည်ကိုဆေးတွေမရောက်မလာမချင်း ထိန်းထိန်းသိမ်းသိမ်းလေး ပျော်ပါးနေစေချင်တယ် အသိနဲ့သတိလေးရှိစေချင်ပါတယ်လို့” အင်တာဗျူးလေးမှာဖြေဆိုထားတာပဲဖြစ်ပါတယ်။

Zaw Gyi

ေယာက်ာ္းေတြက ခ်မ္းသာတဲ့ဒဏ္ကို မခံႏိုင္ဘူး၊ မိန္းမေတြကေတာ့ဆင္းရဲတဲ့ဒဏ္မခံႏိုင္ဘူး၊ ေငြေၾကးအဆင္ေျပလာရင္ အဖ်က္ဆိုတာ ေတာ့ရွိတတ္တယ္”လို႔ ဆိုလာတဲ့ စမိုင္းလ္..ရဲ႕အေၾကာင္းေလးကို cele top stars ပရိတ္သတ္ႀကီးအတြက္ ျပန္လည္မွ်ေဝလိုက္ပါတယ္။
အခုလက္ရွိအခ်ိန္မွာ အမ်ိဳးသမီးတိုင္းအားက်ရတဲ့ အိမ္ေထာင္သည္ဘဝကိုပိုင္ဆိုင္ထားသူ စမိုင္းလ္ကေတာ့ Myanmar Celebrity နဲ႔အင္တာဗ်ဴးမွာ

အိမ္ေထာင္ေရးနဲ႔ပတ္သတ္ၿပီး အခုလိုေျဖဆိုထားပါတယ္။
“ပြင့္ပြင့္လင္းလင္းေျပာရရင္ေယာက်္ားေတြက ဆင္းရဲတဲ့ဒဏ္ကိုခံႏိုင္တယ္ ခ်မ္းသာတဲ့ဒဏ္ကိုမခံႏိုင္ဘူး မိန္းမေတြကက်ေတာ့ ခ်မ္းသာတာကိုခံႏိုင္တယ္ ဆင္းရဲတာကိုမခံႏိုင္ဘူးတဲ့ စကားပုံရွိတယ္ေလေယာက်္ားေတြအဆင္ေျပလာၿပီဆိုရင္ အဖ်က္အမ်ားႀကီးရွိတယ္ ဘာကိစၥမဆိုျဖစ္သြားႏိုင္တယ္ အစ္ကိုကေတာ့အစ္မေနာက္တ

ေကာက္ေကာက္လိုက္ေပးတယ္ ကိုယ့္ကိုကိုယ္ကံေကာင္းတယ္လို႔ယူဆတယ္”“အိမ္ေထာင္တစ္ခုျပဳတယ္ဆိုတာ ထီထိုးသလိုပဲ ေယာက်္ားက ဘယ္ေလာက္ပဲေကာင္းေနေကာင္းေန ကိုယ့္လက္ထဲေရာက္ၿပီးဆိုးသြားတာလည္းရွိတယ္ အရင္တုန္းကမေကာင္းခဲ့ေပမယ့္ ကိုယ့္ဆီေရာက္မွေကာင္းသြားတာလည္းရွိတယ္ ကိုယ္နဲ႔ေကာင္းေနရင္းနဲ႔ထေဖာက္သြားတာလည္းရွိျပန္ေရာ ဒါက ကံႀကီးပဲေတာ့မဟုတ္ဘူး လူလည္းပါတာေပါ့ အခုထိေတာ့ ကိုယ့္ကိုကိုယ္ကံေကာင္းေနေသးတယ္လို႔

ယူဆရတာေပါ့”“ၿပီးေတာ့အစ္မမိဘကိုသူေလးစားမႈရွိတယ္ေပါ့ ကိုယ္နဲ႔ေပါင္းရတာဆိုေပမယ့္ ကိုယ့္မိသားစုနဲ႔လည္းေပါင္းရတာပဲေလ အစ္ကိုကအစ္မမိဘကိုအေလးအနက္ထားတဲ့ေယာက်္ားျဖစ္တဲ့အတြက္လည္း ေ႐ြးခ်ယ္ျဖစ္ခဲ့တာေပါ့”

“အစ္မကမိန္းကေလးျဖစ္တဲ့အတြက္ အိမ္နဲ႔ခြဲရေတာ့ဖုန္းဆက္ခ်င္တာေပါ့ ဖုန္းခကလည္းမတတ္ႏိုင္ဘူး ဖုန္းလိုင္းကလည္းမေပါဘူး အစ္မကညတိုင္းငိုတယ္ ကိုယ့္ဖုန္းကဒ္ေလးကိုယ္ရွိရင္ေကာင္းမယ္ေပါ့ အစ္မတို႔က သူမ်ားဆီကဝယ္ၿပီးသုံးရတာဆိုေတာ့အစ္ကို႔ကို ျမန္မာျပည္ကိုဆက္ဖို႔ဖုန္းကဒ္ေလးထုတ္ပါလားလို႔ေျပာရင္းက

တယ္လီကြန္လုပ္ငန္းကိုအစ္မတို႔ဝင္ေရာက္သြားတာေပါ့ ေျပာရရင္ကိုယ့္ေၾကာင့္လို႔ေျပာလို႔ရတာေပါ့ အစ္ကိုကလည္း တယ္လီကြန္ကိုမသိတဲ့သူ သူမ်ားကတ္ေတြေရာင္းေပးရင္းကေန တယ္လီကြန္လုပ္ငန္းကိုစိတ္ပါသြားၿပီး စလုပ္ျဖစ္တာေပါ့”

“အဲဒီ့တုန္းကပိုက္ဆံကလည္းလုံးဝမရွိေတာ့ဘူး အိမ္နဲ႔လည္းဖုန္းေျပာရတယ္ အေမနဲ႔အစ္မကိုလည္း အစ္မကပဲေထာက္ပံ့ေနရတာဆိုေတာ့ အစ္ကို႔ကိုဂ်ီက်ရင္းငိုရင္းျဖစ္ခဲ့တာေပါ့ ကိုယ္ေၾကာင့္ဆိုေပမယ့္ သူလုပ္မွျဖစ္တာဆိုေတာ့ သူေတာ္လို႔ေပါ့ ”“အဓိကက ကိုယ္ခ်စ္တဲ့သူတဲ့ရွိေနတာေပါ့ အသက္ငယ္တာလည္းပါမယ္ အစ္မ

အခုသုံးဆယ္ေက်ာ္မွ ငတ္မလားဆို အငတ္မခံႏိုင္ေတာ့ဘူး ေၾကာက္သြားၿပီေလ ငယ္တဲ့ခ်ိန္က်ေတာ့ မစဥ္းစားဘူး မိုက္႐ူးရဲဆန္တာေပါ့ ဘက္စ္ကားလည္းတက္စီးတာပဲ မနက္နဲ႔ညနဲ႔လည္းေပါင္းစားတာေပါ့ ဗိုက္ေတာ့ဆာတယ္ မေသသြားဘူးေပါ့ေနာ္ အခုအခ်ိန္မွာက်ေတာ့ အရမ္းေတြးသြားၿပီမရေတာ့ဘူး”အစ္မဆိုရင္ အေဖနဲ႔အေမကိုျပည့္ျပည့္စုံစုံထားႏိုင္ေနၿပီ အေဖအေမကမရွိေတာ့ဘူး အစ္ကို႔ရဲ႕မိဘေတြအဖြားေတြရွိေသးတယ္ ျပဳစုႏိုင္တယ္ သူ႔ကိုေအးေအးခ်မ္းခ်မ္းထားႏိုင္တာ

ကုသိုလ္တစ္မ်ိဳးေပါ့ အဖြားကိုခ်စ္ေပးတဲ့သူ အစ္မတို႔မိသားစုအကုန္လုံးကိုခ်စ္ေပးတဲ့သူေတြကိုေက်းဇူးတင္ပါတယ္ အလႉလုပ္ေနတာေတာ့ႏိုင္သေလာက္ေပါ့ေနာ္ ဒီထက္ပိုၿပီးလည္းလႉဖို႔စဥ္းစားထားတယ္ “လို႔ စမိုင္းလ္ကဆိုပါတယ္။စမိုင္းအြန္လိုင္း႐ုပ္ရွင္ေလးကို down ထားသူတိုင္းအတြက္ suprise တိုက္ဖို႔ရွိတဲ့အေၾကာင္းေလးကိုလည္း
“အစ္မရဲ႕ စမိုင္းအြန္လိုင္း႐ုပ္ရွင္႐ုံေလးကိုလည္း Appေလး downၾကည့္ေပးပါ အဲ့ထဲကေနလည္း suprise ေတြ လူေတြကိုဘယ္ေလာက္ထိလႉတာေတြရွိလည္းဆို

တာ ေစာင့္ေပးၾကပါ ဒါေလးကိုအစ္ကို႔ေမြးေန႔မွာ launch လု္လိုက္တာေပါ့

ထင္မွတ္မထားေလာက္ေအာင္လူေတြကၾကည့္ၾကတယ္ အစ္မတို႔စိတ္ထဲမွာ အဲ့ေလာက္မမွန္းထားဘူး ႐ုပ္ရွင္မရွိတဲ့နယ္ေတြကခ်က္ခ်င္းၾကည့္ၾကတယ္ အခုျမန္မာ႐ုပ္ရွင္ကားေတြနဲ႔ေဝးတာ ၇လမကေတာ့ဘူးဆိုေတာ့ ႐ုပ္ရွင္ကားအသစ္ကိုေမွ်ာ္ေနတဲ့အခ်ိန္ ကြက္တိျဖစ္သြားတာေပါ့ ေနာက္လည္း ဆက္တင္သြားဖို႔ရွိပါတယ္”ဒီထဲ

မွာ ကိုယ့္႐ုပ္ရွင္လည္းေၾကာ္ျငာရင္း အဆင္မေျပတဲ့ လူေတြကိုလည္းကယ္တင္တဲ့ဟာတစ္မ်ိဳးေပါ့ စီစဥ္ေနတယ္ လူတစ္ေယာက္ရဲ႕ဘဝကိုဘယ္ေလာက္ေျပာင္းလဲေပးႏိုင္မလဲေပါ့ ပိုက္ဆံအေမာင့္လည္းမ်ားမယ္ စီစဥ္ရမွာေတြလည္းမ်ားတယ္ အဲ့တာကိုစီစဥ္ေနတယ္ေပါ့ ေစာင့္ၾကည့္ေပးၾကပါ app ေလးကိုလည္း download

လုပ္ေပးပါလို႔ေျပာခ်င္ပါတယ္”လို႔ဆိုထားပါတယ္။
စမိုင္းကေတာ့ NLD ေအာင္ပြဲခံတာနဲ႔ပတ္သတ္ၿပီး
“ကိုယ္ေလးစားအားက်ရတဲ့သူေနာက္ကိုလိုက္ရတဲ့အတြက္လည္း အရမ္းဝမ္းသာတယ္ အရမ္းလည္းေက်နပ္တယ္တယ္ NLD အစိုးရက ျပည္သူကေ႐ြးခ်ယ္ထားတဲ့

အစိုးရျဖစ္လို႔ မေကာင္းရင္လည္း ျပည္သူကျပန္ၿပီးေ႐ြးခ်ယ္မွာပဲေလ ကိုယ္ေတြလက္ထဲရွိေနလို႔ ပိုဝမ္းသာတယ္ လူေတြက ခရစၥမတ္ ဝါကြၽတ္ဒီလိုစုံေနေတာ့ ကဲၾကတာေပါ့ ဒါေလးကိုေတာ့ ထိန္းထိန္းသိမ္းသိမ္းလုပ္ေစခ်င္တယ္ကိုယ့္ေၾကာင့္ သူမ်ားကိုမကူးေစခ်င္သလို သူမ်ားေၾကာင္းလည္းကိုယ့္မိသားစုကိုမကူးေစခ်င္ဘူ

း ဒီေရာဂါႀကီးက ပတ္ဝန္းက်င္မိသားစုကိုပါကူးတယ္ဆိုေတာ့ အစ္မကေတာ့ ကိုယ့္တိုင္းျပည္ကိုေဆးေတြမေရာက္မလာမခ်င္း ထိန္းထိန္းသိမ္းသိမ္းေလး ေပ်ာ္ပါးေနေစခ်င္တယ္ အသိနဲ႔သတိေလးရွိေစခ်င္ပါတယ္လို႔” အင္တာဗ်ဴးေလးမွာေျဖဆိုထားတာပဲျဖစ္ပါတယ္။