ပရိတ္သတ္ႀကီးေရ အဆိုေတာ္ မီးမီးခဲ ကေတာ့ ကင္ဆာေရာ ဂါေဝဒနာကို အခ်ိန္အေတာ္ၾကာခံစားခဲ့ရၿပီး ေအာက္တိုဘာလ(၁၆) ရက္ေန႔တြင္ ထိုေရာဂါေၾကာင့္ပဲ ဘဝတစ္ပါးသို႔ ကူးေျပာင္းသြားခဲ့ရတာ ျဖစ္ပါတယ္။ မီးမီးခဲကို ကိုခ်စ္ၾကတဲ့ ပရိသတ္ေတြကလည္း အခုခ်ိန္ထိကို ဝမ္းနည္းေနၾကဆဲပဲ ျဖစ္ပါတယ္။ ကြယ္လြန္ သြားၿပီျဖစ္ေပမယ့္လည္း သူမရဲ့ သီခ်င္းေလးေတြကေတာ့ အားလုံးရဲ့ ရင္ထဲမွာ အခုခ်ိန္ထိ ရွိေနဆဲ ျဖစ္ပါတယ္…။

မေန႔ကေတာ့ မီးမီးခဲ ရဲ့ ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ မၾကာေသးခင္ နာရီပိုင္းက မီးမီးခဲ ခင္ပြန္းရဲ့ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ဓာတ္ပုံတစ္ခ်ိဳ႕နဲ႔ ဗီဒီယိုဖိုင္ေလးကို တင္ထားတာ ျဖစ္ပါတယ္။ဒါကေတာ့ ဇနီးျဖစ္သူရဲ့ေမြးေန႔ကို မေမ့မေလ်ာ့ဘဲ မီးမီးခဲရဲ့အုတ္ဂူေရွ႕မွာ ကေလးေတြနဲ႔အတူ က်င္းပေပး ခဲ့တဲ့ ဗီဒီယိုဖိုင္ေလးပဲ ျဖစ္ပါတယ္။ သူကလည္း ” Happy Heavenly Birthday Eh Tone ျပန္ဆုံမယ့္ ေန႔မွာကြယ္ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါ တယ္…။

ပရိသတ္ေတြကလည္း ဒီပို႔စ္ရဲ့ေအာက္မွာ မီးမီးခဲ အတြက္ ေမြးေန႔ဆုေတာင္းမ်ား comment တြင္ ေရးသားထားၾကတာကို ျမင္ေတြ႕ရပါတယ္။ မီးမီးခဲ တစ္ေယာက္ ၿငိမ္းခ်မ္းတဲ့ ဘုံဘဝမွာ ေအးခ်မ္းစြာျဖင့္ ေနထိုင္နိုင္ပါေစလို႔ဆုေတာင္းေပးလိုက္ ရပါတယ္။ ပရိသတ္ေတြလည္း ၾကည့္ရႈနိုင္ေအာင္ ဒီဗီဒီယိုဖိုင္ေလး ကိုပါ တင္ဆက္ေပးလိုက္ရပါတယ္…။

Source and Photo Crd-Brice Mmk’s Facebook Page
Credit MMLoad

ပရိတ်သတ်ကြီးရေ အဆိုတော် မီးမီးခဲ ကတော့ ကင်ဆာရော ဂါဝေဒနာကို အချိန်အတော်ကြာခံစားခဲ့ရပြီး အောက်တိုဘာလ(၁၆) ရက်နေ့တွင် ထိုရောဂါကြောင့်ပဲ ဘဝတစ်ပါးသို့ ကူးပြောင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ မီးမီးခဲကို ကိုချစ်ကြတဲ့ ပရိသတ်တွေကလည်း အခုချိန်ထိကို ဝမ်းနည်းနေကြဆဲပဲ ဖြစ်ပါတယ်။ ကွယ်လွန် သွားပြီဖြစ်ပေမယ့်လည်း သူမရဲ့ သီချင်းလေးတွေကတော့ အားလုံးရဲ့ ရင်ထဲမှာ အခုချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်…။

မနေ့ကတော့ မီးမီးခဲ ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းက မီးမီးခဲ ခင်ပွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ဓာတ်ပုံတစ်ချို့နဲ့ ဗီဒီယိုဖိုင်လေးကို တင်ထားတာ ဖြစ်ပါတယ်။ဒါကတော့ ဇနီးဖြစ်သူရဲ့မွေးနေ့ကို မမေ့မလျော့ဘဲ မီးမီးခဲရဲ့အုတ်ဂူရှေ့မှာ ကလေးတွေနဲ့အတူ ကျင်းပပေး ခဲ့တဲ့ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ သူကလည်း ” Happy Heavenly Birthday Eh Tone ပြန်ဆုံမယ့် နေ့မှာကွယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါ တယ်…။

ပရိသတ်တွေကလည်း ဒီပို့စ်ရဲ့အောက်မှာ မီးမီးခဲ အတွက် မွေးနေ့ဆုတောင်းများ comment တွင် ရေးသားထားကြတာကို မြင်တွေ့ရပါတယ်။ မီးမီးခဲ တစ်ယောက် ငြိမ်းချမ်းတဲ့ ဘုံဘဝမှာ အေးချမ်းစွာဖြင့် နေထိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက် ရပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုနိုင်အောင် ဒီဗီဒီယိုဖိုင်လေး ကိုပါ တင်ဆက်ပေးလိုက်ရပါတယ်…။

Source and Photo Crd-Brice Mmk’s Facebook Page
Credit MMLoad