


unicode

မင်္ဂလာပါ ချစ်ပရိတ်သတ်ကြီးရေ….လတ်တလောမှာ လူကြိုက်အများဆုံးနဲ့ ပရိသတ်တွေ ကြားမှာ ရေပန်းစား အောင်မြင်နေတဲ့ သူလေးကတော့ သာထက်ဉာဏ်ဇော် ပဲဖြစ်ပါတယ်။ သူဟာ MRTV-4 ဇာတ်လမ်းတွဲ တွင် ပါဝင်သရုပ်ဆောင်ရာကနေ ကျော်ကြားလာတဲ့ မင်းသားလေး တစ်ဦး ဖြစ်ပြီး လက်ရှိအချိန်မှာလည်း မမှီဝဲနဲ့ ကင်းအောင်နေ ဇာတ်လမ်းတွဲ တွင် အဓိကဇာတ်ဆောင် နေရာကနေပါဝင်သရုပ်ဆောင်ကာ မိန်းမလှလေးတွေရဲ့ သည်းသည်း လှုပ်ချစ်တာကို ခံနေရတဲ့ သူလေး ဖြစ်ပါတယ်..။

ရုပ်ရှင်သရုပ်ဆောင် မင်းသမီးချောလေး ခွန်းနေခြည်ချို ကလည်း MRTV-4 ဇာတ်လမ်းတွဲ တွေ အများအပြားမှာ ပါဝင်ရိုက်ကူးကာ အောင်မြင်နေတဲ့ သူလေး ဖြစ်ပါတယ်။ သူမက တော့ မော်ဒယ် တစ်ဦးလည်း ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ကာ မြင်သူငေးရအောင် လှတဲ့ အနုပညာရှင်လေး ဖြစ်ပါတယ်။လက်ရှိမှာလည်း သူမရဲ့ ဇာတ်လမ်းတွဲလေးကို MRTV-4 တွင် ပြသနေတာ ဖြစ်ပြီး သရုပ်ဆောင် ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးသဘောကျတာကို ခံနေရတဲ့ မင်းသမီးချောလေး ပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင် သာထက်ဉာဏ် ဇော်နဲ့ ခွန်းနေခြည်ချိုတို့ဟာ ရိုက်ကွင်းထက်က ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေ အတွက် ထုတ်ပြလာတာ ဖြစ်ပါတယ်။ခွန်းနေခြည်ချိုကတော့ “ မင်းလိုရိုးသားတဲ့ကောင်လေးမျိုးနဲ့ကေသီဆုံချင်ခဲ့တာပါ ” ဟုဆိုပြီး အဆိုပါ ပုံရိပ်လေးတွေနဲ့ အတူ လူမူကွန်ယက် စာမျက်နှာ ထက်မှာ ရေးသားထားခဲ့ပါတယ်။ချစ်ပရိသတ်တွေ အတွက် သာထက်ဉာဏ်ဇော်နဲ့ ခွန်းနေခြည်ချိုတို့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည် မျှဝေပေးလိုက် ပါတယ်နော်။ဖတ်ရှူ့ပေးကြတဲ့ပရိတ်သတ်
ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Crd