


unicode

ချစ်လှစွာသော ပရိသတ်ကြီးရေ ဆိုးရွားလွန်းတဲ့ကာလ လူအများအပြား သေဆုံးနေချိန် မှာတောင် နေခြည်ဦးတစ်ယောက် speak out လုံးဝမလုပ်ဘဲ ငြိမ်းချမ်းစွာ နေထိုင်နေ တာပဲဖြစ်ပါတယ်။ ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆင်နွှဲနေတာ ကိုလည်း ဆိုရှယ်မီဒီယာများပေါ်တွင် မတင်ပေမယ့်လည်း ပရိသတ်တွေက သူ့ရဲ့ အကျင့်စရိုက်ကို သိထားပြီးသာဖြစ်ပါတယ်..။

အဖေဖြစ်သူက စစ်တပ်က ရာထူးကြီးကြီး တစ်ဦးဖြစ်ခဲ့တာကြောင့် ကျိကျိတက် ချမ်းသာနေတာ ဖြစ်ပါတယ်။ အဖေပေးတဲ့ ပိုက်ဆံတွေနဲ့ နိုင်ငံတကာ ပတ်သွားပြီး သုံးဖြုန်းနေတာကိုလည်း အားလုံးအသိဖြစ်ပြီးဖြစ်ပါတယ်..။

နွေဦးတော်လှန်ရေးမှာ လက်သုံးချောင်း ထောင်ပြီး ဟန်ပြလုပ် ခဲ့တဲ့ နေခြည်ဦးတစ်ယောက် အခုလည်း လက်သုံးချောင်း ထောင်ပြီး ဈေးဝယ်သပိတ်လုပ်နေပါတယ်။ ပြည်သူတွေရဲ့ social punishment ကို ဘယ်လောက်တောင် ဂရုမစိုက်ဘူးလည်းဆိုတာ အတိုင်းသား ပေါ်လွင်နေပါတယ်။
ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit:CELELUCKY