


Credit – CeleZone
Source – Baby Maung

ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေးေ ဘဘီမောင်ကတော့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ဘေဘီကတော့ သူ့ကိုချစ်ပြီးအားပေးတဲ့ ပရိသတ်တွေများစွာရှိတာကြောင့် အခုလို အနုပညာလောကမှာ ဘေဘီမောင်ဆိုပြီးရပ်တည်နိုင်တာလို့ ခံယူထားတာကြောင်းပရိသတ်တွေကို တန်ဖိုးထား တတ်တဲ့ သူတစ်ယောက်ပါ။

မကြာခဏဆိုသလိုလည်း ဘေဘီမောင်က ပရိသတ်တွေနဲ့ အမှတ်တရတွေများစွာဖန်တီးလေ့ရှိပါသေးတယ်။ ဒီနေ့မှာလည်း ဘေဘီမောင်ကသူ့ရဲ့ပရိသတ်တွေအတွက်ကို သူ့ဇာတ်ကားရိုက်တုန်းကသာဝတ်ခဲ့တဲ့ အင်္ကျီလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေအတွက် အမှတ်တရနဲ့လက်ဆောင်ပေးသွားမယ့် အစီစဉ်လေးကို စီစဉ်ခဲ့ပါတယ်။

ဒီနေ့ (၁၂)နာရီမှာ ဘေဘီမောင်က သူ့ရဲ့အကောင့်လေးကနေပြီးတော့ Live လွှင့်ပြီး အင်္ကျီတွေကို မဲဖောက်ပေးသွားမှာပါတဲ့။ ပရိသတ်ကြီးရေ ဘေဘီကတော့ သူ့ရဲ့ပရိသတ်တွေအတွက် အမှတ်တရအနေနဲ့ ဇာတ်ကားတွေရိုပ်တုန်းက ဝတ်ခဲ့တဲ့ ဝတ်စုံလေးတွေကို မဲဖောက်ပေးမှာမို့ ဘေဘီရဲ့ ပရိသတ်တွေ ပါဝင်ကံစမ်းဖို့ကိုလည်း ဖိတ်ခေါ်ထားပါ တယ်နော်။

Credit – CeleZone
Source – Baby Maung