


Source: Ar-T’s fb

မင်္ဂလာပါပရိတ်သတ်ကြီးရေ မြူးမြူးကြွကြွ သီချင်းတွေကို အများဆုံးသီဆိုတတ်တဲ့ မန္တလေးသားလေး Ar-T ကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထား သူပါ။ Ar-T က နောက်ပိုင်းမှာတော့ ခံစားချက်ပါတဲ့ အချစ်၊ အလွမ်း၊ အဆွေး သီချင်းတွေကို သီဆိုချိန်မှာလည်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကို ရရှိခဲ့ပြီး ဂီတမှတ်တိုင် တွေ များစွာကိုလည်း စိုက်ထူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ သီချင်းဆိုကောင်းသလို စိတ်သဘောမနော လည်းကောင်းမွန်တဲ့ Ar-T ကို ပရိသတ်တွေသာမက အနုပညာအသိုင်းအဝိုင်း ကပါ ချစ်ခင်ကြတာပဲ ဖြစ်ပါတယ်..။

ဒီကနေ့မှာတော့ နိုင်ငံကျော်အဆိုတော် Ar-T က သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်သူ အဆိုတော်၊ သရုပ်ဆောင် သဇင်အတွက် အမှတ်တရမွေးနေ့ဆုတောင်းပေးရင်း ငယ်ငယ်က အမှတ် တရတွေကို ပြန်လည်သတိရနေတာ တွေ့ရပါတယ်။ Ar-T က “ Happy Birthday သူငယ်ချင်း​ Thazin Thet ရေ. …. . 🎂 ငယ်ငယ်ကလို surprise လုပ်​ပေး ချင် တာ​နော် … ကျန်းမာ​ပျော်ရွှင်ပါ​စေ ❤👑❤ ” ဟုဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ မွေးနေ့ဆုမွန်ကောင်းတောင်း ပေးလာခဲ့တာ ဖြစ်ပါတယ်..။

အဆိုတော် သဇင်ကတော့ အိမ်ထောင်ကျပြီးကတည်းက ခင်ပွန်းဖြစ်သူနဲ့ နိုင်ငံခြားမှာ ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် ကလေးနှစ်ယောက် မေမေတောင်ဖြစ်နေပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင် သဇင်အတွက် အမှတ်တရ မွေးနေ့ဆုတောင်းပေးခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်..။

Credit – Cele Connections