လွန်ခဲ့တဲ့ အနှစ် (၂၀) က အမှတ်တရတွေကို တစ်ယောက်တစ်လှည့်စီပြန်ပြောရင်း ငယ်ဘဝကို သတိရအောက်မေ့နေကြတဲ့
စိုင်းစိုင်းခမ်းလှိုင်နဲ့ မအေးသောင်းရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။
နိုင်ငံကျော် အနုပညာရှင်နှစ်ယောက်ဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ အေးဝတ်ရည်သောင်းကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလဝန်းကျင်မှာ
အနုပညာအလုပ်တွေကို အတူတူလုပ်ကိုင်ခဲ့ကြတဲ့ အနုပညာညီအစ်ကိုမောင်နှမတွေပဲ ဖြစ်ကြပါတယ်။ အေးဝတ်ရည်သောင်းနဲ့
စိုင်းစိုင်းခမ်းလှိုင်တို့ကတော့ အခုဆိုရင် လူလတ်ပိုင်းအရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် အခုအရွယ်ထိ အိမ်ထောင်မပြုသေးကြသေးတဲ့
လူပျိုကြီး၊ အပျိုကြီးတွေအဖြစ် ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။အနုပညာလောကမှာ အတူတူကျင်လည်ခဲ့ကြတဲ့ သူငယ်ချင်းတွေပီပီ
အမှတ်တရတွေအများကြီးရှိတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ မအေးသောင်းက ဒီတစ်ခါမှာတော့ လွန်ခဲ့တဲ့ အနှစ် (၂၀) က အမှတ်တရတွေကို
တစ်ယောက်တစ်လှည့်စီပြန်ပြောခဲ့ကြတာကို တွေ့ရပါတယ်။ အေးဝတ်ရည်သောင်းက “အူး အူး ဘေဘီချစ်လွန်းလို့ဆိုတဲ့
သီချင်းလေးနဲ့ ဖူဆန်ကွင်းထဲမှာကြော်ငြာရိုက်ခဲ့တာ အနှစ် ၂၀ အဲ့သီချင်းကိုပဲ စိုင်းစိုင်းပဲခူးကရှိုးပွဲမှာဆိုတော့ စမိုင်းနဲ့ငါနဲ့
တက်ဆိုခဲ့တာ အနှစ်နှစ်ဆယ်ပြည့်ပြီပေါ့ အဲ့တုန်းက အက်စစ်လည်းပါတယ်။” ဆိုပြီး သူမမှတ်မိတဲ့ အရာလေးကို
ပြောလာပါတယ်။ စိုင်းစိုင်းခမ်းလှိုင်ကလည်း အေးဝတ်ရည်သောင်းနဲ့ ပက်သတ်တဲ့ အမှတ်တရကို “ငါ့သီချင်းတွေတိုင်းကို
မင်းသမီးတစ်ယောက်စီနဲ့ရိုက်ခဲ့တာ။ ပထမဆုံးတစ်ယောက်က နင်ပဲ ပေါက်စီရေ” ဆိုပြီး ပြန်လည်ပြောပြလာပါတယ်။
စိုင်းစိုင်းခမ်းလှိုင်နဲ့ မအေးသောင်းတို့ကတော့ လွန်ခဲ့တဲ့ အနှစ် (၂၀) ကတည်းကနေ ဒီနေ့ဒီအချိန်ထိ အနုပညာအလုပ်တွေကို
အတူတူလုပ်ကိုင်ကာ ခင်မင်နေကြဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကိုယ်ချစ်ရတဲ့ အနုပညာရှင်နှစ်ယောက်ရဲ့
အမှတ်တရတွေကို သိရလို့ ကျေနပ်ကြမယ်လို့ ထင်ပါတယ်နော်။အစမှ အဆုံးဖတ် ပေးသော Cele top stars
ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော
cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်…
ဖတ်ရှုပေးကြတဲ့ Cele top stars ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို
ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။