



ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီး စမိုင်းလ်ကတော့ သူမနဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်ရဲ့ ကြိုးစားမှုကြောင့် အခုဆိုရင် ပြည့်စုံတဲ့အခြေအနေတစ်ခုကို ရောက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံနှစ်ယောက်က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကိုလည်း တည်ထောင်ထားနိုင်သလို ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားနိုင်တာ ဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့ကတော့ စမိုင်းလ်ရဲ့ သမီးကြီးပေါ်ရှာရဲ့ (၁၆) နှစ်ပြည့် မွေးနေ့လေးပဲဖြစ်ပြီး စမိုင်းလ်က ပေါ်ရှာလေးအတွက် အခုလိုပဲ မွေးနေ့ဆုတောင်းစကားလေး ပြောလာတာကို တွေ့ရပါတယ်။

စမိုင်းလ်က “မေမေ့သမီးကြီး ၁၆နှစ်လည်းပြည့်ပြီဆိုတော့ပိုပြီးစဉ်းစားတတ်လာရမယ်၊ လူတွေအကြောင်းသိအောင်ကြိုးစားရမယ်။ ကိုယ်တိုင်လည်း Online shop လေးလုပ်နေပြီဆိုတော့လူတွေကိုဘယ်လိုပြောဆိုရမယ်ဆိုတာတွေလည်းဖြေးဖြေးချင်းသဘောပေါက်နေပြီ။ ပ်ုက်ဆံရှာရတာထင်သလောက်မလွယ်ဘူးဆိုတာသိလာပြီနော်။ အလုပ်တွေအဆင်ပြေလာလေပိုပင်ပန်းလေဆိုတာလည်းသိလာပြီနော်။ ဘဝမှာလုပ်စရာတွေအများကြီးကျန်သေးတယ် အေးဆေး ကလေးလေးလုပ်အုန်းနော် 😚 လိမ္မာသိတတ်တဲ့ကလေးလေးမေမေနဲ့ daddy ရဲ့အသဲကြီးသမီး Portia Happy sweet sixteen birthday 🎂” ဆိုပြီး ပေါ်ရှာလေးအတွက် ဆုံးမစကားတွေနဲ့အတူတူ အမှတ်တရမွေးနေ့ဆုတောင်းစကားပြောလာပါတယ်။

စမိုင်းလ်ကတော့ သမီးကြီးပေါ်ရှာတစ်ယောက် (၁၆) နှစ်ပြည့်သွားခဲ့ပြီဆိုပေမယ့် သူမအတွက် ကလေးလေးတစ်ယောက်လို မျက်စိထဲမှာ မြင်ယောင်နေသေးတာပဲ ဖြစ်ပါတယ်။ ပေါ်ရှာလေးလည်း ဖေဖေ၊ မေမေနားမှာ အခုလို အမြဲတမ်းရှိနေပြီး မိဘက အားကိုးထိုက်တဲ့ သမီးလေးတစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်….။

Source: စမိုင်းလ် Smile’s fb
Credit– Cele Connections