


Credit – Cele Zone

မင်္ဂလာပါ ပရိသတ်ကြီးရေ ပရိတ်သတ်တွေရဲ့ အချစ်တော် သဇင်ထူးမြင့် ကတော့ တတ်သစ်စ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ မင်းသမီးချောလေးပဲ ဖြစ်ပါတယ်။ ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ ခင်လှိုင်ရဲ့ သမီးအငယ်ဆုံးလေးဖြစ်တဲ့ သူမကတော့ အနုပညာပိုးအပြည့်ပါပြီး အနုပညာ အလုပ်တွေကို ကြိုးစားလုပ်ကိုင်လျက်ရှိနေပါတယ်။

ဒါ့အပြင် ယွန်းယွန်းဟာဆိုရင်လည်း အပြုံးချိုချိုလေးနဲ့ ပုရိသတွေရဲ့ အသည်းတစ်ခြမ်းကို ဖမ်းစားထားသူလေးဖြစ်ပြီး ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့မျက်စိရှေ့မှာတင် ကြီးပြင်းလာခဲ့တဲ့ ယွန်းက တစ်နေ့ တစ်ခြား ပိုပြီးလှသွေးကြွယ်လာသူလေးပါ ။

ယွန်းယွန်းနဲ့ သဇင်ထူးမြင့်တို့ကတော့ တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကာ ခင်မင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ကြပြီး အခုမှာတော့ သူငယ်ချင်းနှစ်ယောက် အတူတူအလုပ်တွေလုပ်ရင်း ဖြတ်သန်းခဲ့တဲ့ အမှတ်တရ အခွီလေးတွေကိုစုကာထားတဲ့ ဗီဒီယိုလေးကို ဝေမျှလာတာဖြစ်ပါတယ်။ ဗီဒီယိုလေးထဲမှာ နှစ်ယောက်လုံး အရမ်း ချစ်စရာကောင်းသလို ရယ်နေရတာကြောင့် အခါခါပြန်ကြည့်ချင်ရအောင်ပါပဲနော်။ ပရိသတ်ကြီးလည်း ယွန်းတို့ရဲ့ ဗီဒီယိုလေးကို ကြည့်ရှုနိုင်စေရန် မျှဝေပေး လိုက်ပါတယ်နေယ်…။

Credit – Cele Zone
Photo – Thazin Htoo Myint