




ပရိတ်သတ်ကြီးရေ…သရုပ်ဆောင်ခင်သဇင်ဟာဆိုရင် အနုပညာလောကမှာပရိတ်သတ်တွေရဲ့အားပေးမှုကိုရရှိထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်နော်။ဇာတ်လမ်းတွဲတွေမှာဆိုရင်လည်းပါဝင်ရိုက်ကူးခဲ့တဲ့သူမက သရုပ်ဆောင်ပိုင်နိုင်တဲ့အတွက် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကိုတစ်ခဲနက်ရရှိထားတာပဲဖြစ်ပါတယ်.။သူမဟာဆိုရင် လေယာဉ်မယ်တစ်ယောက်ဖြဟ်ပေမယ့်လည်း သူမဝါသနာပါရာ သရုပ်ဆောင်လုပ်ငန်းကိုတစိုက်မက်မက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်နော်.။

ခင်သဇင်က လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေမှာလည်း အမှန်တရားလက်ကနေ ပြည်သူလူထုနဲ့အတူတစ်သားတည်းရပ်တည်ပြီး ဖေဖော်ဝါရီလမှစတင်ကာလမ်းမပေါ်ထွက်ပြီး လွတ်လပ်စွာဆန္ဒဖော်ထုတ်ခဲ့တာပဲဖြစ်ပါတယ်နော်။လွတ်လပ်စွာဆန္ဒဖော်ထုတ်ခဲ့တဲ့သူမကို ပုဒ်မ၅၀၅(က)နဲ့တရားစွဲဖမ်းဝရမ်းထုတ်ခဲ့တာပဲဖြစ်ပါတယ်နော်။အဲ့ဒီလိုဖမ်းဝရမ်းထုတ်ခံရပြီးတဲ့နောက်ပိုင်းမှာသူမဟာတိမ်းရှောင်နေရတာပဲဖြစ်ပါတယ်။အခက်အခဲများစွာနဲ့ထွက်ပြေးတိမ်းရှောင်နေရတဲ့ခင်သဇင်ဟာ ရေပြောင်းမြေပြောင်းမှာ အသားအရေတွေလည်းဆုတ်ပြတ်ပြီးတော်တော်လေးကိုဒုက္ခတွေနဲ့ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

ကိုယ်တိုင်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ခင်သဇင်ဟာပြည်သူတွေအတွက်လည်း စိတ်ပူနေရှာပြီး ဘယ်လိုအမှနေလို့ထိုင်လို့မရပဲ ပျော်ရွှင်မှုဆိုတာလုံးဝမရှိတော့တဲ့အကြောင်းကို အခုလိုပဲပြောပြလာတာပဲဖြစ်ပါတယ်နော်။ခင်သဇင်က “ဘယ်လို အကြောင်းပြချက်တွေနဲ့ပျော်စရာကို ရှာဖွေရမလဲစဉ်စားလို့ မထွက်ဘူးဦးနှောက်ထဲမှာ အခဲလိုက်ကြီး တစ်ခုပိတ်ဆို့နေတယ်.. စိတ်ညစ်လို့ စာအုပ်ကိုင်မယ်လုပ်တော့လည်းအရှုပ်ထဲမှာ ရှင်းအောင်နေ ဖတ်ရမလားထိပ်ဆုံးသို့ နှင့် ကြီးပွါးရေး စာပေတွေပဲကိုင် ရမလားကမ္ဘာ့ ဒီမိုကရေစီ လမ်းစဉ်တွေပဲ လေ့လာရမလားပျော်အောင်နေနည်း နဲ့ စိတ်ဖိစီးမှု လျှော့ချရေးတွေပဲ ဖတ်ရမလားဦးနှောက်ကြီး က တင်းကျပ်ပြီး စဉ်းစားလို့ မရနေတုန်းခေါင်းထဲဝင်လာတာက ငါတို့ ပြည်သူတွေအဆင်မှ ပြေရဲ့လား

ATM စက်ရှေ့တွေပဲ မူးမေ့လဲနေကြပြီလားမိသားစုတွေ ဘာနဲ့ စားနေကြလဲတိုင်းပြည်ကြီးက ဘာဖြစ်မှာလဲစီးပွါးရေးတွေ ဘာဖြစ်မှာလဲပညာရေးတွေ ဘာဖြစ်မှာလဲလူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်…အိုး…. အစုံပါပဲ ..မျက်ရည်တွေသာ ထပ်ပြီး စီးကျလာတယ်အဖြေကရှာမရဘူးငါ့နှယ့် .. အနုပညာသမားအသဲကလည်း နုလိုက်တာ လွန်ပါရောလား… အဝေးကိုသာ တွေတွေကြီး ငေးရင်း အော် .. ငါဒီနေ့လည်း ဘာစာအုပ်မှ မဖတ်ဖြစ်လိုက်ပါလား ….ခင်သဇင် ၇၊၅၊၂၀၂၁ ” ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေရေးသားလာခဲ့တာပဲဖြစ်ပါတယ်နော်..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။

Source ; Khin Thazin Facebook Acc

Credit ; Celebrity Platforms