မဂၤလာပါ ပရိသတ္ႀကီးေရ ကိုယ့္ဟာကို သ႐ုပ္ေဆာင္လို႔ေမ့ေနတာ တစ္လေက်ာ္ေတာင္ ရွိသြားၿပီပဲ ခုဆိုထမင္းခ်က္တတ္ၿပီ မရွိရွိတာနဲ႔စားတတ္ၿပီကိုယ့္အဝတ္ကိုေလၽွာ္တတ္ၿပီ တပ်က္စီးလွည္း ၾကမ္းတိုက္တတ္ၿပီ အာေခါင္ျခစ္ေအာ္ၿပီး ေျခေထာက္ေတြနာက်င္ေနေအာင္လမ္းေတြေလ်ာက္ဖူးခဲ့ၿပီ ေနပူထဲထီးမပါကတၱရာလမ္းေပၚ နာရီေပါင္းမ်ားစြာထိုင္ဖူးၿပီ မိုးလင္း မိုးခ်ဳပ္ဆဲဆိုရင္း

ေသနတ္သံေတြကိုနားယဥ္လာခဲ့ၿပီ ရာဇဝတ္သားတစ္ေယာက္လိုလည္း ဟိုေျပးဒီလႊား ဟိုေနရာပုန္းဒီေနရာခိုနဲ႔ ရပ္ကြက္ေပါင္းစုံေနရာေပါင္ းစုံေရာက္ခဲ့ရဖူးၿပီ ဖုံေတြသဲေတြအမွိုက္သရိုက္ေတြၾကားထဲ ေပ်ာ္ေအာင္အိပ္တတ္လာၿပီ အရင္ကရန္သူလို႔ထင္ခဲ့မိသူေတြက အေရးၾကဳံတဲ့အခါမွာမိတ္ေဆြေကာင္းေတြဆိုတာ သိခြင့္ရလာၿပီး တခ်ိဳ႕မိတ္ေဆြေတြကိုေတာ့ ရင္နာနာနဲ႔ပဲ စြန႔္လႊတ္ ခဲ့ရၿပီ လူ႔ဘဝ ဆိုတာႀကီးကိုက

အေျပာင္းအလဲျမန္လြန္းတယ္ ေနရတဲ့အခ်ိန္ဆိုတာလည္း သိပ္တိုေတာင္းလြန္းပါတယ္ ေန႔ျမင္ညေပ်ာက္ ကိုယ့္ဟာကိုေတာင္ဘယ္ေန႔ေသရမယ္မွန္းမသိတဲ့ဘဝထဲမွာ ေလာဘ ေဒါသ ေမာဟေတြကို အေတာမသတ္နိုင္ၾကေသးပါလား ေသခါနီးထိကို ႐ူးလိုက္ၾကတဲ့အာဏာမက္လိုက္တဲ့ပိုက္ဆံ တခ်ိဳ႕မိတ္ေဆြေတြ ကိုေတာ့ ရင္နာနာနဲ႔ပဲ စြန႔္လႊတ္ခဲ့ရၿပီ …

Credit ; celeupdatenews

မင်္ဂလာပါ ပရိသတ်ကြီးရေ ကိုယ့်ဟာကို သရုပ်ဆောင်လို့မေ့နေတာ တစ်လကျော်တောင် ရှိသွားပြီပဲ ခုဆိုထမင်းချက်တတ်ပြီ မရှိရှိတာနဲ့စားတတ်ပြီကိုယ့်အဝတ်ကိုလျှော်တတ်ပြီ တပျက်စီးလှည်း ကြမ်းတိုက်တတ်ပြီ အာခေါင်ခြစ်အော်ပြီး ခြေထောက်တွေနာကျင်နေအောင်လမ်းတွေလျောက်ဖူးခဲ့ပြီ နေပူထဲထီးမပါကတ္တရာလမ်းပေါ် နာရီပေါင်းများစွာထိုင်ဖူးပြီ မိုးလင်း မိုးချုပ်ဆဲဆိုရင်း

သေနတ်သံတွေကိုနားယဉ်လာခဲ့ပြီ ရာဇဝတ်သားတစ်ယောက်လိုလည်း ဟိုပြေးဒီလွှား ဟိုနေရာပုန်းဒီနေရာခိုနဲ့ ရပ်ကွက်ပေါင်းစုံနေရာပေါင် းစုံရောက်ခဲ့ရဖူးပြီ ဖုံတွေသဲတွေအမှိုက်သရိုက်တွေကြားထဲ ပျော်အောင်အိပ်တတ်လာပြီ အရင်ကရန်သူလို့ထင်ခဲ့မိသူတွေက အရေးကြုံတဲ့အခါမှာမိတ်ဆွေကောင်းတွေဆိုတာ သိခွင့်ရလာပြီး တချို့မိတ်ဆွေတွေကိုတော့ ရင်နာနာနဲ့ပဲ စွန့်လွှတ် ခဲ့ရပြီ လူ့ဘဝ ဆိုတာကြီးကိုက

အပြောင်းအလဲမြန်လွန်းတယ် နေရတဲ့အချိန်ဆိုတာလည်း သိပ်တိုတောင်းလွန်းပါတယ် နေ့မြင်ညပျောက် ကိုယ့်ဟာကိုတောင်ဘယ်နေ့သေရမယ်မှန်းမသိတဲ့ဘဝထဲမှာ လောဘ ဒေါသ မောဟတွေကို အတောမသတ်နိုင်ကြသေးပါလား သေခါနီးထိကို ရူးလိုက်ကြတဲ့အာဏာမက်လိုက်တဲ့ပိုက်ဆံ တချို့မိတ်ဆွေတွေ ကိုတော့ ရင်နာနာနဲ့ပဲ စွန့်လွှတ်ခဲ့ရပြီ …

Credit ; celeupdatenews