ခ်စ္ပရိသတ္ႀကီးေရ အကယ္ဒမီ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ခန့္စည္သူကေတာ့ အနုပညာေလာကမွာ နွစ္ေပါင္းသံုးဆယ္နီးပါး ပရိသတ္အားေပးမႈကို အခုိင္အမာရရိွထားသူ ျဖစ္ပါတယ္။ “အမ်ားနွင့္မသက္ဆိုင္သူ” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အကယ္ဒမီဆုၾကီးတစ္ခုကို လက္ဝယ္ပိုင္ဆိုင္ထားတဲ့ ခန့္စည္သူက အနုပညာမွာ ပါရမီထူးခြ်န္သလို အလွဴအတန္းမွာလည္း ရက္ေရာလြန္းတာေၾကာင့္ ေကာင္းသတင္းနဲ့ ေက်ာ္ေစာသူတစ္ေယာက္ ျဖစ္ပါတယ္။ ခန့္စည္သူက ပရဟိတလုပ္ငန္းေတြကို တစ္ကိုယ္ေတာ္ျပဳလုပ္သလို “ေမတၱာသဂၤဟ” ပရဟိတအဖြဲ့ကိုလည္း ဦးေဆာင္ျပီး လူမႈအက်ိဳးျပဳလုပ္ငန္းေတြကို လႈပ္ရွားေဆာင္ရြက္ေနသူတစ္ဦးပဲ ျဖစ္ပါတယ္။

ဒီေန႔ ဇန္နဝါရီလ (၄) ရက္ေန့မွာေတာ့ ခန့္စည္သူကို ခ်စ္ခင္ေလးစားၾကတဲ့ ပရိသတ္ေတြကို ဝမ္းသာဂုဏ္ယူေစမယ့္ သတင္းေကာင္းတစ္ခုကေတာ့ အကယ္ဒမီ ခန့္စည္သူကို နိုင္ငံေတာ္က ေပးအပ္ခ်ီးျမွင့္တဲ့ သီရိသုဓမၼမဏိေဇာတဓရဘြဲ့ကို ရရိွခဲ့တာပဲ ျဖစ္ပါတယ္။ သီရိသုဓမၼမဏိေဇာတဓရဘြဲ့ကေတာ့ သာသနာ့က်က္သေရေဆာင္ ပတၱျမားပမာ နိႈင္းယွဥ္အပ္သူ အဆင့္အျမင့္ဆံုး အမ်ိဳးသားဥပါသိကာ (ဒုတိယအဆင့္) လို့ ျမန္မာအဓိပၸာယ္ရတာျဖစ္ျပီး ဒီကနွစ္မွာေတာ့ ခန့္စည္သူက ေပးအပ္ခ်ီးျမွင့္ျခင္းခံရတာပဲ ျဖစ္ပါတယ္။

ခန့့္စည္သူက သီဟသုဓမၼမဏိေဇာတဓရဘြဲ့ကို ေပးအပ္ခ်ီးျမွင့္ျခင္းခံထားရသူျဖစ္ျပီး ဒီနွစ္ (၂၀၂၁) ခုနွစ္မွာေတာ့ သီရိသုဓမၼမဏိေဇာတဓရဘြဲ့ကို ထပ္မံရရိွခဲ့တာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခန့္စည္သူရဲ့ ဝမ္းသာစရာသတင္းအတြက္ ဂုဏ္ယူေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမါန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: MRTV ‘s fb
Crediit – Cele Connections

ချစ်ပရိသတ်ကြီးရေ အကယ်ဒမီ သရုပ်ဆောင် မင်းသားချော ခန့်စည်သူကတော့ အနုပညာလောကမှာ နှစ်ပေါင်းသုံးဆယ်နီးပါး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားသူ ဖြစ်ပါတယ်။ “အများနှင့်မသက်ဆိုင်သူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကြီးတစ်ခုကို လက်ဝယ်ပိုင်ဆိုင်ထားတဲ့ ခန့်စည်သူက အနုပညာမှာ ပါရမီထူးချွန်သလို အလှူအတန်းမှာလည်း ရက်ရောလွန်းတာကြောင့် ကောင်းသတင်းနဲ့ ကျော်စောသူတစ်ယောက် ဖြစ်ပါတယ်။ ခန့်စည်သူက ပရဟိတလုပ်ငန်းတွေကို တစ်ကိုယ်တော်ပြုလုပ်သလို “မေတ္တာသင်္ဂဟ” ပရဟိတအဖွဲ့ကိုလည်း ဦးဆောင်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေကို လှုပ်ရှားဆောင်ရွက်နေသူတစ်ဦးပဲ ဖြစ်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ (၄) ရက်နေ့မှာတော့ ခန့်စည်သူကို ချစ်ခင်လေးစားကြတဲ့ ပရိသတ်တွေကို ဝမ်းသာဂုဏ်ယူစေမယ့် သတင်းကောင်းတစ်ခုကတော့ အကယ်ဒမီ ခန့်စည်သူကို နိုင်ငံတော်က ပေးအပ်ချီးမြှင့်တဲ့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကတော့ သာသနာ့ကျက်သရေဆောင် ပတ္တမြားပမာ နှိုင်းယှဉ်အပ်သူ အဆင့်အမြင့်ဆုံး အမျိုးသားဥပါသိကာ (ဒုတိယအဆင့်) လို့ မြန်မာအဓိပ္ပာယ်ရတာဖြစ်ပြီး ဒီကနှစ်မှာတော့ ခန့်စည်သူက ပေးအပ်ချီးမြှင့်ခြင်းခံရတာပဲ ဖြစ်ပါတယ်။

ခန့့်စည်သူက သီဟသုဓမ္မမဏိဇောတဓရဘွဲ့ကို ပေးအပ်ချီးမြှင့်ခြင်းခံထားရသူဖြစ်ပြီး ဒီနှစ် (၂၀၂၁) ခုနှစ်မှာတော့ သီရိသုဓမ္မမဏိဇောတဓရဘွဲ့ကို ထပ်မံရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ ဝမ်းသာစရာသတင်းအတွက် ဂုဏ်ယူနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမါန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: MRTV ‘s fb
Crediit – Cele Connections