


Credit

သရုပ်ဆောင် ဖွေးဖွေးကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထု လှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တစ်သွေးတည်း တစ်သားတည်း ပူးပေါင်းပါဝင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အခြေအနေအရပ်ရပ်ကြောင့် ခေတ္တခဏတိမ်းရှောင်နေရသော်လည်း လူမှုကွန်ယက်များမှ တစ်ဆင့် speakout လုပ်ပေးနေ တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကို သူမအတွက် စိတ်မပူစေဖို့ကိုလည်း အမြဲပြောနေတာပါ။

လူထုလှုပ်ရှားမှုတွေတိုင်း ရှေ့ဆုံးကနေ ပါဝင်နေသူ ဖြစ်တာကြောင့်လည်း ပရိသတ်များက ဖွေးစိန်လေးရဲ့စိတ်ထားကို လေးစားချစ်ခင်နေကြတာပါ။ သူမရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း အမြဲဝေမျှပေးလေ့ရှိပြီး မကြာသေးခင် နာရီပိုင်းလောက်ကလည်း ဖွေးဖွေးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လက်ရှိဖြစ်နေတဲ့ အခြေအနေများ နဲ့ပတ်သက်ပြီး သူမရင်ထဲမှာရှိတဲ့ ခံယူချက်တွေကိုရေးသားပြောပြလာတာပဲ ဖြစ်ပါတယ်

” လုပ်သင့်လုပ်ထိုက်တာ ပြောသင့်ပြောထိုက်တာ တွေပြောခဲ့ ရလို့ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်တော့မှ နောင်တမရပါဘူး… ကိုယ့် ခံ ယူချက်☆ ပြည်သူ့အမှန်တရားကို တစ်သားတည်းအမြဲ သစ္စာရှိသွားပါဦးမယ်… နေ့တိုင်းဆုတောင်းပေးပါ့မယ် … အားလုံး ဂရုစိုက်ကြပါရှင် … 💪💪💪💪💪💪💪🤍✨ဘာလိုလို နဲ့ ပိတောက်ပန်းတွေ တောင်ပွင့်တော့မယ်…နွေဦးလေးတို့ရယ်.. #WeMust Win ” ဆိုပြီး ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေး လိုက် ရပါတယ်နော်။

Source and Photo Crd-Phway Phway’s Facebook Page
Credit