လင်ယောကျာ်းနဲ့ သားသမီးတွေအပေါ် အနစ်နာခံဖြည့်စည်းပြီး အိမ်ထောင်ရှင်မပီသတဲ့ ချစ်ဇနီးအတွက် ချစ်စကားတွေနဲ့

မွေးနေ့ဆုတောင်းလာတဲ့ ခင်လှိုင်ရဲ့အကြောင်းလေးကို cele top stars ပရိတ်သတ်ကြီးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်။ပြည်သူချစ်အနုပညာရှင်


တစ်ယောက်ဖြစ်တဲ့ ခင်လှိုင်ကတော့ အနုပညာလောကမှာ နှစ်ပေါင်းသုံးဆယ်နီးပါးအောင်မြင်မှုရရှိနေပေမယ့် အကယ်ဒမီဆုကြီးနဲ့

အကြိမ်ကြိမ်လွဲချော်နေဆဲ ဖြစ်ပါတယ်။ အကယ်ဒမီဆိုတဲ့ ဆုတံဆိပ်ကြီးနဲ့ ဝေးကွာနေတဲ့ ခင်လှိုင်က တစ်နိုင်ငံလုံးက


ပရိသတ်တွေ အားပေးမှုကို ရရှိထားသူတစ်ယောက်ဖြစ်သလို ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်လည်း

ဖြစ်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့ကတော့ ခင်လှိုင်ရဲ့ အသည်းတစ်ခြမ်း ချစ်ဇနီးမငယ်ရဲ့ မွေးနေ့လေးပဲ


ဖြစ်ပါတယ်။ ခင်လှိုင်ကတော့ ချစ်ဇနီးရဲ့ အနစ်နာခံ အိမ်ထောင်ရှင်မပီသပုံတွေကို ပြောပြရင်း အခုလိုပဲ

မွေးနေ့ဆုတောင်းစကားပြောလာပါတယ်။“သားကိုသခင်…လင်ကိုဘုရား ကျွန်တော်ငယ်ထဲကကြားဘူးခဲ့တဲ့စကားလေးပါ။


အဲ့ဒီစကားလေးရဲ့အဓိပ္ပါယ်ကိုတော့ကျွန်တော်အခုအချိန်ရောက်မှသေသေချာချာနားလည်လာခဲ့တာပါ။ ခုလိုနားလည်လာခဲ့ရတာလဲ

ကျွန်တော့်ရဲ့ရှု့မငြီးတဲ့ ❤️❤️❤️ချစ်ဇနီးကြောင့်ပေါ့❤️❤️❤️ ကျွန်တော်လိုအပ်နေတာမှန်သမျှ သူအလိုလိုသိတယ်။

ကျွန်တော်ဖြစ်ချင်တဲ့အရာမှန်သမျှ သူလိုက်လျှောတယ်။ ကျွန်တော်ဆိုးပေတေခဲ့သမျှ သူသည်းခံပြီးချစ်ခဲ့တယ်။


သားသမီးတွေလိုအပ်တာမှန်သမျှ သူဖြည့်ဆည်းခဲ့တယ်”“သားသမီးတွေအတွက်လိုအပ်လာပြီဆိုရင် သူအလွန်မြတ်နိုးတန်ဖိုးထား

တဲ့သူရဲ့လက်ဝတ်ရတာနာတွေကို ရောင်းချပေးပြီးအပြီုးမပျက်ပျော်နေတတ်တယ်။ ကျွန်တော်ပင်ပန်းသလိုသူလဲထပ်တူအပင်ပန်းခံပြီး

မိသားစုအတွက်ကြိုးစားပေးခဲ့တဲ့ ကျွန်တော်ချစ်သောကျွန်တော်တို့ကိုချစ်သော ❤️❤️❤️ မငယ်လေး ..သို့မဟုက်..မငွေသိမ်း


မွေးနေ့ရက်မြတ်မင်္ဂလာမှစပြီးဘဝတစ်လျှောက်လုံး ငယ်လေးချစ်တဲ့မိသားစုကြီးနှင့်မခွဲမခွါအတူတကွ သာယာပျော်ရွှင်နိုင်ပါစေ မငွေသိမ်းရေ..

မှတ်ချက်…မွေးနေ့လက်ဆောင်ကတော့ ငဗစ်အလွန်”ဆိုပြီး မွေးနေ့ဆုတောင်းပေးလာပါတယ်။ခင်လှိုင်ကတော့ “သားကိုသခင် လင်ကိုဘုရား”

ဆိုတဲ့စကားကို ချစ်ဇနီးမငယ်ကြောင့်မှ သိခွင့်ရခဲ့တယ်ဆိုပြီး ကြည်ကြည်နူးနူးပြောလာတာပဲ ဖြစ်ပါတယ်။ ခင်လှိုင်တို့ မိသားစုလေး အခုလိုပဲ

ထာဝရပျော်ရွှင်ပြီး သာယာအေးချမ်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။အစမှ အဆုံးဖတ် ပေးသော

Cele top stars ပရိတ်သတ်ကြီးအားကျေးဇူးတင်ပါတယ် ။အနုပညာရှင်တွေရဲ့ သတင်းတွေကို အစဉ်အပျက် တင်ဆက်ပေးနေသော

cele top stars page လေးကို like and share လေးပြုလုပ်ပေးကျပါအုံးနော်… ဖတ်ရှုပေးကြတဲ့cele top stars

ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

လင္ေယာက်ာ္းနဲ႔ သားသမီးေတြအေပၚ အနစ္နာခံျဖည့္စည္းၿပီး အိမ္ေထာင္ရွင္မပီသတဲ့ ခ်စ္ဇနီးအတြက္ ခ်စ္စကားေတြနဲ႔

ေမြးေန႔ဆုေတာင္းလာတဲ့ ခင္လႈိင္ရဲ႕အေၾကာင္းေလးကို cele top stars ပရိတ္သတ္ႀကီးအတြက္ ျပန္လည္မွ်ေဝလိုက္ပါတယ္။ျပည္သူခ်စ္အႏုပညာရွင္


တစ္ေယာက္ျဖစ္တဲ့ ခင္လႈိင္ကေတာ့ အႏုပညာေလာကမွာ ႏွစ္ေပါင္းသုံးဆယ္နီးပါးေအာင္ျမင္မႈရရွိေနေပမယ့္ အကယ္ဒမီဆုႀကီးနဲ႔

အႀကိမ္ႀကိမ္လြဲေခ်ာ္ေနဆဲ ျဖစ္ပါတယ္။ အကယ္ဒမီဆိုတဲ့ ဆုတံဆိပ္ႀကီးနဲ႔ ေဝးကြာေနတဲ့ ခင္လႈိင္က တစ္ႏိုင္ငံလုံးက


ပရိသတ္ေတြ အားေပးမႈကို ရရွိထားသူတစ္ေယာက္ျဖစ္သလို ခ်စ္စရာေကာင္းတဲ့ မိသားစုေလးကို ပိုင္ဆိုင္ထားသူတစ္ေယာက္လည္း

ျဖစ္ပါတယ္။ ဒီကေန႔ ဒီဇင္ဘာလ (၁၂) ရက္ေန႔ကေတာ့ ခင္လႈိင္ရဲ႕ အသည္းတစ္ျခမ္း ခ်စ္ဇနီးမငယ္ရဲ႕ ေမြးေန႔ေလးပဲ


ျဖစ္ပါတယ္။ ခင္လႈိင္ကေတာ့ ခ်စ္ဇနီးရဲ႕ အနစ္နာခံ အိမ္ေထာင္ရွင္မပီသပုံေတြကို ေျပာျပရင္း အခုလိုပဲ

ေမြးေန႔ဆုေတာင္းစကားေျပာလာပါတယ္။“သားကိုသခင္…လင္ကိုဘုရား ကြၽန္ေတာ္ငယ္ထဲကၾကားဘူးခဲ့တဲ့စကားေလးပါ။


အဲ့ဒီစကားေလးရဲ႕အဓိပၸါယ္ကိုေတာ့ကြၽန္ေတာ္အခုအခ်ိန္ေရာက္မွေသေသခ်ာခ်ာနားလည္လာခဲ့တာပါ။ ခုလိုနားလည္လာခဲ့ရတာလဲ

ကြၽန္ေတာ့္ရဲ႕ရႈ႕မၿငီးတဲ့ ❤️❤️❤️ခ်စ္ဇနီးေၾကာင့္ေပါ့❤️❤️❤️ ကြၽန္ေတာ္လိုအပ္ေနတာမွန္သမွ် သူအလိုလိုသိတယ္။

ကြၽန္ေတာ္ျဖစ္ခ်င္တဲ့အရာမွန္သမွ် သူလိုက္ေလွ်ာတယ္။ ကြၽန္ေတာ္ဆိုးေပေတခဲ့သမွ် သူသည္းခံၿပီးခ်စ္ခဲ့တယ္။

သားသမီးေတြလိုအပ္တာမွန္သမွ် သူျဖည့္ဆည္းခဲ့တယ္”“သားသမီးေတြအတြက္လိုအပ္လာၿပီဆိုရင္ သူအလြန္ျမတ္ႏိုးတန္ဖိုးထား

တဲ့သူရဲ႕လက္ဝတ္ရတာနာေတြကို ေရာင္းခ်ေပးၿပီးအၿပီဳးမပ်က္ေပ်ာ္ေနတတ္တယ္။ ကြၽန္ေတာ္ပင္ပန္းသလိုသူလဲထပ္တူအပင္ပန္းခံၿပီး

မိသားစုအတြက္ႀကိဳးစားေပးခဲ့တဲ့ ကြၽန္ေတာ္ခ်စ္ေသာကြၽန္ေတာ္တို႔ကိုခ်စ္ေသာ ❤️❤️❤️ မငယ္ေလး ..သို႔မဟုက္..မေငြသိမ္း


ေမြးေန႔ရက္ျမတ္မဂၤလာမွစၿပီးဘဝတစ္ေလွ်ာက္လုံး ငယ္ေလးခ်စ္တဲ့မိသားစုႀကီးႏွင့္မခြဲမခြါအတူတကြ သာယာေပ်ာ္႐ႊင္ႏိုင္ပါေစ မေငြသိမ္းေရ..

မွတ္ခ်က္…ေမြးေန႔လက္ေဆာင္ကေတာ့ ငဗစ္အလြန္”ဆိုၿပီး ေမြးေန႔ဆုေတာင္းေပးလာပါတယ္။ခင္လႈိင္ကေတာ့ “သားကိုသခင္ လင္ကိုဘုရား”

ဆိုတဲ့စကားကို ခ်စ္ဇနီးမငယ္ေၾကာင့္မွ သိခြင့္ရခဲ့တယ္ဆိုၿပီး ၾကည္ၾကည္ႏူးႏူးေျပာလာတာပဲ ျဖစ္ပါတယ္။ ခင္လႈိင္တို႔ မိသားစုေလး အခုလိုပဲ

ထာဝရေပ်ာ္႐ႊင္ၿပီး သာယာေအးခ်မ္းတဲ့ ေန႔ရက္ေတြကို ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။အစမွ အဆုံးဖတ္ ေပးေသာ

Cele top stars ပရိတ္သတ္ႀကီးအားေက်းဇူးတင္ပါတယ္ ။အႏုပညာရွင္ေတြရဲ႕ သတင္းေတြကို အစဥ္အပ်က္ တင္ဆက္ေပးေနေသာ

cele top stars page ေလးကို like and share ေလးျပဳလုပ္ေပးက်ပါအုံးေနာ္… ဖတ္ရႈေပးၾကတဲ့cele top stars

ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။