ရွှေကို ပိဿာနဲ့ ချီပြီးရောင်းရတဲ့ ထက်ထက်မိုးဦးရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
ထက်ထက်လို့ပရိသတ်တွေချစ်စနိုးခေါ်တဲ့ ထက်ထက်မိုးဦးကတော့ တစ်ချိန်ကလျှမ်းလျှမ်းတောက်အောင်မြင်ကျော်ကြားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်သလို ကြော်ငြာမင်းသမီးဆိုပြီး နာမည်ကြီးခဲ့သူပါ။ နောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေခပ်ကျဲကျဲသာလုပ်ကိုင်ခဲ့တာဖြစ်ပြီး ပရိသတ်နဲ့အလှမ်းကွာဝေးခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်တွေရဲ့အချစ်ကိုပြန်လည်သိမ်းပိုက်ကာ လူပြောများရေပန်းစားနေပြန်တာပါ။

ထက်ထက်ကတော့ ကိုဗစ်ကာလအတွင်းမှာ အွန်လိုင်းကနေပြီးတော့ live sale တွေလုပ်ခဲ့ပြီး အံ့သြလောက်စရာပမာဏအထိရောင်းချနေရတာပဲဖြစ်ပါတယ်။ အခုလည်း ရွှေစင်စိန်ရွှေရတနာဆိုင်အတွက်ရောင်းချပေးခဲ့ရာမှာ ရွှေတွေပိဿချိန်နဲ့ရောင်းချရတဲ့အထိပါပဲ။ အဲ့ဒီအကြောင်းကိုလည်း ထက်ထက်ကတော့ သူ့ရဲ့ ဖေ့ဘွတ်ခ်မှာ “11 . 11 . 2020 ထက်အတွက်တော့ ရွှေတွေ ပိဿချိန် နဲ့ ရောင်းရတဲ့နေ့ 1995 ကနေ 2020 ထိ ရွှေများရဲ့သခင် ရွှေစင်နဲ့လက်တွဲ အလုပ်လုပ်ခဲ့တာ ထက်ကိုချစ်လို့ဆိုပြီး အမည်မဖော်ပဲ အကယ်ဒမီ ရွှေတုံးတွေ အများကြီး အားပေးသွားတာ အရမ်းကိုပျော်ပါတယ် ရှင်။” ဆိုပြီး ရေးသားဖော်ပြလာတာပါ။
ထက်ထက်ကတော့ အခုလိုဝယ်ယူအားပေးမှုတွေအတွက် “ဝယ်ယူသူတွေရော ကြည့်ရူပေးသူအားလုံးကိုလည်း မေတ္တာတွေလည်း ပို့ပေးပါတယ်ရှင် ။

မနက်ဖြန်တိုင်းမှာလည်း ဒီထက်ပိုပြီးကြိုးစားပါဦးမယ်။မုဒိတာ တွေထားရင်း ကုသိုလ်တွေ ရကြပါစေ” ဆိုပြီးလည်း ဆုမွန်ကောင်းတောင်းထားပါသေးတယ်။ ထက်ထက်ကတော့ တကယ့်ကိုအံ့သြလောက်စရာကောင်းလောက်အောင် ပရိသတ်အချစ်တွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ပါပဲနော်…

အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…

zaw gyi



