သမီးလေးဖြစ်သူ သီဆိုဖို့ ကြိုးစားနေတဲ့ မီးမီခဲသီဆိုခဲ့တဲ့ သီချင်းဗီဒီယိုလေးကို ဝမ်းနည်းကြေကွဲစွာ သတိတရ တင်ပေးလာခဲ့တဲ့ ခင်ပွန်းဖြစ်သူ

အ ဆိုတော် မီးမီးခဲကတော့ အသံအေးအေးလေးနဲ့ ပရိသတ်တွေရဲ့ ရင်ထဲထိ နေရာယူထားဆဲပဲ ဖြစ်ပါတယ်။ သူမဟာ တေးသီချင်းပေါင်းများစွာကို ကိုယ်တိုင် ဖန်တီးရေးသား သီဆိုခဲ့သူတစ်ယောက်ဖြစ်ပြီး သီချင်းဟောင်းလေးတွေကိုလည်း အခုထက်ထိ ပရိသတ်တွေ နားဆင်နေကြဆဲပဲ ဖြစ်ပါတယ်။

သူမဟာ မကြာသေးခင်က ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပြီး ပရိသတ်တွေနဲ့ အနုပညာရှင်တွေ အားလုံးက ဝမ်းနည်းကာ နှမျောတသဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမအတွက် ရည်စူးကာ ဆုတောင်းပွဲကိုလည်း မီးမီးခဲရဲ့ ခင်ပွန်းက ဩစတေးလျနိုင်ငံမှာ ကျင်းပခဲ့တာပဲ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း မီးမီးခဲ ခင်ပွန်းဖြစ်သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ချစ်ဇနီးနေကောင်းစဉ်ကသီဆိုထားတဲ့ သီချင်းဗီဒီယိုဖိုင်လေးကို ပြန်လည်ဝေမျှပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီသီချင်းလေးကို သူ့ရဲ့ သမီးအငယ်ဆုံးလေးက ပြန်လည်သီဆိုဖို့လည်း ကြိုးပမ်းနေတာကိုလည်း အသိပေးရေးသားထားတာပဲ ဖြစ်ပါတယ်။ Brice က “Tonight Narnia with her baby cute voice was trying to sing this song. I know Narnia doesn’t understand this lyrics but it’s sad for us who do understand 😔”ဆိုပြီးတင်ထားတာပဲဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

video ကြည့်ရန်

Zawgyi



