Source:May Oo’s
Credit ; (Cele Posts)
ပရိသတ်ကြီးရေ Miss Universe Myanmar 2021 Winner ဆုရှင်လေး သူဇာဝင့်လွင်ဟာဆိုရင် ယခုအချိန်မှာMiss Universe ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေပြီပဲ ဖြစ်ပါတယ်။ထိုပြိုင်ပွဲနဲ့ ပတ်သက်ပြီးသူမ ပြင်ဆင်ခဲ့ပုံတွေကို မကြာခင်အချိန်က ဗီဒီယိုနဲ့တကွတင်ပြထားတာကို တွေ့ရပါတယ်။
သူမက ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေနဲ့ကြိုးစား လုပ်ကိုင်နေရင်းက မြန်မာနိုင်ငံရဲ့မထင်မှတ်ထားတဲ့ အခြေအနေတွေကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုအချိန်မှာ ပြိုင်ပွဲအတွက်ဘာတစ်ခုမှမလုပ်နိုင်တော့ဘဲ ပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်ပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။သွားရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်ချိန် အနည်းငယ်ပဲကျန်တော့တဲ့အချိန်တိုအတွင်းမှာ ပြိုင်ပွဲအတွက် အတော်လေးကိုကြိုးစားလုပ်ဆောင် ခဲ့ကြောင်းကိုလည်း ပြောပြထားပါသေး တယ်နော်။
သူဇာဝင့်လွင်ရဲ့ဓမ္မဘက်ကရပ်တည်ကာ ပြည်သူတွေနဲ့အတူ တသားတည်းရပ်တည်ခဲ့တဲ့ စိတ်ဓာတ်ကို မိတ်ကပ်မေဦးကလည်း လေးစားဂုဏ်ယူကြောင်းကို သူရဲ့လူမှုကွန်ယက် စာမျက်နှာမှာ တင်ပြထားတာကို တွေ့ရပါတယ်။မေဦးက”ငါတို့မကြိုက်တဲ့ သူတွေမတရားအုပ်ချုပ်နေသရွေ့ အခုလိုပဲ နည်းမျိုးစုံနဲ့တော်လှန်နေအုံးမှာ၊ ကိုယ်တိုင် လမ်းမတွေပေါ်မှာတော်လှန် ချို့တဲ့သူတွေကိုထောက်ပံ့ပေးရုံသာမကအခုလို ဘဝနဲ့ပါရင်းပြီး အမှန်တရား ဘက်တော်သားပြည်သူတွေနဲ့အတူ အာဏာရှင်ကိုတော်လှန်တိုက်ထုတ်ပေးနေလို့ ကျေးဇူးအရမ်းတင် လေးစားပါတယ် သမီးရေ Candy Thuzar 🙏🏻❤️”ဆိုပြီးရေးသားတင်ပြထားပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကိို အထူးပဲကျေးဇူ းတင်ရှိပါတယ်။
Source:May Oo’s
Credit ; (Cele Posts)