လွန်ခဲ့တဲ့အနှစ် (၂၀) က ACID၊ R ဇာနည်တို့နဲ့ တောင်ကြီးမြို့ပေါ်ကအမှတ်တရတွေကို မနေ့တစ်နေ့ကအဖြစ်တစ်ခု

အတိုင်း ပြန်လည်ပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီ

းအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။တောင်ကြီးသားလေး စိုင်းစိုင်းခမ်းလှိုင်ကတော့ အနုပညာလောကထဲကို မထင်မရှား

လေး ဝင်ရောက်လာခဲ့ရာမှ အခုဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အောင်မြင်မှုတွေ ရရှိပိုင် ဆိုင်နေပြီပဲ ဖြစ်

ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က (၁၉၉၈) ခုနှစ် ပတ်ဝန်းကျင်မှာ ဂီတလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး လက်ရှိအ

ချိန်ထိတိုင် အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စိုင်းစိုင်းခမ်းလှိုင်

က လွန်ခဲ့တဲ့အနှစ် (၂၀) အဆိုတော်မဖြစ်ခင်က Acid၊ R ဇာနည်တို့နဲ့ အမှတ်တရတွေကို မနေ့တစ်နေ့ကအဖြစ်


တစ်ခုအတိုင်း ပြန်လည်အမှတ်တရပြောပြလာတာကို တွေ့ရပါတယ်။“အချိန်ကာလအားဖြင့် ကျနော်တို့ အားလုံး အဆို

တော်ဖြစ်ဖို့ တစ်နှစ်အလိုမှာ တောင်ကြီးတန်ဆောင်တိုင်သွားကြတယ်။ ကျွန်တော်ရယ် အနဂ္ဂရယ် Rဇာနည်ရယ် အောင်

မြတ်ရယ် အနဂ္ဂအမေက ကျနော်တို့ကို ရထားလက်မှတ် ဝယ်ပေးလိုက်တယ် ရိုးရိုးတန်း ရထားပေါ်မှာ ဂေါ်ဖီထုပ်တွေ

အပြည့်နဲ့ ကျနော်တို့ တစ်ညလုံး ဂေါ်ဖီထုပ်တွေပေါ် အိပ်ရင်းလိုက်သွားတာ နောက်နေ့နေ့လည်မှ သာစည်ရောက်

တယ်။ အဲလိုနဲ့ သာစည်ကနေ လိုင်းကားစီးပြီး တောင်ကြီးကိုရောက်ပေါ့။ ရန်ချန်းရယ် သီဟကြီးရယ် ဟိန်းဇော်


ရယ် (ဇေယျာသော် ပါသလား မမှတ်မိဘူး ) က Double Cap ကား အနောက်မှာ အမိုးမပါ အကာမပါနဲ့ လိုက်လာ

တယ် ”တောင်ကြီးမှာ ကျနော်တို့အိမ် ကားဂိုဒေါင်အပေါ်မှာ စုပြီး အိပ်ကြတယ် အုတ်ကန်ထဲကရေခပ်ချိုးရတာ ရန်

ချန်းက ငါ့ခေါင်းပေါ် အပ်တွေလောင်းချသလိုပဲတဲ့။ အဲ့နှစ်က ကျောက်တိုင်ကွင်းမှာ Emperor တီးတာ အနဂ္ဂက ဦးညီ

ထွဋ်သီချင်းမှာ Rap တစ်ပိုဒ်ဝင်ဆိုတာ ကျွန်တော်လည်း ငေးမောအားကျ။ မီးပုံးပျံပွဲက စက်မှုကွင်းမှာလုပ်တာ နောက်ရက်

ကျတော့ မသီရိဂျေမောင်မောင်က IC နဲ့ အဲ့မှာဆိုတယ် ကျနော်လည်း မသီရိနဲ့ Featuring ကပ်ဆိုရတယ်။ ပျော်လိုက်


တာ။ နေ့လည်ဆို တောင်ကြီးတက္ကသိုလ်က သူငယ်ချင်းတွေနဲ့ Canteen မှာသွားထိုင် ညဆိုတစ်ညလုံး ပွဲခင်းထဲ

ပတ် အနဂ္ဂက ပိုအေးအောင်လို့ ဆိုပြီး တီရှပ်နဲ့ လျှောက်သွားနေတာ။ တောင်ကြီးမှာ ဘယ်နှစ်ရက်နေခဲ့လည်း မမှတ်

မိဘူး ၅ ရက်လား တစ်ပတ်လား ဒါပေမဲ့ ဒီခရီးစဉ်က တကယ့်ကို အမှတ်တရပဲ ”“ရန်ကုန်အပြန်မှာ ဒေသထွက် ဟင်းသီး

ဟင်းရွက်တွေသယ်လာတာလည်း မှတ်မိတယ်။ ဒီနှစ် ACID နှစ် ၂၀ ပြည့်ပြီတဲ့။ ဒါဆို ကျွန်တော့် ချောကလက်ရောင်

ရေခဲအိမ်မက်ထွက်တာလည်း နှစ် ၂၀ ပြည့်ပြီ Radio က အနှစ် ၂၀ တေးများ ဆိုတဲ့ အစီအစဉ်မှာ ပါလို့ရသွားပြီ။ ဒီစာ

လေးက နှစ် ၂၀ ပြည့် Acid Rဇာနည် ကျွန်တော်နဲ့ တောင်ကြီး အမှတ်တရပေါ့ဗျာ” ဆိုပြီး ပြောပြလာခဲ့တာ ဖြစ်ပါ

တယ်။အစမှ အဆုံးဖတ် ပေးသော Cele top stars ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်

တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…

လြန္ခဲ့တဲ့အႏွစ္ (၂၀) က ACID၊ R ဇာနည္တို႔နဲ႔ ေတာင္ႀကီးၿမိဳ႕ေပၚကအမွတ္တရေတြကို မေန႔တစ္ေန႔ကအျဖစ္တစ္ခု

အတိုင္း ျပန္လည္ေျပာျပလာတဲ့ စိုင္းစိုင္းခမ္းလႈိင္ရဲ႕အေၾကာင္းေလးကို cele top stars ပရိတ္သတ္ႀကီ

းအတြက္ ျပန္လည္မွ်ေဝလိုက္ပါတယ္။ေတာင္ႀကီးသားေလး စိုင္းစိုင္းခမ္းလႈိင္ကေတာ့ အႏုပညာေလာကထဲကို မထင္မရွား

ေလး ဝင္ေရာက္လာခဲ့ရာမွ အခုဆိုရင္ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ ေအာင္ျမင္မႈေတြ ရရွိပိုင္ဆိုင္ေနၿပီပဲ ျဖစ္

ပါတယ္။ စိုင္းစိုင္းခမ္းလႈိင္က (၁၉၉၈) ခုႏွစ္ ပတ္ဝန္းက်င္မွာ ဂီတေလာကထဲကို ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး လက္ရွိအ

ခ်ိန္ထိတိုင္ ေအာင္ျမင္မႈကို ေရရွည္ထိန္းသိမ္းထားႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ စိုင္းစိုင္းခမ္းလႈိင္

က လြန္ခဲ့တဲ့အႏွစ္ (၂၀) အဆိုေတာ္မျဖစ္ခင္က Acid၊ R ဇာနည္တို႔နဲ႔ အမွတ္တရေတြကို မေန႔တစ္ေန႔ကအျဖစ္


တစ္ခုအတိုင္း ျပန္လည္အမွတ္တရေျပာျပလာတာကို ေတြ႕ရပါတယ္။“အခ်ိန္ကာလအားျဖင့္ က်ေနာ္တို႔ အားလုံး အဆို

ေတာ္ျဖစ္ဖို႔ တစ္ႏွစ္အလိုမွာ ေတာင္ႀကီးတန္ေဆာင္တိုင္သြားၾကတယ္။ ကြၽန္ေတာ္ရယ္ အနဂၢရယ္ Rဇာနည္ရယ္ ေအာင္

ျမတ္ရယ္ အနဂၢအေမက က်ေနာ္တို႔ကို ရထားလက္မွတ္ ဝယ္ေပးလိုက္တယ္ ႐ိုး႐ိုးတန္း ရထားေပၚမွာ ေဂၚဖီထုပ္ေတြ

အျပည့္နဲ႔ က်ေနာ္တို႔ တစ္ညလုံး ေဂၚဖီထုပ္ေတြေပၚ အိပ္ရင္းလိုက္သြားတာ ေနာက္ေန႔ေန႔လည္မွ သာစည္ေရာက္

တယ္။ အဲလိုနဲ႔ သာစည္ကေန လိုင္းကားစီးၿပီး ေတာင္ႀကီးကိုေရာက္ေပါ့။ ရန္ခ်န္းရယ္ သီဟႀကီးရယ္ ဟိန္းေဇာ္


ရယ္ (ေဇယ်ာေသာ္ ပါသလား မမွတ္မိဘူး ) က Double Cap ကား အေနာက္မွာ အမိုးမပါ အကာမပါနဲ႔ လိုက္လာ

တယ္ ”ေတာင္ႀကီးမွာ က်ေနာ္တို႔အိမ္ ကားဂိုေဒါင္အေပၚမွာ စုၿပီး အိပ္ၾကတယ္ အုတ္ကန္ထဲကေရခပ္ခ်ိဳးရတာ ရန္

ခ်န္းက ငါ့ေခါင္းေပၚ အပ္ေတြေလာင္းခ်သလိုပဲတဲ့။ အဲ့ႏွစ္က ေက်ာက္တိုင္ကြင္းမွာ Emperor တီးတာ အနဂၢက ဦးညီ

ထြဋ္သီခ်င္းမွာ Rap တစ္ပိုဒ္ဝင္ဆိုတာ ကြၽန္ေတာ္လည္း ေငးေမာအားက်။ မီးပုံးပ်ံပြဲက စက္မႈကြင္းမွာလုပ္တာ ေနာက္ရက္

က်ေတာ့ မသီရိေဂ်ေမာင္ေမာင္က IC နဲ႔ အဲ့မွာဆိုတယ္ က်ေနာ္လည္း မသီရိနဲ႔ Featuring ကပ္ဆိုရတယ္။ ေပ်ာ္လိုက္


တာ။ ေန႔လည္ဆို ေတာင္ႀကီးတကၠသိုလ္က သူငယ္ခ်င္းေတြနဲ႔ Canteen မွာသြားထိုင္ ညဆိုတစ္ညလုံး ပြဲခင္းထဲ

ပတ္ အနဂၢက ပိုေအးေအာင္လို႔ ဆိုၿပီး တီရွပ္နဲ႔ ေလွ်ာက္သြားေနတာ။ ေတာင္ႀကီးမွာ ဘယ္ႏွစ္ရက္ေနခဲ့လည္း မမွတ္

မိဘူး ၅ ရက္လား တစ္ပတ္လား ဒါေပမဲ့ ဒီခရီးစဥ္က တကယ့္ကို အမွတ္တရပဲ ”“ရန္ကုန္အျပန္မွာ ေဒသထြက္ ဟင္းသီး

ဟင္း႐ြက္ေတြသယ္လာတာလည္း မွတ္မိတယ္။ ဒီႏွစ္ ACID ႏွစ္ ၂၀ ျပည့္ၿပီတဲ့။ ဒါဆို ကြၽန္ေတာ့္ ေခ်ာကလက္ေရာင္

ေရခဲအိမ္မက္ထြက္တာလည္း ႏွစ္ ၂၀ ျပည့္ၿပီ Radio က အႏွစ္ ၂၀ ေတးမ်ား ဆိုတဲ့ အစီအစဥ္မွာ ပါလို႔ရသြားၿပီ။ ဒီစာ

ေလးက ႏွစ္ ၂၀ ျပည့္ Acid Rဇာနည္ ကြၽန္ေတာ္နဲ႔ ေတာင္ႀကီး အမွတ္တရေပါ့ဗ်ာ” ဆိုၿပီး ေျပာျပလာခဲ့တာ ျဖစ္ပါ

တယ္။အစမွ အဆုံးဖတ္ ေပးေသာ Cele top stars ပရိတ္သတ္ႀကီးအားေက်းဇူးတင္ပါတယ္ ။အႏုပညာရွင္

ေတြရဲ႕ သတင္းေတြကို အစဥ္အပ်က္ တင္ဆက္ေပးေနေသာ cele top stars page ေလးကို like and share ေလးျပဳလုပ္ေပးက်ပါအုံးေနာ္…