ခ်စ္ပရိသတ္ႀကီးေရ သ႐ုပ္ေဆာင္ မင္းသားေခ်ာ ပိုင္တံခြန္ကေတာ့ လူငယ္တစ္ေယာက္ျဖစ္ေပမယ့္ ဘာသာေရးနဲ့ ကုသိုလ္ေရးမွာ ေရွ့ဆံုးကေန တက္တက္ၾကြၾကြလႈပ္ရွားေနသူတစ္ေယာက္ျဖစ္ပါတယ္။ ပိုင္တံခြန္က ျပီးခဲ့တဲ့ရက္ပိုင္းအခ်ိဳ့ကပဲ ရဟန္းခံဘုန္းၾကီးဝတ္ခဲ့ျပီး မိဘေက်းဇူးဆပ္ခဲ့သလို ဒီကေန့မွာလည္း သူ ဆံခ်၊ ရဟန္းခံခဲ့တဲ့ ဘုန္းၾကီးေက်ာင္းအတြက္ ေငြသိန္း(၁၀၀) မတည္ျပီး သိမ္ေက်ာင္းတိုက္နဲ့တကြ ေက်ာင္းေဆာင္ေတြကို (၇) ရက္သားသမီးအလွဴရွင္ေတြနဲ့ လွဴဒါန္းမယ့္အေၾကာင္း အခုလိုပဲ ေျပာျပလာပါတယ္။

“ကြ်န္ေတာ္က ဒီဘုန္းႀကီးေက်ာင္းေလးမွာ ဆံခ်ၿပီး ရဟန္းဘဝရခဲ့တာပါ။ အဓိကက ေက်ာင္းေလးက ဆင္းရဲတဲ့ အတြက္ ဒီေနရာမွာ သာသနာလုပ္ငန္းေတြ လုပ္ေပးခ်င္တဲ့ ဆႏၵ ေၾကာင့္ တျခားေက်ာင္းမွာ မဝတ္ပဲ ကြ်န္ေတာ္ဒီမွာ ရဟန္းဝတ္ခဲ့တာပါ။ ဒီဘုန္ႀကီးေက်ာင္းေလးက အလႉရွင္ အရမ္းနည္းပါးတဲ့အျပင္ ရဟန္းေနဖို႔ အေဆာင္ ၊ ထမင္းစားေဆာင္ ၊ တရားခ်တဲ့အေဆာင္၊ စာသင္ေဆာင္၊ ရဟန္းေတြ အတြက္ အေရးႀကီးဆုံးျဖစ္တဲ့ သိမ္ေက်ာင္းေဆာင္ ရယ္လို႔ ေက်ာင္းဝင္းထဲမွာ မရွိပါဘူး။ သိမ္မရွိေတာ့ တျခားဘုန္းႀကီးေက်ာင္းမွာ ကြ်န္ေတာ္သိမ္ဝင္ရပါတယ္။ ဆရာေတာ္ကလည္း ေမတၱာႀကီးမားသလို ဘယ္သူ႔ဆီမွာမွ အလႉလည္းမခံခဲ့ပါဘူး။ ကြ်န္ေတာ္က ရဟန္းအျဖစ္နဲ႔ ဒီေက်ာင္းေလးမွာ တစ္ရက္ပဲ ကုသိုလ္ေရးေတြ လုပ္ျဖစ္ခဲ့တယ္။ၿပီးေတာ့မွ တစ္ေယာက္တည္း တရားအားထုတ္ခ်င္လို႔ ျမဝတီၿမိဳ႕ကို ထြက္သြားၿပီး သစ္တံခါးဆရာေတာ္ဘုရားႀကီးဆီမွာ ရဟန္းဘဝနဲ႔ ကုသိုလ္ေရးေတြ လုပ္ၿပီး တရားအားထုတ္ခဲ့ပါတယ္။”

“ျမဝတီမသြား ခင္မွာလည္း ဆရာေတာ္ကို ေျပာခဲ့ပါတယ္။ တပည့္ေတာ္ လူထြက္လာရင္ ဒီေက်ာင္းကို အစစအရာရာ ျပည့္စုံေအာင္ မတည္ၿပီး လႉဒါန္းေပးမယ္လို႔ တစ္ေယာက္တည္းမႏိုင္ရင္လည္း ပရိတ္သတ္ေတြကိုလည္း နိဗၺာန္ေဆာ္ေပးမယ္လို႔ ေျပာခဲ့ပါတယ္။ အခု ဒီဘုန္းႀကီးေက်ာင္းေလးအတြက္ ပထမအေနနဲ႔ သိမ္ေက်ာင္းတိုက္ကို အရင္ဆုံး ေဆာက္လုပ္လႉဒါန္းေပးျခင္တဲ့အတြက္ ကြ်န္ေတာ္ကစၿပီး အလႉေငြက်ပ္ သိန္းတစ္ရာ မတည္လိုပါတယ္။ ပရိတ္သတ္ေတြ ကိုလည္း သံသရာ မွာ ကြ်န္ေတာ္နဲ႔ ေရစက္အတူတူ ပါေအာင္ ေငြ ၁၀၀၀ / ၁၀၀၀၀ ကစ ပါဝင္လႉဒါန္းေပးပါလို႔ နိဗၺာန္ေဆာ္ပါရေစခင္မ်ာ 🙏🖤ေလာေလာဆယ္ ကြ်န္ေတာ္ရဲ႕ သိမ္ေတာ္ေဆာက္ဖို႔အလႉမွာ သဒၵါထက္သန္စြာနဲ႔ လႉဒါန္းေပးခဲ့တဲ့ အလႉရွင္ေတြရွိပါတယ္ခင္မ်ာ”ဆိုျပီး သူ့ရဲ့ အလွဴအေၾကာင္းေလး ေျပာလာပါတယ္။

ပိုင္တံခြန္ကေတာ့ သူရဟန္းခံခဲ့တဲ့ ဘုန္းၾကီးေက်ာင္းေလးရဲ့ လိုအပ္ေနတဲ့ ေက်ာင္းေဆာင္ေတြကို ျဖည္းျဖည္းခ်င္းျဖည့္စည္းေပးသြားမွာျဖစ္ျပီး ပထမဦးဆံုးအေနနဲ့ သိမ္ေက်ာင္းေဆာင္တစ္ခုကို သိန္း (၁၀၀) မတည္ေပးျပီး (၇) ရက္သားသမီးအလွဴရွင္ေတြနဲ့ စုေပါင္းလွဴဒါန္းသြားမွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: Paing Takhon’s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသားချော ပိုင်တံခွန်ကတော့ လူငယ်တစ်ယောက်ဖြစ်ပေမယ့် ဘာသာရေးနဲ့ ကုသိုလ်ရေးမှာ ရှေ့ဆုံးကနေ တက်တက်ကြွကြွလှုပ်ရှားနေသူတစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြီးခဲ့တဲ့ရက်ပိုင်းအချို့ကပဲ ရဟန်းခံဘုန်းကြီးဝတ်ခဲ့ပြီး မိဘကျေးဇူးဆပ်ခဲ့သလို ဒီကနေ့မှာလည်း သူ ဆံချ၊ ရဟန်းခံခဲ့တဲ့ ဘုန်းကြီးကျောင်းအတွက် ငွေသိန်း(၁၀၀) မတည်ပြီး သိမ်ကျောင်းတိုက်နဲ့တကွ ကျောင်းဆောင်တွေကို (၇) ရက်သားသမီးအလှူရှင်တွေနဲ့ လှူဒါန်းမယ့်အကြောင်း အခုလိုပဲ ပြောပြလာပါတယ်။

“ကျွန်တော်က ဒီဘုန်းကြီးကျောင်းလေးမှာ ဆံချပြီး ရဟန်းဘဝရခဲ့တာပါ။ အဓိကက ကျောင်းလေးက ဆင်းရဲတဲ့ အတွက် ဒီနေရာမှာ သာသနာလုပ်ငန်းတွေ လုပ်ပေးချင်တဲ့ ဆန္ဒ ကြောင့် တခြားကျောင်းမှာ မဝတ်ပဲ ကျွန်တော်ဒီမှာ ရဟန်းဝတ်ခဲ့တာပါ။ ဒီဘုန်ကြီးကျောင်းလေးက အလှူရှင် အရမ်းနည်းပါးတဲ့အပြင် ရဟန်းနေဖို့ အဆောင် ၊ ထမင်းစားဆောင် ၊ တရားချတဲ့အဆောင်၊ စာသင်ဆောင်၊ ရဟန်းတွေ အတွက် အရေးကြီးဆုံးဖြစ်တဲ့ သိမ်ကျောင်းဆောင် ရယ်လို့ ကျောင်းဝင်းထဲမှာ မရှိပါဘူး။ သိမ်မရှိတော့ တခြားဘုန်းကြီးကျောင်းမှာ ကျွန်တော်သိမ်ဝင်ရပါတယ်။ ဆရာတော်ကလည်း မေတ္တာကြီးမားသလို ဘယ်သူ့ဆီမှာမှ အလှူလည်းမခံခဲ့ပါဘူး။ ကျွန်တော်က ရဟန်းအဖြစ်နဲ့ ဒီကျောင်းလေးမှာ တစ်ရက်ပဲ ကုသိုလ်ရေးတွေ လုပ်ဖြစ်ခဲ့တယ်။ပြီးတော့မှ တစ်ယောက်တည်း တရားအားထုတ်ချင်လို့ မြဝတီမြို့ကို ထွက်သွားပြီး သစ်တံခါးဆရာတော်ဘုရားကြီးဆီမှာ ရဟန်းဘဝနဲ့ ကုသိုလ်ရေးတွေ လုပ်ပြီး တရားအားထုတ်ခဲ့ပါတယ်။”

“မြဝတီမသွား ခင်မှာလည်း ဆရာတော်ကို ပြောခဲ့ပါတယ်။ တပည့်တော် လူထွက်လာရင် ဒီကျောင်းကို အစစအရာရာ ပြည့်စုံအောင် မတည်ပြီး လှူဒါန်းပေးမယ်လို့ တစ်ယောက်တည်းမနိုင်ရင်လည်း ပရိတ်သတ်တွေကိုလည်း နိဗ္ဗာန်ဆော်ပေးမယ်လို့ ပြောခဲ့ပါတယ်။ အခု ဒီဘုန်းကြီးကျောင်းလေးအတွက် ပထမအနေနဲ့ သိမ်ကျောင်းတိုက်ကို အရင်ဆုံး ဆောက်လုပ်လှူဒါန်းပေးခြင်တဲ့အတွက် ကျွန်တော်ကစပြီး အလှူငွေကျပ် သိန်းတစ်ရာ မတည်လိုပါတယ်။ ပရိတ်သတ်တွေ ကိုလည်း သံသရာ မှာ ကျွန်တော်နဲ့ ရေစက်အတူတူ ပါအောင် ငွေ ၁၀၀၀ / ၁၀၀၀၀ ကစ ပါဝင်လှူဒါန်းပေးပါလို့ နိဗ္ဗာန်ဆော်ပါရစေခင်မျာ 🙏🖤လောလောဆယ် ကျွန်တော်ရဲ့ သိမ်တော်ဆောက်ဖို့အလှူမှာ သဒ္ဒါထက်သန်စွာနဲ့ လှူဒါန်းပေးခဲ့တဲ့ အလှူရှင်တွေရှိပါတယ်ခင်မျာ”ဆိုပြီး သူ့ရဲ့ အလှူအကြောင်းလေး ပြောလာပါတယ်။

ပိုင်တံခွန်ကတော့ သူရဟန်းခံခဲ့တဲ့ ဘုန်းကြီးကျောင်းလေးရဲ့ လိုအပ်နေတဲ့ ကျောင်းဆောင်တွေကို ဖြည်းဖြည်းချင်းဖြည့်စည်းပေးသွားမှာဖြစ်ပြီး ပထမဦးဆုံးအနေနဲ့ သိမ်ကျောင်းဆောင်တစ်ခုကို သိန်း (၁၀၀) မတည်ပေးပြီး (၇) ရက်သားသမီးအလှူရှင်တွေနဲ့ စုပေါင်းလှူဒါန်းသွားမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source: Paing Takhon’s fb
Credit – Cele Connections