Credit – CeleGabar
ချစ်ပရိသတ်ကြီးရေ ထွန်းကိုကိုကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် မော်ဒယ်လ် သရုပ်ဆောင် မင်းသားချောပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ထွန်းကိုကိုက အနုပညာအလုပ်တွေထက် ဦးကျော်သူဥက္ကဋ္ဌအနေနဲ့ ဦးစီးဆောင်ရွက်နေတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ အတွင်းရေးမှုးအနေနဲ့ ဆောင်တာဝန်ယူဆောင်ရွက်နေခဲ့ပါသေးတယ်။
ဒီနေ့ ဇန်နဝါရီလ (၁၆)ရက်နေ့လေးကတော့ ထွန်းကိုကိုရဲ့ မွေးနေ့ရက်မြတ်ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ မွေးနေ့အမှတ်တရအနေနဲ့ ထွန်းကိုကိုက နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ စေတနာ့လုပ်အားပေး အသင်းသား၊အသင်းသူများ နှင့်ပရဟိတ ဝန်ထမ်းများအား နံနက်စာ ကြာဇံကြော် အာဟာရဒါကျွေးမွေးလှူဒါန်းခဲ့ပါသေးတယ်။။Happy Birthday ပါ ထွန်းကိုကိုရေ။ အနုပညာလောကမှာ ဒီထက်မကပိုမိုအောင်မြင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ပိုမိုရရှိပါစေ။ ဝါသနာပါတဲ့ ပရဟိတအလုပ်တွေကိုလည်း ဆထက်တပိုး ပိုမိုလုပ်ကိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်ပေးထားပါတယ်။
နာရေးကူညီမှုအသင်းကြီးရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဦးကျော်သူကလည်း ရဲဖော်ရဲဖက်ဖြစ်တဲ့ ထွန်းကိုကိုရဲ့ မွေးနေ့လေးအတွက်ကို မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားကြပါသေးတယ်။ ချစ် ပရိသတ်ကြီးတွေလည်း ဒီနေ့မှာမွေးနေ့ကျရောက်တဲ့ ပရိသတ်တွေရဲ့အချစ်တော် ထွန်းကိုကိုရဲ့ မွေးနေ့အတွက်မွေးနေ့ဆုမွန်ကောင်းတွေတောင်းပေးခဲ့ကြပါဦးနော်။
Credit – CeleGabar
Source – နာရေးကူညီမှုအသင်း-ရန်ကုန်