ပရိသတ္ႀကီးေရ.. အသံခ်ိဳခ်ိဳေအးေအးေလးနဲ႔ သီခ်င္းေကာင္းေလးေတြမ်ားစြာသီဆိုတတ္တဲ့ အဆိုေတာ္ခ်ယ္ရီသင္းကေတာ့ ဂီတလမ္းေၾကာင္းမွာ ပရိသတ္အခိုင္အမာနဲ႔ ေအာင္ျမင္စြာရပ္တည္ေနတဲ့အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါ တယ္..။

ခ်ယ္ရီသင္းဟာ လက္ရွိအေျခအေနေတြမွာ ကိုယ္တိုင္ကလည္း လမ္းေပၚထြက္လႈပ္ရွားမႈေတြ ျပဳလုပ္ေနသလို ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ လူထုလႈပ္ရွားမႈေတြျပဳလုပ္ရင္း က်ဆုံးသြားတဲ့ သူရဲေကာင္းျပည္သူေတြအတြက္လည္း လႉဒါန္းမႈေတြ ျပဳလုပ္ေနသူေလး လည္း ျဖစ္ပါတယ္..။

ၿပီးခဲ့တဲ့ရက္ေတြကတည္းက ေႏြဦးေတာ္လွန္ေရးမွာအသက္ေပးသြားၾကတဲ့ျပည္သူေတြအတြက္ ေဖးမကူညီမႈေတြနဲ႔ လႉဒါန္းမႈေတြျပဳလုပ္ေနသလို Video Call ေခၚၿပီးေတာ့လည္း အားေပးစကားေလးေတြ ကိုယ္တိုင္ေျပာၿပီး ႏွစ္သိမ့္အားေပး တာလည္း ေတြ႕ရပါတယ္..။

ျပည္သူေတြနဲ႔အတူရပ္တည္ေနတဲ့ ခ်ယ္ရီသင္းဟာ ဒီကေန႔ေလးမွာေတာ့ လူထုလႈပ္ရွားမႈေတြလုပ္ရင္းက်ဆုံးသြားတဲ့ ေမာ္လၿမိဳင္ကျပည္သူ႔သူရဲေကာင္းေလး ေမာင္ထက္ေဝထူးရဲ႕ ဈာပနေလးမွာလည္း အလႉေငြေတြလႉဒါန္းကာ ေဖးမကူညီခဲ့ပါတယ္..။

“ေမာ္လၿမိဳင္ကဆုံးသြားတဲ့ေမာင္ေလး ထက္ေဝထူးအတြက္ျပည္တြင္းျပည္ပမွေစတနာရွင္မ်ားလႉဒါန္းထားတဲ့အလႉေငြထဲမွ (၅)သိန္းက်ပ္ကိုေမာင္ေလး ရဲ႕ေဖေဖ့စီအေရာက္လႉဒါန္းၿပီးပါၿပီ

အိမ္အထိသြားေရာက္အလႉေငြပို႔ေပးတဲ့ ေမာင္ေလးထူးပိုင္ကိုလည္းေက်းဇူးတင္ပါတယ္🙏

ေကာင္းရာသုကတိလားပါေစကြယ္🙏..” ဆိုၿပီး သူမက ဆုေတာင္းစားေလးနဲ႔အတူ မွ်ေဝထားတာပါ..။

အဲ့ဒီပို႔စ္ရဲ႕ေအာက္မွာေတာ့ ခ်ယ္ရီသင္းတို႔ရဲ႕အလႉေလးကို ပရိသတ္ေတြကသာဓုေခၚၾကသလို ကြယ္လြန္သြားတဲ့ ေတာ္လွန္ေရးသူရဲေကာင္းေလး ေမာင္ထက္ေဝထူးအတြက္လည္း ေၾကကြဲစြာဆုေတာင္းစကားေလးေတြ ဆိုထားၾကတာ ေတြ႕ရ ပါတယ္..။

Credit

ပရိသတ်ကြီးရေ.. အသံချိုချိုအေးအေးလေးနဲ့ သီချင်းကောင်းလေးတွေများစွာသီဆိုတတ်တဲ့ အဆိုတော်ချယ်ရီသင်းကတော့ ဂီတလမ်းကြောင်းမှာ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာရပ်တည်နေတဲ့အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါ တယ်..။

ချယ်ရီသင်းဟာ လက်ရှိအခြေအနေတွေမှာ ကိုယ်တိုင်ကလည်း လမ်းပေါ်ထွက်လှုပ်ရှားမှုတွေ ပြုလုပ်နေသလို တော်လှန်ရေးတိုက်ပွဲကြီးမှာ လူထုလှုပ်ရှားမှုတွေပြုလုပ်ရင်း ကျဆုံးသွားတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း လှူဒါန်းမှုတွေ ပြုလုပ်နေသူလေး လည်း ဖြစ်ပါတယ်..။

ပြီးခဲ့တဲ့ရက်တွေကတည်းက နွေဦးတော်လှန်ရေးမှာအသက်ပေးသွားကြတဲ့ပြည်သူတွေအတွက် ဖေးမကူညီမှုတွေနဲ့ လှူဒါန်းမှုတွေပြုလုပ်နေသလို Video Call ခေါ်ပြီးတော့လည်း အားပေးစကားလေးတွေ ကိုယ်တိုင်ပြောပြီး နှစ်သိမ့်အားပေး တာလည်း တွေ့ရပါတယ်..။

ပြည်သူတွေနဲ့အတူရပ်တည်နေတဲ့ ချယ်ရီသင်းဟာ ဒီကနေ့လေးမှာတော့ လူထုလှုပ်ရှားမှုတွေလုပ်ရင်းကျဆုံးသွားတဲ့ မော်လမြိုင်ကပြည်သူ့သူရဲကောင်းလေး မောင်ထက်ဝေထူးရဲ့ ဈာပနလေးမှာလည်း အလှူငွေတွေလှူဒါန်းကာ ဖေးမကူညီခဲ့ပါတယ်..။

“မော်လမြိုင်ကဆုံးသွားတဲ့မောင်လေး ထက်ဝေထူးအတွက်ပြည်တွင်းပြည်ပမှစေတနာရှင်များလှူဒါန်းထားတဲ့အလှူငွေထဲမှ (၅)သိန်းကျပ်ကိုမောင်လေး ရဲ့ဖေဖေ့စီအရောက်လှူဒါန်းပြီးပါပြီ

အိမ်အထိသွားရောက်အလှူငွေပို့ပေးတဲ့ မောင်လေးထူးပိုင်ကိုလည်းကျေးဇူးတင်ပါတယ်🙏

ကောင်းရာသုကတိလားပါစေကွယ်🙏..” ဆိုပြီး သူမက ဆုတောင်းစားလေးနဲ့အတူ မျှဝေထားတာပါ..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ချယ်ရီသင်းတို့ရဲ့အလှူလေးကို ပရိသတ်တွေကသာဓုခေါ်ကြသလို ကွယ်လွန်သွားတဲ့ တော်လှန်ရေးသူရဲကောင်းလေး မောင်ထက်ဝေထူးအတွက်လည်း ကြေကွဲစွာဆုတောင်းစကားလေးတွေ ဆိုထားကြတာ တွေ့ရ ပါတယ်..။

Credit