


CreditးMMload

ချစ်ပရိတ်သတ်ကြီးရေ အခုလတ်တလောမှာ အရမ်းကိုရေပန်းစားနေတဲ့ အားလုံးသိကြတဲ့ အသံသြဇာအပြည့်နဲ့ ဆွဲဆောင်မှုရှိလွန်းတဲ့ ကျော်ထက်အောင်ကတော့ အစီစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာပြီး လက်ရှိမှာတော့ ပရိတ်သတ်တွေရဲ့ အချစ်တော် ဖြူဖြူကျော်သိန်းနဲ့လည်း သတင်းတွေထွက်နေတာကြောင့် ပရိတ်သတ်များရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ သူတစ်ယောက်ဆိုလဲ မမှားပါဘူးနော်….။

ကျော်ထက်အောင်ကတော့ အခုနောက်ပိုင်းမှာ ဝါရင့်သရုပ်ဆာင်ကြီးတွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလာတာဖြစ်ပြီး ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာရရှိထားတာတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်နော်။ မင်းသားချောကျော်ထက်အောင်ဟာဆိုရင် ကျစ်လစ်တောင့်တင်းတဲ့ခန္ဓာကိုယ်အချိုးစားကိုပိုင်ဆိုင်ထားတဲ့အပြင် မိန်းကလေးပရိတ်သတ်တွေရဲ့အကြိုက်ရယ်လိုက်ရင်လည်း ဆွဲဆောင်မှုရှိလွန်းတဲ့ ပါးချိုင့်လေးတွေကို ပိုင်ဆိုင်ထားတဲ့မင်းသားတစ်လက်ပဲဖြစ်ပါတယ်နော်…။အခုလတ်တလောမှာဆိုရင်လည်း ဖြူဖြူနဲ့ ရိုမန့်တစ်ဆန်လွန်းလှတဲ့ ပုံရိပ်လေးတွေကြောင့် ပရိတ်သတ်တွေကြား ရေပန်းစားအောင်မြင်နေတာဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်လည်း သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ” ဘယ်သူ့အတွက် ဘာလေးဝယ်ပေးရင်ကောင်းမလည်း…. နောက်ဆုံးတော့ ဆုံးဖြတ်ပြီးဝယ်ဖြစ်ခဲ့ပါပြီ…ဘယ်သူ့အတွက်လို့ထင်လည်း….?” ဆိုတဲ့စာသားလေးနဲ့အတူ လက်စွပ်ဝယ်နေတဲ့ပုံရိပ်လေးတွေနဲ့ ပရိတ်သတ်ကို Surprise လုပ်လိုက်ပြန်င်္ပြနော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်….။

Source: Kyaw Htet Aung -Idol
Credit းMMload