


Source – Myat Thu Thu
Credit:Cele Zone

ပရိသတ်ကြီးရေ သရုပ်ဆောင်မြတ်သူသူ ကတော့ ပရိသတ်အားပေး ချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။မြတ်သူသူ ကတော့ အခုလို အနုပညာ အလုပ်တွေကို လုပ်ကိုင်နိုင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိကာ အနုပညာရှင်တစ်ယောက်အနေနဲ့ ရပ်တည်နိုင်အောင် သင်ကြားပြသပေးတဲ့ ဆရာတွေကို ဒီနေ့မှာ သွားရောက်ဂါရဝပြုတွေ့ဆုံခဲ့ပါတယ်…။

ဆရာသမားတွေနဲ ့သွားရောက်တွေ့ဆုံခဲ့တဲ့ ပုံလေးတွေကိုလည်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ မျှဝေဖော်ထားခဲ့ပြီး ပုံလေးတွေနဲ့အတူ “ထာဝရမန္တလေးကနေ စတင်ပြီး ဒီအနုပညာလောက ထဲရောက်အောင် ရွေးချယ်ပေးခဲ့တဲ့ ဆရာနဲ့အမေ။ ဆရာသမားအနေနဲ့ သင်ကြားပေးခဲ့တဲ့ကျေးဇူးတွေ ရှိခဲ့သလို မိဘအနေနဲ့ဆိုဆုံးမခဲ့တဲ့ ကျေးဇူးတွေပါရှိတဲ့ အဖေနဲ့အမေ” ဆိုပြီးတော့လည်း မိဘလိုပါ သွန်သင်ဆုံးမပေးခဲ့တဲ့ ဆရာတွေနဲ့ အမှတ်တရတွေကိုပါ ပြောပြထားပါသေးတယ်…။

သရုပ်ဆောင် မြတ်သူသူ က ဆရာသမားတွေ ဖြစ်တဲ့ ဆရာဦးငြိမ်းမင်းနဲ့ အမေအေး အသက်ရှည်ရှည် ကျန်းကျန်းမာမာ ရှိစေဖို့ကိုလည်း ဆုတောင်းပေးထားပြီး ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်တဲ့ တန်ဖိုးရှိတဲ့ သူတစ်ယောက် ဖြစ်အောင်နေထိုင်ဖို့ ဆရာသမားတွေကို ပေးထားတဲ့ ဂတိကိုလည်း တည်အောင် ဆက်လက်ကြိုးစားသွားမှာ ပါလို့လည်း ဖော်ပြထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ မြတ်သူသူ ကတော့ လိမ္မာသိတတ်လွန်းတဲ့ သူတစ်ယောက် ပါပဲနော်…။

Source – Myat Thu Thu
Credit:Cele Zone