မဂၤလာပါ ပရိသတ္ႀကီးေရ ေမာ္ဒယ္လ္ စူးရွထက္ကေတာ့ အေရးေတာ္ပုံ ကာလမွာ ျပည္သူေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ေနတဲ့ အႏုပညာရွင္တစ္​ေယာက္ပါ။ စူးရွထက္က သူမကိုယ္တိုင္လည္း လမ္းေပၚထြက္ကာ တရားမၽွတမႈအတြက္ အပင္ပန္းခံၿပီး ျပည္သူေတြနဲ႔အတူ ေတာင္းဆိုေနသလို လူမႈကြန္ယက္ ဆိုရွယ္မီဒီယာ ထက္မွာလည္း စာသားအခ်ိဳ႕နဲ႔ ကူညီအားျဖည့္တာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ လူထုလႈပ္ရွားမႈေၾကာင့္ ေမာပန္းေနတဲ့ ျပည္သူေတြကို သူမရဲ့ ေခၽြးနည္းစာနဲ႔ မုန္႔ေတြေပးေ ဝလႉဒါန္းတာလည္း ေတြ႕ရပါတယ္။

စူးရွထက္က သူမရဲ့ လူထု လႈပ္ရွားမႈပုံေတြကို ေဖ့ဘြတ္အေကာင့္မွာ တင္ေပးေလ့ရွိတာျဖစ္ၿပီး မၾကာေသးတဲ့ နာရီပိုင္းအခ်ိန္ကလည္း ပိုစ့္တစ္ခုတင္ေပးလာခဲ့ပါတယ္။ ဒါကေတာ့ ေယာက်ာ္းေလးေတြနဲ႔ တန္းတူ ဒိုင္းကိုင္ကာ နိုင္ငံေကာင္းစားဖို႔ တစ္ေထာင့္တစ္ေနရာကေန ပါဝင္အားျဖည့္ခဲ့တဲ့ ပုံေတြပဲ ျဖစ္ပါတယ္။ ျပည္သူေတြနဲ႔ အတူ လူထုလႈပ္ရွားမႈမွာ တက္တက္ႂကြႂကြပါဝင္ေဆာင္ရြက္ခဲ့တဲ့ စူးရွထက္ရဲ့ ပုံေတြကို ခ်စ္ပရိသတ္ေတြထံ ျပန္လည္ေဖာ္ျပေပးလိုက္ ပါတယ္။

စူးရွထက္က သူမရဲ့ လူထုလႈပ္ရွားမႈပုံေတြအျပင္ ” ၇-၃-၂၀၂၁ ကၽြန္မခ်စ္တဲ့ ျပည္သူ႔တြက္ေယာက်ာ္းဆန္သင့္လဲဆန္ရမယ္ အေရးေတာ္ပုံေအာင္ရမည္ ” ဆိုတဲ့ စာသားကိုလည္း ေရးသားလာခဲ့ပါတယ္။ နိုင္ငံအေရးမွာ တက္ႂကြစြာပါဝင္ခဲ့တဲ့ ေမာ္ဒယ္လ္ စူးရွထက္ရဲ့ ပုံေတြနဲ႔ စာသားအခ်ိဳ႕ကို ၾကည့္ၿပီး ပရိသတ္ေတြကလည္း ေကာမန္႔မွာ အားေပး စကားနဲ႔ အေရးေတာ္ပုံေအာင္ျမင္ဖို႔အတြက္ ဆုေတာင္ေပးခဲ့ၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္။

Photo credit – Zar Chi’s FB account

မင်္ဂလာပါ ပရိသတ်ကြီးရေ မော်ဒယ်လ် စူးရှထက်ကတော့ အရေးတော်ပုံ ကာလမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတဲ့ အနုပညာရှင်တစ်​ယောက်ပါ။ စူးရှထက်က သူမကိုယ်တိုင်လည်း လမ်းပေါ်ထွက်ကာ တရားမျှတမှုအတွက် အပင်ပန်းခံပြီး ပြည်သူတွေနဲ့အတူ တောင်းဆိုနေသလို လူမှုကွန်ယက် ဆိုရှယ်မီဒီယာ ထက်မှာလည်း စာသားအချို့နဲ့ ကူညီအားဖြည့်တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လူထုလှုပ်ရှားမှုကြောင့် မောပန်းနေတဲ့ ပြည်သူတွေကို သူမရဲ့ ချွေးနည်းစာနဲ့ မုန့်တွေပေးေ ဝလှူဒါန်းတာလည်း တွေ့ရပါတယ်။

စူးရှထက်က သူမရဲ့ လူထု လှုပ်ရှားမှုပုံတွေကို ဖေ့ဘွတ်အကောင့်မှာ တင်ပေးလေ့ရှိတာဖြစ်ပြီး မကြာသေးတဲ့ နာရီပိုင်းအချိန်ကလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ဒါကတော့ ယောကျာ်းလေးတွေနဲ့ တန်းတူ ဒိုင်းကိုင်ကာ နိုင်ငံကောင်းစားဖို့ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ခဲ့တဲ့ ပုံတွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေနဲ့ အတူ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ခဲ့တဲ့ စူးရှထက်ရဲ့ ပုံတွေကို ချစ်ပရိသတ်တွေထံ ပြန်လည်ဖော်ပြပေးလိုက် ပါတယ်။

စူးရှထက်က သူမရဲ့ လူထုလှုပ်ရှားမှုပုံတွေအပြင် ” ၇-၃-၂၀၂၁ ကျွန်မချစ်တဲ့ ပြည်သူ့တွက်ယောကျာ်းဆန်သင့်လဲဆန်ရမယ် အရေးတော်ပုံအောင်ရမည် ” ဆိုတဲ့ စာသားကိုလည်း ရေးသားလာခဲ့ပါတယ်။ နိုင်ငံအရေးမှာ တက်ကြွစွာပါဝင်ခဲ့တဲ့ မော်ဒယ်လ် စူးရှထက်ရဲ့ ပုံတွေနဲ့ စာသားအချို့ကို ကြည့်ပြီး ပရိသတ်တွေကလည်း ကောမန့်မှာ အားပေး စကားနဲ့ အရေးတော်ပုံအောင်မြင်ဖို့အတွက် ဆုတောင်ပေးခဲ့ကြဖို့ တောင်းဆိုလိုက်ပါတယ်။

Photo credit – Zar Chi’s FB account