ခ်စ္ပရိသတ္ႀကီးေရ နိုင္ငံျခားသူေလးတစ္ေယာက္လို ဘိုဆန္ဆန္မ်က္နွာေပါက္ေလးနဲ့ အရမ္းလွတဲ့ ယြန္းဝတီလြင္မိုးက ဆယ္ေက်ာ္သက္အရြယ္ကတည္းက ပရိသတ္ေတြရဲ႕ စိတ္ဝင္စားျခင္းကို အျပည့္အဝ ခံထားရသူေလး ျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးက ၿပီးခဲ့တဲ့ (၂၀၁၈) ခုႏွစ္အတြင္းမွာ အိမ္ေထာင္က်ခဲ့ၿပီး အခုဆိုရင္ ခ်စ္စရာေကာင္းတဲ့ သားေလးတစ္ေယာက္ကိုပါ ပိုင္ဆိုင္ထားၿပီ ျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးက လက္ရိွမွာေတာ့ သူမရဲ့ မိသားစုေတြနဲ့ ခြဲခြာျပီး ၾသစေတးလ်နိုင္ငံ မဲလ္ဘုန္းျမိဳ့မွာ ခင္ပြန္းျဖစ္သူနဲ့အတူတူ မျပီးျပတ္ေသးတဲ့ ပညာေတြကို သင္ယူဖို့ ေက်ာင္းသြားတက္ေနတာပဲ ျဖစ္ပါတယ္။

ဇန္နဝါရီလ (၄) ရက္ေန့ကေတာ့ ယြန္းဝတီလြင္မိုးတို့ ဇနီးေမာင္နွံရဲ့ အိမ္ေထာင္သက္ (၃) နွစ္တိတိျပည့္တဲ့ေန့ေလးပဲ ျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးက သူမတုိ့ဇနီးေမာင္နွံရဲ့ ၾကည္နူးစရာ အထိမ္းအမွတ္ေန့ေလးမွာ ခ်စ္ရတဲ့ခင္ပြန္း ကိုထက္ဦးလိႈင္ကို “3 Years wedding anni my hubba bubba..အရမ္းခ်စ္တယ္.. ျပီးေတာ့ ငါ့ရဲ့ ေန့ရက္တုိင္းကို မင္းနဲ့အတူတူျဖတ္သန္းခြင့္ရတဲ့အတြက္ ေျပာမျပတတ္ေအာင္ ဝမ္းသာမိတယ္” ဆိုျပီး သူမရဲ့ အင္စတာဂရမ္စာမ်က္နွာမွာ အမွတ္တရ ေျပာလာတာပဲ ျဖစ္ပါတယ္။

ယြန္းဝတီလြင္မိုးတို့ ဇနီးေမာင္နံွကေတာ့ ငယ္ငယ္ကတည္းက တစ္ေက်ာင္းတည္းတက္ၾကတဲ့ သူငယ္ခ်င္းေတြျဖစ္ျပီး အရြယ္ေရာက္လာခ်ိန္မွာ တစ္ေယာက္နဲ့တစ္ေယာက္ သံေယာဇဥ္ျဖစ္ကာ နွစ္ဖက္မိဘသေဘာတူၾကည္ျဖဴစြာနဲ့ လက္ထပ္ခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ယြန္းဝတီလြင္မိုးတို့ဇနီးေမာင္နွံနွစ္ေယာက္ (၃)နွစ္ျပည့္ မဂၤလာနွစ္ပတ္လည္ေန့မွသည္ ေနာက္နွစ္ေတြအမ်ားၾကီး သားသားမီးမီးေလးေတြနဲ့ ေပ်ာ္ရႊင္စြာ ေပါင္းဖက္နိုင္ၾကပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Yun Wady Lwin Moe ‘s ig
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ နိုင်ငံခြားသူလေးတစ်ယောက်လို ဘိုဆန်ဆန်မျက်နှာပေါက်လေးနဲ့ အရမ်းလှတဲ့ ယွန်းဝတီလွင်မိုးက ဆယ်ကျော်သက်အရွယ်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို အပြည့်အဝ ခံထားရသူလေး ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်အတွင်းမှာ အိမ်ထောင်ကျခဲ့ပြီး အခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက လက်ရှိမှာတော့ သူမရဲ့ မိသားစုတွေနဲ့ ခွဲခွာပြီး သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ခင်ပွန်းဖြစ်သူနဲ့အတူတူ မပြီးပြတ်သေးတဲ့ ပညာတွေကို သင်ယူဖို့ ကျောင်းသွားတက်နေတာပဲ ဖြစ်ပါတယ်။

ဇန်နဝါရီလ (၄) ရက်နေ့ကတော့ ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်သက် (၃) နှစ်တိတိပြည့်တဲ့နေ့လေးပဲ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးက သူမတို့ဇနီးမောင်နှံရဲ့ ကြည်နူးစရာ အထိမ်းအမှတ်နေ့လေးမှာ ချစ်ရတဲ့ခင်ပွန်း ကိုထက်ဦးလှိုင်ကို “3 Years wedding anni my hubba bubba..အရမ်းချစ်တယ်.. ပြီးတော့ ငါ့ရဲ့ နေ့ရက်တိုင်းကို မင်းနဲ့အတူတူဖြတ်သန်းခွင့်ရတဲ့အတွက် ပြောမပြတတ်အောင် ဝမ်းသာမိတယ်” ဆိုပြီး သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာ အမှတ်တရ ပြောလာတာပဲ ဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးတို့ ဇနီးမောင်နှံကတော့ ငယ်ငယ်ကတည်းက တစ်ကျောင်းတည်းတက်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အရွယ်ရောက်လာချိန်မှာ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်ဖြစ်ကာ နှစ်ဖက်မိဘသဘောတူကြည်ဖြူစွာနဲ့ လက်ထပ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက် (၃)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှသည် နောက်နှစ်တွေအများကြီး သားသားမီးမီးလေးတွေနဲ့ ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Yun Wady Lwin Moe ‘s ig