


Credit – CeleGabar

ချစ်ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ ဒီနေ့မှာ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ပရိသတ်အချစ်တော် မင်းသမီးချောလေး ခင်ဝင့်ဝါကတော့ လိုအပ်နေတဲ့ နေရာတွေမှာ အမြဲတမ်းလိုလို အလှူအတန်းတွေကို စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ ပြုလုပ်လှူဒါန်းလေ့ရှိတဲ့သူပါ။

ဒီနေ့မှာလည်း ခင်ဝင့်ဝါက လမ်းဘေးမှာရှိတဲ့ လမ်းဘေးခွေးလေးတွေအတွက်ကို အာဟာရဒါနအလှူလေးတစ်ခုကို လှူဒါန်းပေးခဲ့တာပါ။ သရုပ်ဆောင် မျိုးမျိုးခိုင်ရဲ့ လမ်းဘေးတိလေးတွေကို အစာကျွေးတဲ့ ပရဟိတအလုပ်လေးမှာ ခင်ဝင့်ဝါက လမ်းဘေးတိခွေးလေးတွေအတွက် သူတတ်နိုင်သလောက် အာဟာရဒါနအလှူလေးကို ပြုလုပ်လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

မျိုးမျိုးခိုင်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ခင်ဝင့်ဝါရဲ့အလှူလေးကို ပရိသတ်တွေလည်း သာဓုခေါ်ဆိုလို့ရအောင် မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးတွေလည်း မင်းသမီးချောလေး ခင်ဝင့်ဝါရဲ့ လမ်းဘေးတိလေးတွေအတွက် အာဟာရဒါနပြုလုပ်ခဲ့တဲ့ အလှူလေးကို သာဓုခေါ်ဆိုနိုင်ဖို့မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Source – Myo Myo Khine