ပရိသတ္ႀကီးေရ သီခ်င္းဆိုၿပိဳင္ပြဲ တစ္ခုတြင္ ပါဝင္ ယွဥ္ၿပိဳင္ရာမွ တစ္ဆင့္ ဂီတေလာကထဲသို႔ စတင္ဝင္ေရာက္လာသူကေတာ့ အဆိုေတာ္ သားငယ္ပဲ ျဖစ္ပါတယ္။ ၿပိဳင္ပြဲဝင္ေနတဲ့ ကာလတစ္ေလၽွာက္လုံးမွာလည္း ပရိသတ္ေတြရဲ့ တစ္ခဲနက္အားေပးမႈကို သိမ္းပိုက္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။ အေရးၾကဳံတဲ့ အခါတိုင္း ဓမၼဘက္ကေန ျပည္သူေတြနဲ႔အတူရပ္တည္ေပးခဲ့တဲ့အတြက္ အားလုံးက ဝမ္းသာဂုဏ္ယူေနၾကတာ ျဖစ္ပါတယ္…။

သားငယ္ဟာ ျမန္မာနိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမ်ားတြင္ တက္ႂကြစြာ ပူးေပါင္းပါဝင္ခဲ့သူ ျဖစ္ပါတယ္။ ေန႔စဥ္ရက္ဆက္ လမ္းေပၚထြက္ကာ ရင္ထဲက ဆႏၵအမွန္ေတြကို ထုတ္ေဖာ္ခဲ့တာေၾကာင့္ ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုခံထားရတာ ျဖစ္ပါတယ္။ သားငယ္ကေတာ့ အေျခအေနအရပ္ရပ္ေၾကာင့္ ေခတၱခဏ တိမ္းေရွာင္ေနရတာျဖစ္ၿပီး ပရိသတ္ေတြကလည္း သူ႔ရဲ့ေဘးကင္းလုံျခဳံေရးအတြက္ စိတ္ပူေနၾကတာ ျဖစ္ပါတယ္…။

မေန႔ညကလည္း သားငယ္ရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ လိုင္းမသုံးရ တဲ့ တစ္လေက်ာ္ကာလ အတြင္းေျပာင္းလဲသြားတဲ့အရာတစ္ခုကို ပရိသတ္ေတြအားေျပာျပလာတာ ျဖစ္ပါတယ္။ သူကလည္း ” လိုင္းမသုံးရတဲ့တစ္လေက်ာ္ ကာလထဲ၉ ေပါင္က်သြားတာကလြဲရင္အကုန္အဆင္ေျပပါတယ္ေလ အဟက္ 🤣” ဆိုၿပီး ဝိတ္က်သြားတဲ့ အေၾကာင္းကို ေရးသား ေျပာျပထားတာ ျဖစ္ပါတယ္။ ပရိသတ္မ်ားက သားငယ္ ကို ဂ႐ုစိုက္ၿပီးေနထိုင္ရန္ ဒီပို႔စ္ေအာက္တြင္ မွတ္ခ်က္ေပးေရးသားထားတာကိုလည္း ျမင္ေတြ႕ရပါတယ္….။

Source and Photo Crd-Zaw Win Htun’s Facebook Account
Credit

ပရိသတ်ကြီးရေ သီချင်းဆိုပြိုင်ပွဲ တစ်ခုတွင် ပါဝင် ယှဉ်ပြိုင်ရာမှ တစ်ဆင့် ဂီတလောကထဲသို့ စတင်ဝင်ရောက်လာသူကတော့ အဆိုတော် သားငယ်ပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်နေတဲ့ ကာလတစ်လျှောက်လုံးမှာလည်း ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို သိမ်းပိုက်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ အရေးကြုံတဲ့ အခါတိုင်း ဓမ္မဘက်ကနေ ပြည်သူတွေနဲ့အတူရပ်တည်ပေးခဲ့တဲ့အတွက် အားလုံးက ဝမ်းသာဂုဏ်ယူနေကြတာ ဖြစ်ပါတယ်…။

သားငယ်ဟာ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့သူ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ရင်ထဲက ဆန္ဒအမှန်တွေကို ထုတ်ဖော်ခဲ့တာကြောင့် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။ သားငယ်ကတော့ အခြေအနေအရပ်ရပ်ကြောင့် ခေတ္တခဏ တိမ်းရှောင်နေရတာဖြစ်ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ဘေးကင်းလုံခြုံရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်…။

မနေ့ညကလည်း သားငယ်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လိုင်းမသုံးရ တဲ့ တစ်လကျော်ကာလ အတွင်းပြောင်းလဲသွားတဲ့အရာတစ်ခုကို ပရိသတ်တွေအားပြောပြလာတာ ဖြစ်ပါတယ်။ သူကလည်း ” လိုင်းမသုံးရတဲ့တစ်လကျော် ကာလထဲ၉ ပေါင်ကျသွားတာကလွဲရင်အကုန်အဆင်ပြေပါတယ်လေ အဟက် 🤣” ဆိုပြီး ဝိတ်ကျသွားတဲ့ အကြောင်းကို ရေးသား ပြောပြထားတာ ဖြစ်ပါတယ်။ ပရိသတ်များက သားငယ် ကို ဂရုစိုက်ပြီးနေထိုင်ရန် ဒီပို့စ်အောက်တွင် မှတ်ချက်ပေးရေးသားထားတာကိုလည်း မြင်တွေ့ရပါတယ်….။

Source and Photo Crd-Zaw Win Htun’s Facebook Account
Credit