


Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ ဖေဖော်ဝါရီလ ၁ရက်နေ့ကစတင်ဖြစ်ပေါ်ခဲ့တဲ့ မြန်မာနိုင်ငံအတွင်းမှာဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ အခုဆိုရင် တစ်လခန့်ကြာမြင့်နေပြီဖြစ်ပါတယ်…..။ လတ်တ‌လောမတည်ငြိမ်နေတဲ့အခြေအနေရပ်ရပ်ကြောင့် ပြည်သူတစ်ရပ်လုံးပါဝင်ကာ ရဲရင့်တက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေ ကိုလုပ်ဆောင်နေကြတာဖြစ်ပြီး အနုပညာရှင်တွေများစွာလည်း ပါဝင်လှုပ်ရှားနေတာဖြစ်ပါတယ်နော်…..။

လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ပထမရက်တည် းကစတင်ကာ ပါဝင်ခဲ့ကြတဲ့အနုပညာရှင်တွေထဲမှာဆိုရင် အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံလည်းအပါအဝင်ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွေအရှိန်အဟုန်မြင့်လာတာနဲ့အမျှ အခက်အခဲအတားအဆီးတွေများစွာလည်းတွေ့ကြုံနေကြရတာဖြစ်ပြီး ဖြိုခွင်းမှုတွေကြောင့် အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေလည်း အများအပြားရှိလာနေတာဖြစ်ပါတယ်နော်….။

အခုလိုဝမ်းနည်းဖွယ်အဖြစ်ဆိုးတွေနဲ့ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အိန္ဒြာကျော်ဇင်ဟာ ကဗျာတစ်ပုဒ်ကိုယ်တိုင်ရေးစပ်ပြီးတင်ပေးလာ ခဲ့တာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးအမှတ်တရအနေနဲ့ ရေးသားခဲ့တဲ့ မအူဝဲရဲ့ကဗျာလေးဟာဆိုရင် ဖတ်မိသူပရိသတ်တွေအနေနဲ့လည်း ထပ်တူထပ်မျှကြေကွဲဝမ်းနည်းနေကြမယ်လို့ထင်ပါတယ်။ ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ဖော်ပြလေး လိုက်ပါတယ်နော်……။

Credit