ခ်စ္ပရိသတ္ႀကီးေရ ျပည္သူခ်စ္ အနုပညာရွင္ ယုန္ေလးကေတာ့ အနုပညာအလုပ္ေတြအေပၚမွာလည္း သူမ်ားတကာထက္ ၾကိဳးစားလုပ္ကိုင္သလို အနုပညာညီအစ္ကိုေမာင္နွမေတြအေပၚမွာလည္း ခင္မင္တြယ္တာတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။ ယုန္ေလးကေတာ့ တစ္ေကာင္ၾကြက္ဘဝနဲ့ အခ်ိန္ေတြအၾကာၾကီး ျဖတ္သန္းလာခဲ့ရတာေၾကာင့္ သူခင္မင္ရင္းနွီးတဲ့ မိတ္ေဆြသူငယ္ခ်င္းေတြကို မိသားစုလို သေဘာထား ဆက္ဆံသူတစ္ေယာက္ ျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္လည္း ယုန္ေလးက သူခင္တြယ္သလိုပဲ မိတ္ေဆြ သူငယ္ခ်င္းေတြဆီကလည္း ခ်စ္ျခင္းေမတၱာေတြကို အျပည့္အဝရရိွထားတာ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း ယုန္ေလးက သူ့ရဲ့ညီတစ္ေယာက္လို ေမတၱာထားခင္မင္ရတဲ့ ျခိမ့္ေကကိုရဲ့ သတင္းေကာင္းအတြက္ ဝမ္းသာေနတာကို ေတြ့ရပါတယ္။ ယုန္ေလးက ” ကဲ ကြ်န္ေတာ့္ IDOL ေလး အျပင္ျပန္ေရာက္ပါၿပီ။ အခ်ဴပ္က လြတ္ပါၿပီ။ မွ်တစြာ ေဆာင္ရြက္ေပးပါေသာ သက္ဆိုင္ရာ လူႀကီးမင္းမ်ား အားလံုးကို အထူးေက်းဇူးတင္ပါသည္ .” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေန ဝမ္းသာေၾကာင္း ေျပာလာပါတယ္။

ယုန္ေလးကေတာ့ သူ့ရဲ့ ညီငယ္တစ္ေယာက္လုိျဖစ္တဲ့ ျခိမ့္ေကကိုရဲ့ သတင္းေကာင္းအတြက္ ထပ္တူဝမ္းသာေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ျခိမ့္ေကကိုရဲ့ ဝမ္းသာစရာသတင္းေလးအတြက္ ယုန္ေလးနဲ့ ထပ္တူ ဝမ္းသာေနၾကမယ္ ထင္ပါတယ္။ ဖတ္ရႈေပးတဲ့ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယဗနာ္…။

Source: Yone Lay’s fb
Credit– Cele Connections

ချစ်ပရိသတ်ကြီးရေ ပြည်သူချစ် အနုပညာရှင် ယုန်လေးကတော့ အနုပညာအလုပ်တွေအပေါ်မှာလည်း သူများတကာထက် ကြိုးစားလုပ်ကိုင်သလို အနုပညာညီအစ်ကိုမောင်နှမတွေအပေါ်မှာလည်း ခင်မင်တွယ်တာတတ်သူတစ်ယောက် ဖြစ်ပါတယ်။ ယုန်လေးကတော့ တစ်ကောင်ကြွက်ဘဝနဲ့ အချိန်တွေအကြာကြီး ဖြတ်သန်းလာခဲ့ရတာကြောင့် သူခင်မင်ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေကို မိသားစုလို သဘောထား ဆက်ဆံသူတစ်ယောက် ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ယုန်လေးက သူခင်တွယ်သလိုပဲ မိတ်ဆွေ သူငယ်ချင်းတွေဆီကလည်း ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း ယုန်လေးက သူ့ရဲ့ညီတစ်ယောက်လို မေတ္တာထားခင်မင်ရတဲ့ ခြိမ့်ကေကိုရဲ့ သတင်းကောင်းအတွက် ဝမ်းသာနေတာကို တွေ့ရပါတယ်။ ယုန်လေးက ” ကဲ ကျွန်တော့် IDOL လေး အပြင်ပြန်ရောက်ပါပြီ။ အချူပ်က လွတ်ပါပြီ။ မျှတစွာ ဆောင်ရွက်ပေးပါသော သက်ဆိုင်ရာ လူကြီးမင်းများ အားလုံးကို အထူးကျေးဇူးတင်ပါသည် .” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ဝမ်းသာကြောင်း ပြောလာပါတယ်။

ယုန်လေးကတော့ သူ့ရဲ့ ညီငယ်တစ်ယောက်လိုဖြစ်တဲ့ ခြိမ့်ကေကိုရဲ့ သတင်းကောင်းအတွက် ထပ်တူဝမ်းသာနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခြိမ့်ကေကိုရဲ့ ဝမ်းသာစရာသတင်းလေးအတွက် ယုန်လေးနဲ့ ထပ်တူ ဝမ်းသာနေကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယဗနာ်…။

Source: Yone Lay’s fb
Credit– Cele Connections