မိုးယုစံကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း သားဦးလေးဖြစ်တဲ့ Austin ကို ကိုယ်ဝန်လွယ်ထားရတဲ့အချိန်ကစပြီး အနုပညာအလုပ်တွေရပ်နားပြီး မိသားစုကိုပဲ အချိန်ပေးနေခဲ့တာပါ ။ မိုးယုစံကိုချစ်သလို Austin လေးကို သည်းသည်းလှုပ်ချစ်ပေးကြတဲ့ ချစ်ပရိသတ်ကြီးအတွက် မကြာသေးမီက မှ ဒုတိယ ကိုယ်ဝန်ကိုလွယ်ထားရပြီဖြစ်ကြောင်း မိုးယုစံက အသိပေးခဲ့တာဖြစ်ပါတယ် ။

အခုတော့ ကိုယ်ဝန်က (၂၂) ပတ်ရှိပြီဖြစ်တယ်လို့လည်းသိရပါတယ် ။ လတ်တလောမှာတော့ ဗိုက်ဗိုက်ကလေး ၂၂ပတ်ရှိပီ သားနှစ်ယောက်မေမေဖြစ်တော့မယ် လူလည်းတဖြည်းဖြည်းဝလာပါပီ ဒီကာလကြီးမှာ မေမေတွေကျန်းမာရေးပိုဂရုစိုက်ကြနော် ဆိုတဲ့စာသားလေးနဲ့အတူ သားသားနှစ်ယောက် အမေဖြစ်တော့မယ့် မိုးယုစံက သူမရဲ့ အလှပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးခဲ့တာပါ။

ပရိသတ်တွေကတော့ ကိုယ်ဝန်ကြီးနဲ့ကျန်းမာရေး ဂရုစိုက်ဖို့နဲ့ချစ်စရာကောင်းတဲ့ နောက်ထပ်သားသားလေးတစ်ယောက်ကိုမွေးပေးဖို့ မှတ်ချက်တွေပေးခဲ့ကြပါတယ် ။ မိုးယုကိုချစ်ကြတဲ့ ဆယ်လီကမ္ဘာ ပရိသတ်ကြီးအတွက် မဗိုက်ရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Moe Yu San

Zawgyi




Source : Moe Yu San