


Credit ; (Cele Gabar)

ချစ်ပရိသတ်ကြီးရေ ကျရာဇာတ်ရုပ်မှန်သမျှကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် မင်းသား ညီနန္ဒကတော ကိုဗစ်ကာလမှာ ထောပတ်ထမင်းရောင်းချနေတာဖြစ်ပါတယ် ။ မကြာသေးမီကလည်း မင်္ဂလာသက်တမ်း (၁၁) နှစ်ပြည့် အလှူလေးအနေနဲ့ သုဝဏ္ဏမှာရှိတဲ့ ဧရာဝတီ ကိုဗစ်စင်တာမှာ ထောပတ်ထမင်း ဒါနအလှူနဲ့ ကုသိုလ်ယူခဲ့ပါသေးတယ် ။

လက်တလောမှာတော့ တစ်ဦးတည်းသောသမီးလေး စနိုးဖြူစင်ရဲ့ (၉)နှစ်ပြည့် မွေးနေ့လေးမှာ အနှေးယာဉ်ဆရာ (၉၀) ဦးအတွက် ထောပတ်ထမင်း ပွဲ (၉၀) အလှူဒါနပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ ကိုယ်တိုင်က ပညာရေးကို ဆုံးခန်းတိုင် မသင်ခဲ့ရတော့ သမီးလေးကို ထူးချွန်တဲ့ ပညာတတ်ကြီးဖြစ်စေချင်တယ်လို့ သမီးအပေါ်ထားရှိတဲ့ မျှော်လင့်ချက်တွေကို ညီနန္ဒ္ဘ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ် ။

သမီးလေးကို ကျန်းကျန်းမာမာနဲ့ အေးချမ်းပျော်ရွှင်တဲ့ဘဝလေးမှာ နေထိုင်သွားနိုင်ပါစေလို့လည်း ညီနန္ဒတို့ဇနီးမောင်နှံက ဆုမွန်ကောင်းတွေပေးခဲ့ပါသေးတယ် ။ သမီးလေး စနိုးဖြူစင်လည်း မွေးနေ့မှစပြီးနောင်နှစ်ပေါင်းများစွာထိ အသက်ရှည်အနာမဲ့ပြီး မိဘဖြစ်စေချင်တဲ့ ပညာတတ်ကြီးလည်းဖြစ်ပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…. ။

Source : Exclusive On Cele Gabar
Credit ; (Cele Gabar)