မဂၤလာပါ ပရိသတ္ႀကီးေရ သရုပ္ေဆာင္၊ Blogger ေနျခည္ဦးကေတာ့ စစ္တပ္ မိသားစုအသိုင္းအဝုိင္းမွာ ေမြးဖြားခဲ့သူတစ္ေယာက္ျဖစ္ေပမယ့္ လက္ရိွျပည္တြင္းေရးမွာေတာ့ စစ္အာဏာရွင္စနစ္ကို ရႈံ့ခ်ေၾကာင္း ရဲရဲဝံ့ဝံ့ထုတ္ေဖာ္ခဲ့သူတစ္ေယာက္ပါ။ ေနျခည္ဦးက သူမဖခင္ရဲ့ ရာထူးအေျခအေနေတြကို ေမ့ထားျပီး ျပည္သူလူထုနဲ့ ရပ္တည္ကာ ျမန္မာ့ျပည္တြင္းေရးမွာ ထိခိုက္ေသဆံုးခဲ့ရတဲ့ ျပည္သူေတြကိုၾကည့္ျပီး စိတ္ထိခိုက္ေၾကကြဲရေၾကာင္း အင္စတာဂရမ္စာမ်က္နွာမွာေရးသားလာတာကို ေတြ့ ရပါတယ္။

ေနျခည္ဦးက “ျပီးခဲ့တဲ့ ရက္သတၱပတ္အတြင္းမွာ ျဖစ္ပ်က္ခဲ့သမွ်ေတြကိုၾကည့္ရျပီး ေနျခည္အရမ္းကို စိတ္ထိခိုက္ဝမ္းနည္းရပါတယ္။ မေန့ကဆိုရင္ စစ္တပ္က ျငိမ္းခ်မ္းစြာဆႏၵျပေနၾကတဲ့ ျပည္သူေတြကို လက္နက္နဲ့ ပစ္ခတ္တာမ်ိဳးေတြ ျပဳလုပ္ခဲ့ျပီး အျပစ္မဲ့ျပည္သူ (၂) ေယာက္ေသဆံုးကာ အေယာက္(၄၀) ေက်ာ္ ထိခိုက္မႈေတြ ျဖစ္ခဲ့ရပါတယ္။ စစ္တပ္က ပရဟိတကားေတြကိုသာမကပဲ ထိခိုက္ဒဏ္ရာရရိွတဲ့ ဆႏၵျပျပည္သူေတြကို ကူညီေနတဲ့ ပရဟိတလုပ္သားေတြကိုပါ ပစ္ခတ္ ခဲ့တာျဖစ္ပါတယ္။ ”

“ေနျခည္က ဒီလို လက္နက္ေတြပစ္ခတ္ကိုင္ေျခာက္ျပီးနဲ့ လက္နက္ မဲ့ျပည္သူအေပၚ မတရားဖိနွိပ္တာမ်ိဳးကို ရႈံ့ခ်ပါတယ္။ ေက်းဇူးျပဳျပီး ကြ်န္မတို့ ျမန္မာျပည္ၾကီးမွာ ဘာေတြျဖစ္ပ်က္ေနတယ္ဆိုတာကို ကမၻာက နားစြင့္ေပးၾကပါရွင္ ေနျခည္လည္း ဆႏၵျပပြဲမွာ ထိခိုက္သြားရတဲ့ ျပည္သူေတြနဲ့တကြ သူတို့ရဲ့ဆံုးရႈံးသြားရတဲ့ ဘဝေတြအတြက္ စိတ္ထိခိုက္ဝမ္းနည္းရင္း အားလံုးအတြက္ ဆုေတာင္းေပးေနပါတယ္။ “ဆိုျပီး သူမရဲ့ အင္စတာဂရမ္စာမ်က္နွာမွာ ေျပာလာပါ တယ္။

ေနျခည္ဦးကေတာ့ သူမတတ္နိုင္တဲ့ အင္အားနဲ့ ျပည္သူေတြအတြက္ ရပ္တည္ေပးခဲ့ျပီပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုကၸါ တယ္ေနာ္…။

Source: Nay Chi Oo’s ig
Credit – Cele Connections

မင်္ဂလာပါ ပရိသတ်ကြီးရေ သရုပ်ဆောင်၊ Blogger နေခြည်ဦးကတော့ စစ်တပ် မိသားစုအသိုင်းအဝိုင်းမှာ မွေးဖွားခဲ့သူတစ်ယောက်ဖြစ်ပေမယ့် လက်ရှိပြည်တွင်းရေးမှာတော့ စစ်အာဏာရှင်စနစ်ကို ရှုံ့ချကြောင်း ရဲရဲဝံ့ဝံ့ထုတ်ဖော်ခဲ့သူတစ်ယောက်ပါ။ နေခြည်ဦးက သူမဖခင်ရဲ့ ရာထူးအခြေအနေတွေကို မေ့ထားပြီး ပြည်သူလူထုနဲ့ ရပ်တည်ကာ မြန်မာ့ပြည်တွင်းရေးမှာ ထိခိုက်သေဆုံးခဲ့ရတဲ့ ပြည်သူတွေကိုကြည့်ပြီး စိတ်ထိခိုက်ကြေကွဲရကြောင်း အင်စတာဂရမ်စာမျက်နှာမှာရေးသားလာတာကို တွေ့ ရပါတယ်။

နေခြည်ဦးက “ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ဖြစ်ပျက်ခဲ့သမျှတွေကိုကြည့်ရပြီး နေခြည်အရမ်းကို စိတ်ထိခိုက်ဝမ်းနည်းရပါတယ်။ မနေ့ကဆိုရင် စစ်တပ်က ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူတွေကို လက်နက်နဲ့ ပစ်ခတ်တာမျိုးတွေ ပြုလုပ်ခဲ့ပြီး အပြစ်မဲ့ပြည်သူ (၂) ယောက်သေဆုံးကာ အယောက်(၄၀) ကျော် ထိခိုက်မှုတွေ ဖြစ်ခဲ့ရပါတယ်။ စစ်တပ်က ပရဟိတကားတွေကိုသာမကပဲ ထိခိုက်ဒဏ်ရာရရှိတဲ့ ဆန္ဒပြပြည်သူတွေကို ကူညီနေတဲ့ ပရဟိတလုပ်သားတွေကိုပါ ပစ်ခတ် ခဲ့တာဖြစ်ပါတယ်။ ”

“နေခြည်က ဒီလို လက်နက်တွေပစ်ခတ်ကိုင်ခြောက်ပြီးနဲ့ လက်နက် မဲ့ပြည်သူအပေါ် မတရားဖိနှိပ်တာမျိုးကို ရှုံ့ချပါတယ်။ ကျေးဇူးပြုပြီး ကျွန်မတို့ မြန်မာပြည်ကြီးမှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ကမ္ဘာက နားစွင့်ပေးကြပါရှင် နေခြည်လည်း ဆန္ဒပြပွဲမှာ ထိခိုက်သွားရတဲ့ ပြည်သူတွေနဲ့တကွ သူတို့ရဲ့ဆုံးရှုံးသွားရတဲ့ ဘဝတွေအတွက် စိတ်ထိခိုက်ဝမ်းနည်းရင်း အားလုံးအတွက် ဆုတောင်းပေးနေပါတယ်။ “ဆိုပြီး သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာ ပြောလာပါ တယ်။

နေခြည်ဦးကတော့ သူမတတ်နိုင်တဲ့ အင်အားနဲ့ ပြည်သူတွေအတွက် ရပ်တည်ပေးခဲ့ပြီပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက္ပါ တယ်နော်…။

Source: Nay Chi Oo’s ig
Credit – Cele Connections