မဂၤလာပါ ပရိသတ္ႀကီးေရ လတ္တေလာျဖစ္ေပၚေနတဲ့ လူထုလ ႈပ္ရွားမႈေတြမွာပါဝင္ရင္း အသက္ေပးလိုက္ရတဲ့ အာဇာနည္သူရဲေကာင္းတခ်ိဳ႕ကို မၾကာေသးခင္ရက္ပိုင္းေလာက္က အျခားအလႉရွင္ေတြနဲ႔ စုေပါင္းၿပီး မင္းသမီး နန္းဆုရတီစိုး က အလႉေငြမ်ား လႉဒါန္းေပးခဲ့ပါတယ္။ ယခုမွာလည္း နန္းဆုရတီစိုးက ဒုတိယအႀကိမ္ေျမာက္အျဖစ္ ေနာက္ထပ္ အသက္ေပးလိုက္ရတဲ့ သူရဲေကာင္းမ်ားနဲ႔ ဒဏ္ရာရသူရဲေကာင္းေတြအတြက္ ထပ္မံၿပီး အလႉေငြမ်ားကို တတ္ႏိုင္တဲ့ဘက္ကေန အုပ္တစ္ခ်ပ္သဲတစ္ ပြင့္အေနနဲ႔ လႉဒါန္းေပးခဲ့ပါတယ္။

ဒီအလႉေလးနဲ႔ ပတ္သက္ၿပီး နန္းဆုရတီစိုးက ” ဒုတိယအသုတ္အေနနဲ႔ နန္းဆုတို႔ သူငယ္ခ်င္းေတြ စုေပါင္းလႉဒါန္းတဲ့ အလႉေငြမ်ားကို ေျမာက္ဥကၠလာမွာရွိတဲ့ အသက္ေပးသြားခဲ့တဲ့ သူရဲေကာင္းမ်ား , ဒဏ္ရာရသူရဲေကာင္းမ်ားရဲ႕ အိမ္ေတြအထိ ကိုယ္တိုင္ထပ္မံသြားေရာက္လႉဒါန္းကူညီေထာက္ပံ့ေငြေပးအပ္ခဲ့ၿပီး အားေပးစကာ းေျပာခဲ့ပါတယ္…… နန္းဆုကိုယ္တိုင္သြားလႉတာေတြ႕လို႔ဆိုၿပီး အလႉပါဝင္ခ်င္လို႔ၿပီး ခ်စ္ရတဲ့ အႏုပညာမိသားစုထဲမွ အန္တီဆင့္ “ေမသန္းႏု” က (၃၀၀၀၀၀) က်ပ္, ေမာင္ေလး မင္းေသြးခန႔္က (၁၀၀၀၀၀) က်ပ္ အတူပါဝင္လႉဒါန္းပါတယ္……

တျခားေနရာေတြသြားရင္ အလႉပါဝင္မယ့္ အတူလိုက္မယ္ဆိုၿပီး ဆက္သြယ္ထားတဲ့ အႏုပညာေမာင္ႏွမမ်ား လည္းရွိပါတယ္…… နန္းဆုနဲ႔ သူငယ္ခ်င္းေတြႏွင့္ျပည္တြင္းျပည္ပအလႉရွင္မ်ားရဲ႕ နာေရးကူေငြအလႉေငြ (၁၀၅) သိန္းကို လိုအပ္ေသာေနရာမ်ားကို ခြဲေဝလႉဒါန္းခဲ့ရာ ဒုတိယအႀကိမ္ရွိပါၿပီ တျခားသူမ်ားကိုထပ္မံလႉဒါန္းသြားဖို႔ရွိတာေၾကာင့္ နန္းဆု သူငယ္ခ်င္း ထံမွတစ္ဆင့္ ဆက္သြယ္လႉဒါန္းႏိုင္ပါတယ္ acc ကို comment မွာ ေပးပါ့မယ္ရွင့္ ဒီကာလမွာ အားလုံးဟာ အပူအပင္ကိုယ္စီနဲ႔ျဖစ္ေနၾကေပမယ့္ သူတစ္ပါးရဲ႕အပူအပင္မ်ားကို အနည္းငယ္ျဖစ္ျဖစ္ေလ်ာ့ေပးႏိုင္ေသာသူျဖစ္ရပါလို၏” ဆိုၿပီး ေရးသားေဖာ္ျပထားတာ ျဖစ္ပါတယ္။ ကဲ…ပရိသတ္ေတြလည္း မင္းသမီး နန္းဆုရတီစိုး တို႔ရဲ႕ မြန္ျမတ္တဲ့ အလႉေလးကို ဆုေတာင္းစကားေလးေျပာေပးခဲ့ပါဦး။

Credit

မင်္ဂလာပါ ပရိသတ်ကြီးရေ လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလ ှုပ်ရှားမှုတွေမှာပါဝင်ရင်း အသက်ပေးလိုက်ရတဲ့ အာဇာနည်သူရဲကောင်းတချို့ကို မကြာသေးခင်ရက်ပိုင်းလောက်က အခြားအလှူရှင်တွေနဲ့ စုပေါင်းပြီး မင်းသမီး နန်းဆုရတီစိုး က အလှူငွေများ လှူဒါန်းပေးခဲ့ပါတယ်။ ယခုမှာလည်း နန်းဆုရတီစိုးက ဒုတိယအကြိမ်မြောက်အဖြစ် နောက်ထပ် အသက်ပေးလိုက်ရတဲ့ သူရဲကောင်းများနဲ့ ဒဏ်ရာရသူရဲကောင်းတွေအတွက် ထပ်မံပြီး အလှူငွေများကို တတ်နိုင်တဲ့ဘက်ကနေ အုပ်တစ်ချပ်သဲတစ် ပွင့်အနေနဲ့ လှူဒါန်းပေးခဲ့ပါတယ်။

ဒီအလှူလေးနဲ့ ပတ်သက်ပြီး နန်းဆုရတီစိုးက ” ဒုတိယအသုတ်အနေနဲ့ နန်းဆုတို့ သူငယ်ချင်းတွေ စုပေါင်းလှူဒါန်းတဲ့ အလှူငွေများကို မြောက်ဥက္ကလာမှာရှိတဲ့ အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းများ , ဒဏ်ရာရသူရဲကောင်းများရဲ့ အိမ်တွေအထိ ကိုယ်တိုင်ထပ်မံသွားရောက်လှူဒါန်းကူညီထောက်ပံ့ငွေပေးအပ်ခဲ့ပြီး အားပေးစကာ းပြောခဲ့ပါတယ်…… နန်းဆုကိုယ်တိုင်သွားလှူတာတွေ့လို့ဆိုပြီး အလှူပါဝင်ချင်လို့ပြီး ချစ်ရတဲ့ အနုပညာမိသားစုထဲမှ အန်တီဆင့် “မေသန်းနု” က (၃၀၀၀၀၀) ကျပ်, မောင်လေး မင်းသွေးခန့်က (၁၀၀၀၀၀) ကျပ် အတူပါဝင်လှူဒါန်းပါတယ်……

တခြားနေရာတွေသွားရင် အလှူပါဝင်မယ့် အတူလိုက်မယ်ဆိုပြီး ဆက်သွယ်ထားတဲ့ အနုပညာမောင်နှမများ လည်းရှိပါတယ်…… နန်းဆုနဲ့ သူငယ်ချင်းတွေနှင့်ပြည်တွင်းပြည်ပအလှူရှင်များရဲ့ နာရေးကူငွေအလှူငွေ (၁၀၅) သိန်းကို လိုအပ်သောနေရာများကို ခွဲဝေလှူဒါန်းခဲ့ရာ ဒုတိယအကြိမ်ရှိပါပြီ တခြားသူများကိုထပ်မံလှူဒါန်းသွားဖို့ရှိတာကြောင့် နန်းဆု သူငယ်ချင်း ထံမှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ် acc ကို comment မှာ ပေးပါ့မယ်ရှင့် ဒီကာလမှာ အားလုံးဟာ အပူအပင်ကိုယ်စီနဲ့ဖြစ်နေကြပေမယ့် သူတစ်ပါးရဲ့အပူအပင်များကို အနည်းငယ်ဖြစ်ဖြစ်လျော့ပေးနိုင်သောသူဖြစ်ရပါလို၏” ဆိုပြီး ရေးသားဖော်ပြထားတာ ဖြစ်ပါတယ်။ ကဲ…ပရိသတ်တွေလည်း မင်းသမီး နန်းဆုရတီစိုး တို့ရဲ့ မွန်မြတ်တဲ့ အလှူလေးကို ဆုတောင်းစကားလေးပြောပေးခဲ့ပါဦး။

Credit