



ချစ်ပရိသတ်ကြီးရေ တစ်နိုင်ငံလုံးက ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည်ကတော့ အသက် (၃၂) နှစ်အရွယ်ကို ရောက်ရှိနေပြီဆိုပေမယ့် ဆယ်ကျော်သက်လေးတွေတောင် အရှုံးပေးရလောက်တဲ့အထိ နုပျိုလှပသူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က သူမရဲ့ အနုပညာသက်တမ်းဆယ်စုနှစ်ကျော်မှာ အောင်မြင်မှုတွေများစွာ ရရှိခဲ့ပြီး အကယ်ဒမီ ထူချွန်ဆုတွေနဲ့အတူတူ နိုင်ငံတကာက ရုပ်ရှင်ထူးချွန်ဆုကို ရရှိပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ အောင်မြင်ကျော်ကြားမှု ပကာသနတွေထက် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုသာ ပိုမိုမက်မောသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ပရိသတ်တွေအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကိုချပြနေတဲ့ ဝတ်မှုံရွှေရည်က Tik Tok အကောင့်လေးတစ်ခုကိုလည်း ဖွင့်လှစ်ထားပြီး ပရိသတ်တွေအတွက် ချစ်စဖွယ် ဗီဒီယိုလေးတွေကို အမြဲတမ်း တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်က ချစ်မယ့်သူတွေ ဝိုင်းဝိုင်းလည်နေပေမယ့်လည်း အလှမပျက်ဖို့ ယောကျာ်းမယူတော့မယ့်အကြောင်း Tik Tok ဗီဒီယိုလေးနဲ့တကွ အခုလိုပဲ ပြောလာတာကို တွေ့ရပါတယ်။

ဝတ်မှုံရွှေရည်ကတော့ သီချင်းလေးအတိုင်းပဲ အိမ်ထောင်ပြုသင့်တဲ့အရွယ်ရောက်တဲ့အထိ အချစ်ရေးကို မစဉ်းစားနိုင်သေးသလို ပရိသတ်တွေကလည်း ဝတ်မှုံရွှေရည်ကို အပျိုကြီးလုပ်စေချင်ကြတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ရဲ့ အိမ်ထောင်ရေးက အပျိုကြီးဇာတာဖြစ်မလားဆိုတာ တကယ်ပဲ စိတ်ဝင်စားစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။

Source: Wutt Hmone Shwe Yi’s fb
Credit– Cele Connections