


Credit ; Cele Zone

ချစ်လှစွာသော ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချော ခွန်းဆင့်နေခြည် ကတော့ မကြာသေးခင်ကဆုံးပါးသွားတဲ့ သူ့ရဲ့မိခင်ကြီးကို လွမ်းဆွတ်တမ်းတ သတိရနေတဲ့ အကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရင်ဖွင့်လာခဲ့ပါတယ်။ မိခင်ကြီး ကွယ်လွန်သွားပြီးတဲ့နောက် ခံစားနေရတဲ့ သူရဲ့ခံစားရတာတွေနဲ့ပတ်သက်လို့လည်း အခုလိုပဲပြောပြလာပါတယ်..။

“ ကိုယ်ချစ်ခင်ရဆုံး ကိုယ့်ရဲ့အနီးကပ်ဆုံး လူတွေ ကိုယ်နဲ့ ခွဲခွာသွားကြတဲ့အခါ ဘယ်လိုကြီးမှန်းကိုမသိတဲ့ ခံစားချက်တွေနဲ့ အချိန်တိုင်းမှာ ကြေကွဲစွာနဲ့ ရင်ကွဲကြရပါတယ်။ အမေ့ကိုတန်ဖိုးထားသူ တစ်ယောက်အနေနဲ့အမေ့ကို တမ်းတမိတယ် နေ့စဉ်နေ့တိုင်းသတိရတယ် ။အမေ့အခန်းထဲကို CCTV နဲ့ကြည့်ပြီးစကားပြောနေကျ ခုတော့ သမီးနေ့တိုင်းကြည့်နေသော်လည်းအမေ့ကို မတွေ့ရတော့ဘူး.. ” ဟုဆိုပြီးတော့လည်း နေ့တိုင်းမိခင်ကြီးကို သတိရလွမ်းဆွတ်နေကြောင်းနဲ့ အတူ မိခင်ကြီး ရှိစဉ်က အသုံးပြုခဲ့တဲ့ ဝှီးချဲလေးနဲ့ ကုတင်လေးကိုလည်း လှူဒါန်းသွားချင်ကြောင်း ကိုလည်း ဖော်ပြထားခဲ့ပါတယ်..။

“ အမေ့အတွက်လှူလိုက်ချင်ပါတယ် ဝယ်တုန်းကတော့ ၁၂ သိန်းကျော်ပေးရပါတယ် မော်တာတပ် အတင်အချလုပ်လို့ရပါတယ် ” ဆိုပြီး တကယ်လိုအပ်နေတဲ့ အလှူခံပုဂ္ဂိုလ်အတွက်ပဲဖြစ်ဖြစ် ဆေးရုံတစ်ခုခု ကိုပဲဖြစ်ဖြစ် လှူဒါန်းပေးချင်ပါတယ်တဲ့။ မွန်မြတ်လှတဲ့ ခွန်းဆင့်နေခြည်နဲ့ လှူဒါန်းမှုကို သူ့ရဲ့မိခင်ကြီးကလည်း ကောင်းရာဘုံဘဝကနေ ဝမ်းသာပီတိဖြစ်ပြီး သာဓုခေါ်ဆိုနေမှာ အသေ အချာပါပဲ။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်
နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Source – Khunn Sint Nay Chi