ခ်စ္ပရိသတ္ႀကီးရ နႈတ္ခမ္းနီမေလးေတြရဲ့ အသည္းစြဲအဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ ရဲေလးက သီခ်င္းဆိုေကာင္းရံုတင္မကပဲ သရုပ္ေဆာင္လည္း ေကာင္းမြန္သူတစ္ေယာက္ ျဖစ္ပါတယ္။ ရဲေလးက အနုပညာအလုပ္ေတြကို အခ်ိန္ေပးလုပ္ကိုင္သလို သူ့ရဲ့မိသားစုနဲ့ ပက္သတ္ရင္လည္း သားေကာင္းတစ္ေယာက္၊ အစ္ကိုေကာင္းတစ္ေယာက္ ပီသသူပဲ ျဖစ္ပါတယ္။ အနုပညာနဲ့ ပက္သတ္ျပီးလည္း မွတ္တိုင္ေတြမ်ားစြာရိွသလို မိသားစုအမွတ္တရေတြမ်ားစြာရိွတဲ့ ရဲေလးက ဒီတစ္ေခါက္ကမွာေတာ့ လြန္ခဲ့တဲ့ (၁၀) နွစ္က ညီျဖစ္သူ ဂ်ိဳကာနဲ့အတူတူသြားခဲ့ဖူးတဲ့ စကၤာပူခရီးစဥ္အေၾကာင္းကို ေျပာလာပါတယ္။

“2011 ေလာက္က ညီအစ္ကိုႏွစ္ေယာက္Singapore သြားခဲ့ၾကတဲ့ပုံေလးေတြပါခင္ဗ်။ ဒါေတြ အမွတ္မထင္ပဲျပန္ရွာေတြ႕ေတာ့ေတြးမိတာ ဘဝရဲ႕ အမွတ္တရေတြထဲမွာ ကြၽန္ေတာ္တို႔ညီအစ္ကိုႏွစ္ေယာက္လုံး စိတ္တူကိုယ္တူသြားခဲ့ဖူးတဲ့ ခရီးစဥ္ေတြလည္းပါတယ္ခင္ဗ်။ အဲ့ဒီတုန္းက Singapore မွာ ႏွစ္ေယာက္သား ေအးရာေအးေၾကာင္းေလွ်ာက္သြား၊ ေလွ်ာက္စား၊ ႏွစ္ေယာက္လုံးသေဘာက်တတ္တဲ့ ေနရာေတြကို သြားမယ္ဆိုၿပီး စိတ္ထင္တဲ့အတိုင္း MRT ေတြေလွ်ာက္စီးလိုက္။ ေရာက္ရာမွာ ဓာတ္ပုံေတြ႐ိုက္နဲ႔ပဲ။ Singapore ဆိုတာကလည္း စိတ္တူကိုယ္တူ အေဖာ္ေကာင္းေကာင္းနဲ႔သြားလို႔ကေတာ့လည္လို႔ကုန္တာမွမဟုတ္ဘဲ…”

တကယ္ကို ညီအစ္ကိုႏွစ္ေယာက္အတြက္ Quality time ေတြဖန္တီးႏိုင္ခဲ့တာေသခ်ာတယ္။ အခုခ်ိန္ Singapore ကိုျပန္သြားခဲ့ရင္လည္း အဲ့ဒီတုန္းကလို ႏုပ်ိဳမႈေတြမရွိေတာ့ရင္ေတာင္ လြတ္လြတ္လပ္လပ္ ေပ်ာ္စရာေကာင္းေနဦးမယ္လို႔ ယုံၾကည္ေနေသးတယ္ခင္ဗ်။ ကမာၻႀကီးမက်န္းမာခ်ိန္မွာ သတိရစရာေတြက ပိုမ်ားတယ္လို႔ ခံစားေနရတယ္ဗ်ာ။ အားလုံး အေျခအေနေတြ ျပန္ေကာင္းလာရင္ ကြၽန္ေတာ္နဲ႔အတြက္ ပိုေႏြးေထြးေစခဲ့တဲ့ ခရီးေတြ ထပ္သြားကဲခ်င္ေသးတယ္။” ဆိုျပီး အမွတ္တရေတြ ေျပာလာပါတယ္။

အဆိုေတာ္ ရဲေလးကေတာ့ သူ့ရဲ့ဘဝမွာ မိခင္ျပီးရင္ ညီျဖစ္သူ ဂ်ိဳကာကို အတြယ္တာဆံုးျဖစ္ျပီး ဂ်ိဳကာနဲ့လည္း ညီအစ္ကိုဆိုတာထက္ သူငယ္ခ်င္းလို စိတ္တူကုိယ္တူ ေပါင္းသင္းၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ရဲေလးတို့ ညီအစ္က္ုိနွစ္ေယာက္ရဲ့ အမွတ္တရေတြကိုၾကည့္ျပီး သေဘာက်ၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Ye Tun Min’s fb
Credit– Cele Connections

ချစ်ပရိသတ်ကြီးရ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲအဆိုတော်တစ်ယောက်ဖြစ်တဲ့ ရဲလေးက သီချင်းဆိုကောင်းရုံတင်မကပဲ သရုပ်ဆောင်လည်း ကောင်းမွန်သူတစ်ယောက် ဖြစ်ပါတယ်။ ရဲလေးက အနုပညာအလုပ်တွေကို အချိန်ပေးလုပ်ကိုင်သလို သူ့ရဲ့မိသားစုနဲ့ ပက်သတ်ရင်လည်း သားကောင်းတစ်ယောက်၊ အစ်ကိုကောင်းတစ်ယောက် ပီသသူပဲ ဖြစ်ပါတယ်။ အနုပညာနဲ့ ပက်သတ်ပြီးလည်း မှတ်တိုင်တွေများစွာရှိသလို မိသားစုအမှတ်တရတွေများစွာရှိတဲ့ ရဲလေးက ဒီတစ်ခေါက်ကမှာတော့ လွန်ခဲ့တဲ့ (၁၀) နှစ်က ညီဖြစ်သူ ဂျိုကာနဲ့အတူတူသွားခဲ့ဖူးတဲ့ စင်္ကာပူခရီးစဉ်အကြောင်းကို ပြောလာပါတယ်။

“2011 လောက်က ညီအစ်ကိုနှစ်ယောက်Singapore သွားခဲ့ကြတဲ့ပုံလေးတွေပါခင်ဗျ။ ဒါတွေ အမှတ်မထင်ပဲပြန်ရှာတွေ့တော့တွေးမိတာ ဘဝရဲ့ အမှတ်တရတွေထဲမှာ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်လုံး စိတ်တူကိုယ်တူသွားခဲ့ဖူးတဲ့ ခရီးစဉ်တွေလည်းပါတယ်ခင်ဗျ။ အဲ့ဒီတုန်းက Singapore မှာ နှစ်ယောက်သား အေးရာအေးကြောင်းလျှောက်သွား၊ လျှောက်စား၊ နှစ်ယောက်လုံးသဘောကျတတ်တဲ့ နေရာတွေကို သွားမယ်ဆိုပြီး စိတ်ထင်တဲ့အတိုင်း MRT တွေလျှောက်စီးလိုက်။ ရောက်ရာမှာ ဓာတ်ပုံတွေရိုက်နဲ့ပဲ။ Singapore ဆိုတာကလည်း စိတ်တူကိုယ်တူ အဖော်ကောင်းကောင်းနဲ့သွားလို့ကတော့လည်လို့ကုန်တာမှမဟုတ်ဘဲ…”

တကယ်ကို ညီအစ်ကိုနှစ်ယောက်အတွက် Quality time တွေဖန်တီးနိုင်ခဲ့တာသေချာတယ်။ အခုချိန် Singapore ကိုပြန်သွားခဲ့ရင်လည်း အဲ့ဒီတုန်းကလို နုပျိုမှုတွေမရှိတော့ရင်တောင် လွတ်လွတ်လပ်လပ် ပျော်စရာကောင်းနေဦးမယ်လို့ ယုံကြည်နေသေးတယ်ခင်ဗျ။ ကမ္ဘာကြီးမကျန်းမာချိန်မှာ သတိရစရာတွေက ပိုများတယ်လို့ ခံစားနေရတယ်ဗျာ။ အားလုံး အခြေအနေတွေ ပြန်ကောင်းလာရင် ကျွန်တော်နဲ့အတွက် ပိုနွေးထွေးစေခဲ့တဲ့ ခရီးတွေ ထပ်သွားကဲချင်သေးတယ်။” ဆိုပြီး အမှတ်တရတွေ ပြောလာပါတယ်။

အဆိုတော် ရဲလေးကတော့ သူ့ရဲ့ဘဝမှာ မိခင်ပြီးရင် ညီဖြစ်သူ ဂျိုကာကို အတွယ်တာဆုံးဖြစ်ပြီး ဂျိုကာနဲ့လည်း ညီအစ်ကိုဆိုတာထက် သူငယ်ချင်းလို စိတ်တူကိုယ်တူ ပေါင်းသင်းကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ရဲလေးတို့ ညီအစ်က်ုိနှစ်ယောက်ရဲ့ အမှတ်တရတွေကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Ye Tun Min’s fb
Credit– Cele Connections