ပရိသတ္ေတြရဲ့… အားေပးခ်စ္ခင္ျခင္းကို အျပည့္အဝ ရရွိထားတဲ့ သ႐ုပ္ေဆာင္ မင္းသား ေနေဒြး ကေတာ့ ခုလတ္တေလာမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေဖေဖာ္ဝါရီလ ထဲကေန ဒီေန႔ထိ ျပည္သူလူထုနဲ႔အတူရပ္တည္ကာ လမ္းေပၚထြက္လႈပ္ရွားမႈေတြကို အားတတ္သေရာျပဳလုပ္သလို လႈပ္ရွားမႈျပဳလုပ္ေနတဲ့ ျပည္သူေတြအတြက္လည္း အစားအေသာက္မ်ားနဲ႔ ကာကြယ္ေရး ပစၥည္းမ်ားကို လႉဒါန္းလ်က္ရွိပါတယ္…။

ခုလိုအခ်ိန္မွာ အစစအရာရာကို ဘက္ေပါင္းစုံကေန ပါဝင္ကူညီ အားျဖည့္ေပး ေနတဲ့ အႏုပညာရွင္ေတြ ရွိေနတာေၾကာင့္လည္း ဒီလႈပ္ရွားမႈႀကီးက ခုခ်ိန္ထိ စည္းလုံး ညီညြတ္ၿပီး အသက္ဝင္ေနခဲ့တာပါ။ျပည္သူေတြကလည္း ဘယ္လို အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါေစ ေနာက္မဆုတ္ဘဲ ယုံၾကည္ခ်က္ေတြအတြက္ အသက္ကိုပင္ေပးကာ ေရွ႕ဆက္လွမ္းေနၾကတာလည္းျဖစ္ပါတယ္…။

အခုလည္း ေနေဒြး က လာမယ့္ တနဂၤေႏြေန႔မွာ သူရဲ့ ေအာ္ဂဲနစ္ဆန္ မ်ားကို live လႊင့္ေရာင္းခ်ၿပီး ရသမၽွေငြေၾကးကို အလႉ အတြက္ အသုံးျပဳမယ့္ အေၾကာင္းကို ” ဒီလထဲမွာ ကၽြန္ေတာ္ရဲ့ အႏုပညာအသိုင္းအဝိုင္း ထဲက ခ်ိဳ႕တဲ့လူၾကမ္းမ်ား စက္အဖြဲ႕သားမ်ား ႏွင့္ ခ်ိဳ႕တဲ့သက္ႀကီးရြယ္အိုဘိုးဘြားရိပ္သာမ်ား ႏွင့္ စားဝတ္ေနေရးခက္ခဲေနေသာ သက္ႀကီးရြယ္အိုမ်ားပါရွိေသာ သီလရွင္ေက်ာင္းမ်ား ကိုလႈဒါန္းဖို႔အတြက္ အခုလာမည့္တနဂၤေႏြေန႔တြင္ ကၽြန္ေတာ္ရဲ့ JITTOO ေအာ္ဂန္းနစ္စူပါဆန္မ်ားကို အိတ္ ၃၀ Live လႊင့္ေရာင္းခ်ပါ့မယ္ဗ် အဲ့အိတ္ ၃၀ ေရာင္းရေငြအကုန္လုံး ႏွင့္ စုေပါင္းအလႈရွင္ မ်ားပူေပါင္းၿပီး လႈဒါန္းသြားပါမည္ခင္ဗ် Live လႊင့္ေရာင္းခ်မည့္ တနဂၤေႏြေန႔တြင္ အထူးႏႈန္းျဖင့္ေရာင္းခ်ေပးသြားပါမည္ အဲ့ေရာင္းရေငြ အိတ္ ၃၀လုံးကိုလည္း အလႈမ်ားအတြက္ပဲအသုံးျပဳသြားမည္ျဖစ္ပါတယ္ခင္ဗ် ကၽြန္ေတာ္ရဲ့ JITTOO ေအာ္ဂန္းနစ္စူပါဆန္ ႏွင့္ ေရႊဆန္ မ်ားကို စတင္ေရာင္းခ်သည့္ေန႔က စၿပီးယေန႔အခ်ိန္ထိ တခဲနက္အားေပးေနတဲ့ ခ်စ္ေသာလူႀကီးမင္းမ်ား အားလုံးေက်းဇူးတင္ရွိပါသည္ခင္ဗ် လတ္တေလာ တြင္ ကၽြန္ေတာ္ သုံးစြဲေနေသာေငြေၾကးမ်ား ႏွင့္ အလႈမ်ား ဟာာ သည္ဆန္ေရာင္းရေငြမ်ားျဖစ္ေနေသာေၾကာင့္ အားေပးၾကတဲ့ထမင္းရွင္မ်ား ကိုည တိုင္းေမတၱာပို႔ဆုေတာင္းလၽွက္ “ေရးသားေဖာ္ျပထားရာ ေလးစားမိတာ အမွန္ပဲမို႔ ပရိသတ္ႀကီးလည္း ေနေဒြးရဲ့ အလႉေလးကို သာဓုေခၚနိုင္ေစရန္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္ …။

Credit:Cele Zone
Photo – Nay dway

ပရိသတ်တွေရဲ့… အားပေးချစ်ခင်ခြင်းကို အပြည့်အဝ ရရှိထားတဲ့ သရုပ်ဆောင် မင်းသား နေဒွေး ကတော့ ခုလတ်တလောမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလ ထဲကနေ ဒီနေ့ထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို အားတတ်သရောပြုလုပ်သလို လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက်လည်း အစားအသောက်များနဲ့ ကာကွယ်ရေး ပစ္စည်းများကို လှူဒါန်းလျက်ရှိပါတယ်…။

ခုလိုအချိန်မှာ အစစအရာရာကို ဘက်ပေါင်းစုံကနေ ပါဝင်ကူညီ အားဖြည့်ပေး နေတဲ့ အနုပညာရှင်တွေ ရှိနေတာကြောင့်လည်း ဒီလှုပ်ရှားမှုကြီးက ခုချိန်ထိ စည်းလုံး ညီညွတ်ပြီး အသက်ဝင်နေခဲ့တာပါ။ပြည်သူတွေကလည်း ဘယ်လို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေအတွက် အသက်ကိုပင်ပေးကာ ရှေ့ဆက်လှမ်းနေကြတာလည်းဖြစ်ပါတယ်…။

အခုလည်း နေဒွေး က လာမယ့် တနင်္ဂနွေနေ့မှာ သူရဲ့ အော်ဂဲနစ်ဆန် များကို live လွှင့်ရောင်းချပြီး ရသမျှငွေကြေးကို အလှူ အတွက် အသုံးပြုမယ့် အကြောင်းကို ” ဒီလထဲမှာ ကျွန်တော်ရဲ့ အနုပညာအသိုင်းအဝိုင်း ထဲက ချို့တဲ့လူကြမ်းများ စက်အဖွဲ့သားများ နှင့် ချို့တဲ့သက်ကြီးရွယ်အိုဘိုးဘွားရိပ်သာများ နှင့် စားဝတ်နေရေးခက်ခဲနေသော သက်ကြီးရွယ်အိုများပါရှိသော သီလရှင်ကျောင်းများ ကိုလှုဒါန်းဖို့အတွက် အခုလာမည့်တနင်္ဂနွေနေ့တွင် ကျွန်တော်ရဲ့ JITTOO အော်ဂန်းနစ်စူပါဆန်များကို အိတ် ၃၀ Live လွှင့်ရောင်းချပါ့မယ်ဗျ အဲ့အိတ် ၃၀ ရောင်းရငွေအကုန်လုံး နှင့် စုပေါင်းအလှုရှင် များပူပေါင်းပြီး လှုဒါန်းသွားပါမည်ခင်ဗျ Live လွှင့်ရောင်းချမည့် တနင်္ဂနွေနေ့တွင် အထူးနှုန်းဖြင့်ရောင်းချပေးသွားပါမည် အဲ့ရောင်းရငွေ အိတ် ၃ဝလုံးကိုလည်း အလှုများအတွက်ပဲအသုံးပြုသွားမည်ဖြစ်ပါတယ်ခင်ဗျ ကျွန်တော်ရဲ့ JITTOO အော်ဂန်းနစ်စူပါဆန် နှင့် ရွှေဆန် များကို စတင်ရောင်းချသည့်နေ့က စပြီးယနေ့အချိန်ထိ တခဲနက်အားပေးနေတဲ့ ချစ်သောလူကြီးမင်းများ အားလုံးကျေးဇူးတင်ရှိပါသည်ခင်ဗျ လတ်တလော တွင် ကျွန်တော် သုံးစွဲနေသောငွေကြေးများ နှင့် အလှုများ ဟာာ သည်ဆန်ရောင်းရငွေများဖြစ်နေသောကြောင့် အားပေးကြတဲ့ထမင်းရှင်များ ကိုည တိုင်းမေတ္တာပို့ဆုတောင်းလျှက် “ရေးသားဖော်ပြထားရာ လေးစားမိတာ အမှန်ပဲမို့ ပရိသတ်ကြီးလည်း နေဒွေးရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် …။

Credit:Cele Zone
Photo – Nay dway