ပရိတ်သတ်ကြီးရေ…ဂီတလောကမှာ မြန်မာသံတေးသီချင်းတွေကိုသီဆိုပြီး ပရိတ်သတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ တေးသံရှင်မေသက်ထားဆွေကတော့ငယ်စဉ်ကတည်းကသီချင်းဆိုပြိုင်ပွဲတွေမှာဝင်ပြိုင်ရင်း ရွှေတံဆိပ်ဆုတွေကိုရရှိခဲ့တဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်နော်။သူမက ဂီတနဲ့ပတ်သက်လာရင် ထူးခြားတဲ့ပါရမီပါခဲ့တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ငယ်စဉ်ကတည်းက သူမကိုချစ်တဲ့ပရိတ်သတ်အပြည့်အဝရရှိခဲ့တဲ့သူပဲဖြစ်ပါတယ်။ချိုသာလွန်းတဲ့အသံပိုင်ရှင်လေးမေသက်ထားဆွေကတော့ မြန်မာသံစဉ်ကိုပိုင်နိုင်စွာသီဆိုနိုင်ရုံတင်မကပဲ ခောတ်ပေါ်တေးသီချင်းတွေကိုပါသီဆိုနိုင်တဲ့ အဆိုရှင်တစ်ယောက်ပဲဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ…။

ပရိတ်သတ်တွေရဲ့မျက်စိရှေ့မှာတင် တဖြည်းဖြည်းအရွယ်ရောက်ပြီဖြစ်တဲ့မေသက်ထားဆွေက အေးဆေးတည်းငြိမ်ပြီး မြန်မာဆန်တဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတာကြောင့် ပရိတ်သတ်တွေက ယနေ့အထိသူမကို ချစ်မဝဖြစ်နေကြတာပဲဖြစ်ပါတယ်။စိတ်ထားဖြူစင်လွန်းတဲ့မေသက်ထားဆွေက အလှူအတန်းဆိုရင်လည်းလက်မနှေးပဲရက်ရက်ရောရောလှူဒါန်းတဲ့သူပဲဖြစ်ပါတယ်နော်..။ဒီကနေ့မှာဆိုရင်တော့ မေသက်ထားဆွေက ဆရာလေး သောမာထေရီဆိုတဲ့ ဘွဲ့နာမည်နဲ့ သာသနာ့ဘောင်ထဲသို ရာသက်ပန်ဝင်ရောက်သွားပြီဆိုတဲ့အကြောင်း ပရိတ်သတ်ကို အသိပေးပြောပြလာခဲ့တာဖြစ်ပါတယ်နော်..။

“*ဆရာလေး သောမာထေရီ/မေသက်ထားဆွေ*ဆရာလေး ဘယ်နှစ်ရက်ဝတ်မှာလဲ?ရာသက်ပန်ပါဘုရား။ဆရာလေး ဘာရည်ရွယ်ချက်နဲ့ ဝတ်တာလဲ?စာသင်ပြီး သီလရှင်ဘဝနဲ့ တရားဟောကြားချင်ပါတယ်ဘုရား။သာဓု သာဓု သာဓုပါဆရာလေး။
12.5.2021
===============
၂၀၁၉က ရေးခဲ့တာလေးကတော့၈.၁၀.၂၀၁၉ဒီနေ့ သမီးလေးမေသက်ထားဆွေက ဦးဇင်းကိုလျှောက်ထားပါတယ်။2020မှာ သမီးဆံပင်ကိုအရင်လှူမယ်ဘုရား။ ပြီးရင် သီလရှင်ကျောင်းမှာ သီလရှင်(၁)လပြည့်အောင်ဝတ်မယ်လို့စိတ်ကူးထားပါတယ်ဘုရားတဲ့။ မွန်မြတ်လှသော သူ့ရဲ့စိတ်ကူးလေးကို ဦးဇင်းကို ‌လျှောက်ထားပါတယ်။သာဓုပါသမီးလေး။သမီးရဲ့ကောင်းမြတ်လှတဲ့စိတ်အကြံ အဓိဌာန်တွေ အောင်မြင်နိုင်ပါစေ။**ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော်**” ဆိုပြီး ဆရာတော်တပါးက မေသက်ထားဆွေ (ခ) ဆရာလေး သောမာထရီရဲ့အကြောင်းကို အခုလိုမိန့်ခဲ့တာပဲဖြစ်ပါတယ်နော်..။အရာရာကိုစွန့်လွှတ်ပြတ်သားသည့် ကုသိုလ်စိတ်အားသူမချစ်သောပရိတ်သတ်များနဲ့ဓမ္မမိတ်ဆွေများ အံ့သြဝမ်းမြောက်သာဓုခေါ်ဆိုနိုင်ကြပါစေ….🙏🙏🙏။ဖတ်ရှုပေးတဲ့ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit ; Celebrity Platforms