သုသုကေတာ့ ခုျမန္မာနိုင္ငံက အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ျပည္သူေတြနဲ႔အတူ ရဲရဲဝင့္ဝင့္ ရပ္တည္ခဲ့သူတစ္ေယာက္ပါ။ရရာေနရာကေန လမ္းမေပၚထြက္ကာ ဆႏၵထုတ္ေဖာ္မႈေတြျပဳလုပ္ခဲ့တာကိုလည္းေလးစားစြာေတြ႕ျမင္ရပါတယ္။ ဒါ့အျပင္ လမ္းမေပၚထြက္ကာ လႈပ္ရွားမႈျပဳလုပ္ေနတဲ့ သူရဲေကာင္းေတြအျပင္ ညဘက္မွာ ပတ္ဝန္းက်င္လုံျခဳံမႈအတြက္ ကင္းေစာင့္ေပးၾကတဲ့ ျပည္သူမ်ားကိုလည္း အစားအေသာက္မ်ား လႉဒါန္းခဲ့ပါေသးတယ္။

အခုဆိုရင္ ရက္ေတြမ်ားစြာၾကာေနၿပီျဖစ္တဲ့ ဒီလူထုလႈပ္ရွားမႈႀကီးက အပစ္အခတ္ေတြ အတားအဆီးေတြေၾကာင့္ ျပည္သူေတြဟာ အသက္ေတြဆုံးရႈံးရသလို ညဘက္ေတြဆိုရင္လည္း ပစၥည္းဥစၥာေတြ အဖ်က္အဆီးခံေနရတာေၾကာင့္ ျပည္သူေတြဟာ စိုးရိမ္မႈေတြမ်ားစြာနဲ႔ေန ထိုင္ေနရတာပါ။ခုလိုအေျခအေနမ်ိဳးႀကီးမွာ အလုပ္အကိုင္ေတြလည္း အလြယ္တကူမလုပ္နိုင္တာေၾကာင့္ ျပည္သူ တစ္ခ်ိဳ႕ဟာ စားဝတ္ေနေရးအခက္အခဲေတြမ်ားစြာကိုၾကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။

ဒီလိုအဆင္မေျပမႈေတြနဲ႔ရင္ဆိုင္ေနရတဲ့ မိသားစုေတြကို ျပည္သူေတြေကာ အႏုပညာရွ င္ေတြက တတ္နိုင္သေလာက္ေထာက္ပံ့ကာလႉဒါန္းမႈေတြမ်ိဳးစုံလုပ္ေပးေနတာလည္း ဝမ္းသာစြာေတြ႕ရပါတယ္။အခုလည္းသုသုတစ္ေယာက္ လွိုင္သာယာက ျပည္သူေတြ စားဝတ္ေနေရးအဆင္ေျပေစရန္အတြက္ ဆန္၊ဆီ၊ၾကက္သြန္ စတဲ့အစားအေသာက္မ်ားကို တတ္နိုင္သေလာက္လႉဒါန္းခဲ့တာကိုေတြ႕ျမင္ရပါတယ္။အလႉပုံေလးေတြနဲ႔အတူ ” တမူးရလို တပဲလႉ တိုရွမ္းေတာင္သူ တူနိုင္ရိုးလား ဒီ အခ်ိန္မၽွေတာ့ ကိုယ္ရွိတဲ့ မ်ိဳးေစ့ ထဲကတက္နိုင္တာေလး ျပန္လႈ ျဖစ္တာပါ (ဆန္၊ဆီ၊ၾကက္သြန္၊အာလူး)(လွိုင္သာယာ မွာလႈဖို႔ပါ )”ဆိုတဲ့စာေလးကိုေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပး လိုက္ပါတယ္။

Credit– Cele Zone
Photo – Nyi Nyi Maung

သုသုကတော့ ခုမြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့် ရပ်တည်ခဲ့သူတစ်ယောက်ပါ။ရရာနေရာကနေ လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့တာကိုလည်းလေးစားစွာတွေ့မြင်ရပါတယ်။ ဒါ့အပြင် လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုပြုလုပ်နေတဲ့ သူရဲကောင်းတွေအပြင် ညဘက်မှာ ပတ်ဝန်းကျင်လုံခြုံမှုအတွက် ကင်းစောင့်ပေးကြတဲ့ ပြည်သူများကိုလည်း အစားအသောက်များ လှူဒါန်းခဲ့ပါသေးတယ်။

အခုဆိုရင် ရက်တွေများစွာကြာနေပြီဖြစ်တဲ့ ဒီလူထုလှုပ်ရှားမှုကြီးက အပစ်အခတ်တွေ အတားအဆီးတွေကြောင့် ပြည်သူတွေဟာ အသက်တွေဆုံးရှုံးရသလို ညဘက်တွေဆိုရင်လည်း ပစ္စည်းဥစ္စာတွေ အဖျက်အဆီးခံနေရတာကြောင့် ပြည်သူတွေဟာ စိုးရိမ်မှုတွေများစွာနဲ့နေ ထိုင်နေရတာပါ။ခုလိုအခြေအနေမျိုးကြီးမှာ အလုပ်အကိုင်တွေလည်း အလွယ်တကူမလုပ်နိုင်တာကြောင့် ပြည်သူ တစ်ချို့ဟာ စားဝတ်နေရေးအခက်အခဲတွေများစွာကိုကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။

ဒီလိုအဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတဲ့ မိသားစုတွေကို ပြည်သူတွေကော အနုပညာရှ င်တွေက တတ်နိုင်သလောက်ထောက်ပံ့ကာလှူဒါန်းမှုတွေမျိုးစုံလုပ်ပေးနေတာလည်း ဝမ်းသာစွာတွေ့ရပါတယ်။အခုလည်းသုသုတစ်ယောက် လှိုင်သာယာက ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန်၊ဆီ၊ကြက်သွန် စတဲ့အစားအသောက်များကို တတ်နိုင်သလောက်လှူဒါန်းခဲ့တာကိုတွေ့မြင်ရပါတယ်။အလှူပုံလေးတွေနဲ့အတူ ” တမူးရလို တပဲလှူ တိုရှမ်းတောင်သူ တူနိုင်ရိုးလား ဒီ အချိန်မျှတော့ ကိုယ်ရှိတဲ့ မျိုးစေ့ ထဲကတက်နိုင်တာလေး ပြန်လှု ဖြစ်တာပါ (ဆန်၊ဆီ၊ကြက်သွန်၊အာလူး)(လှိုင်သာယာ မှာလှုဖို့ပါ )”ဆိုတဲ့စာလေးကိုဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေး လိုက်ပါတယ်။

Credit– Cele Zone
Photo – Nyi Nyi Maung