


Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ ကျားပေါက်နဲ့ နိုဗန်ထူး၊ ရေမွန်၊ ဟန်နေတာတို့ အတူဖန်တီးထားခဲ့ကြတဲ့ လတ်တ လောကာလကို ထင်ဟပ်စေတဲ့ တော်လှန်ရေးသီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။ Headshot လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ကျားပေါက်က သူ့ရဲ့ ဖေ့စ် ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်ပေါ်ကတဆင့် လင့်ခ်နဲ့အတူ ခုလိုရေးသား မျှဝေထားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း “ကြောက်ခေတ်” လို့ အမည်ပေးထားတဲ့ သီချင်းတပုဒ်ကို ကျားပေါက်က အန်အယ်လ်ဒီပါတီ မဲဆွယ်ကမ်ပိန်း သီချင်း တပုဒ်အနေနဲ့ ကိုယ်တိုင်ရေးသား သီဆိုထားခဲ့ပြီး အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ် ရေပန်းစားခဲ့ပါေ သးတယ်။

ခုတခါ ၄ ယောက် ပူးပေါင်းဖန်တီးထားတဲ့ Headshot သီချင်းထဲမှာတော့ စစ်အာဏာရှင်တွေရဲ့ အနိုင်ကျင့်မှုတွေ၊ ပြည်တွေရဲ့ ရဲရဲဝံ့ဝံ့ ဆန္ဒဖော်ထုတ်နေမှုတွေကို ထင်ရှားပေါ်လွင်အောင် ရေးဖွဲ့ထားခဲ့ပြီး လူထုကြွေးကြော်သံတွေနဲ့အတူ ဖန်တီးထားခဲ့တာကို ခံစားနားဆင်ကြရမှာ ဖြစ် ပါတယ်။



Credit