Source: Khine Hnin Wai’s fb
ချစ်ပရီသတ်ကြီးရေ ပရဟိတမင်းသမီး သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သူမရဲ့ “ခိုင်မိသားစုဂေဟာ”ကနေပြီး အကြောင်းအမျိုးမျိုးကြောင့် မိဘတွေနဲ့ ခွဲခွာရတဲ့ ကလေးတွေကို ခေါ်ယူစောင့်ရှောက်ထားတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကလေးပေါင်း (၄၃) ယောက်ကို တာဝန်ယူစောင့်ရှောက်ထားရတဲ့ ခိုင်နှင်းဝေက ကလေးတွေ တစ်ယောက်ချင်းစီတိုင်းကို မိခင်ရင်းသဖွယ် ဂရုစိုက်တာပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ခိုင်နှင်းဝေက သူမကိုယ်တိုင် ဒလဘက်ကခေါ်လာတဲ့ သားလေးရဲ့ အသက်တစ်ချောင်းကို ကယ်တင်ဖို့ ဆေးရုံကအရေးပေါ်ခန်းထဲမမှာ ထည့်ထားရကြောင်း အခုလိုပဲ ပြောလာပါတယ်။
ခိုင်နှင်းဝေက “ဒလဘက်မှ ခေါ်လာတဲ့ သားလေး မှာ ၂ ပေါင် ၃ အောင်စပဲ ရှိတဲ့အတွက် အရေးပေါ်ဆေးရုံ တင်ပြီး ICU ထဲမှာ ထည့်ထားရပါတယ်။ Covid ကာလမှာ အတတ်နိုင်ဆုံး ဂေဟာမှာ ထားချင်ပေမဲ့ အရေးပေါ် အသက်အန္တရာယ်မို့ ဆေးရုံ တင်ထားရပါတယ်။ စွန့်ပစ်ကလေး ဖြစ်ပေမဲ့လဲ အသက်တစ်ချောင်း မို့ ကျွန်မတို့ဘက်က အတတ်နိုင်ဆုံး ကယ်တင်ရမှာဖြစ်တဲ့ အတွက် သားလေး ကံကောင်းပါစေလို့သာ ဆုတောင်း မေတ္တာပိုြ့ပီး စောင့်ကြည့်နေပါတယ်ရှင်…” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
ခိုင်နှင်းဝေကတော့ မိခင်ရင်း၊ ဖခင်ရင်းတွေက စွန့်ပစ်သွားပေမယ့် ကလေးတွေအပေါ်မှာ မိခင်တစ်ယောက်လို မေတ္တာတွေအပြည့်နဲ့ စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ သားလေးလည်း နေကောင်းပြီး အမြန်ဆုံးကျန်းမာလာပါစေနော်။ ဖတ်ရှုပေးကြတဲ့ ချစ် ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
Credit– Cele Connections