ခ်စ္ပရိသတ္ႀကီးေရ သရုပ္ေဆာင္၊ အဆိုေတာ္ ေအသင္ခ်ိဳေဆြကေ တာ့ အနုပညာအလုပ္ေတြမွာ ေအာင္ျမင္မႈရရိွထားရံုသာမက ခ်စ္စရာေကာင္းတဲ့ သမီးေလး Ivy ရဲ့ ေမေမလည္း ျဖစ္ပါတယ္။ ေအသင္ခ်ိဳေဆြက ပထမအၾကိမ္အခ်စ္ေရးမွာ ကံမေကာင္းခဲ့ေပမယ့္ အခုဆိုရင္ သူမကို အရမ္းခ်စ္ျပီး ဂရုစိုက္တဲ့ အျပင္ သမီးေလး Ivy အေပၚမွာလည္း ေမတၱာေတြအျပည့္ေပးနိုင္တဲ့ ခ်စ္သူတစ္ေယာက္ကို ပိုင္ဆုိင္ထားျပီပဲ ျဖစ္ပါတယ္။ မေန့က ဇန္နဝါရီလ (၁၆) ရက္ေန့မွာေတာ့ ေအသင္ခ်ိဳေဆြတို့ ခ်စ္သူနွစ္ေယာက္က ခ်စ္သူသက္တမ္း (၈) လတိတိျပည့္ခဲ့ျပီျဖစ္ျပီး ေအသင္ ခ်ိဳေဆြက Anniversary ေန့ေလးမွာ ခ်စ္သူကို ခ်စ္စကားေတြ အခုလိုပဲ ေျပာလာပါတယ္။

“Live လႊင့္ေနရလို့ ခုမွ Ro ရတယ္..ဟီး သူကေတာ့ အိပ္သြားျပီ။ ငါတို့ဆံုေတြ့ခဲ့ၾကတယ္။ စကားေတြေျပာျဖစ္ခဲ့ၾကတယ္။ ျပီးေတာ့ မင္းကိုငါ စိတ္ဝင္စား လာတယ္။ လေတြ တစ္လျပီး တစ္လၾကာသြားခ်ိန္မွာေတာ့ ငါမင္းကို ပိုပိုျပီး စိတ္ဝင္စားလာခဲ့ျပီး မင္းကိုခ်စ္မိသြားတယ္.. ဒါက ငါဘယ္ေတာ့မွ ေဖ်ာက္ပ်က္ပစ္မွာမဟုတ္တဲ့ အက်င့္ေလးတစ္ခုေပါ့.. Happy 8th monthsary, coco Love you so much.. လစဥ္လတုိင္းရဲ့ ၁၆ ရက္ေန့က ကြ်န္မတို့နွစ္ေယာက္ရဲ့ အမွတ္တရေန့ေလးပဲ။ အခုထိ သူလဲမေမ့ဘူး။ ကြ်န္မလဲ မေမ့ဘူး။ ကြ်န္မတို့ သားမိ၂ေယာက္စလံုးကို တန္ဖိုးထားျပီး ခ်စ္ေပးတဲ့တအတြက္ ေက်းဇူးအမ်ားၾကီးတင္ပါတယ္ ကိုကို.. Love you so much” ဆိုျပီး ေျပာလာ ပါတယ္။

ေအသင္ခ်ိဳေဆြတို့ ခ်စ္သူနွစ္ေယာက္ကေတာ့ တစ္ေယာက္တစ္ေနရာစီ အေနေဝးေပမယ့္ ခိုင္ျမဲတဲ့ သံေယာဇဥ္ေတြနဲ့ အခ်စ္တစ္ခုကို တည္ေဆာက္ခဲ့တာ အခုဆိုရင္ (၈) လေတာင္ ရိွလာျပီပဲ ျဖစ္ပါတယ္။ ေအသင္တို့ခ်စ္သူနွစ္ဦး အခုလိုပဲ အျမဲထာဝရေပ်ာ္ရႊင္ပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါ တယ္ေနာ္။

Source: Athen Cho Swe’s fb
Credit– Cele Connections

ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင်၊ အဆိုတော် အေသင်ချိုဆွေကေ တာ့ အနုပညာအလုပ်တွေမှာ အောင်မြင်မှုရရှိထားရုံသာမက ချစ်စရာကောင်းတဲ့ သမီးလေး Ivy ရဲ့ မေမေလည်း ဖြစ်ပါတယ်။ အေသင်ချိုဆွေက ပထမအကြိမ်အချစ်ရေးမှာ ကံမကောင်းခဲ့ပေမယ့် အခုဆိုရင် သူမကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့ အပြင် သမီးလေး Ivy အပေါ်မှာလည်း မေတ္တာတွေအပြည့်ပေးနိုင်တဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထားပြီပဲ ဖြစ်ပါတယ်။ မနေ့က ဇန်နဝါရီလ (၁၆) ရက်နေ့မှာတော့ အေသင်ချိုဆွေတို့ ချစ်သူနှစ်ယောက်က ချစ်သူသက်တမ်း (၈) လတိတိပြည့်ခဲ့ပြီဖြစ်ပြီး အေသင် ချိုဆွေက Anniversary နေ့လေးမှာ ချစ်သူကို ချစ်စကားတွေ အခုလိုပဲ ပြောလာပါတယ်။

“Live လွှင့်နေရလို့ ခုမှ Ro ရတယ်..ဟီး သူကတော့ အိပ်သွားပြီ။ ငါတို့ဆုံတွေ့ခဲ့ကြတယ်။ စကားတွေပြောဖြစ်ခဲ့ကြတယ်။ ပြီးတော့ မင်းကိုငါ စိတ်ဝင်စား လာတယ်။ လတွေ တစ်လပြီး တစ်လကြာသွားချိန်မှာတော့ ငါမင်းကို ပိုပိုပြီး စိတ်ဝင်စားလာခဲ့ပြီး မင်းကိုချစ်မိသွားတယ်.. ဒါက ငါဘယ်တော့မှ ဖျောက်ပျက်ပစ်မှာမဟုတ်တဲ့ အကျင့်လေးတစ်ခုပေါ့.. Happy 8th monthsary, coco Love you so much.. လစဉ်လတိုင်းရဲ့ ၁၆ ရက်နေ့က ကျွန်မတို့နှစ်ယောက်ရဲ့ အမှတ်တရနေ့လေးပဲ။ အခုထိ သူလဲမမေ့ဘူး။ ကျွန်မလဲ မမေ့ဘူး။ ကျွန်မတို့ သားမိ၂ယောက်စလုံးကို တန်ဖိုးထားပြီး ချစ်ပေးတဲ့တအတွက် ကျေးဇူးအများကြီးတင်ပါတယ် ကိုကို.. Love you so much” ဆိုပြီး ပြောလာ ပါတယ်။

အေသင်ချိုဆွေတို့ ချစ်သူနှစ်ယောက်ကတော့ တစ်ယောက်တစ်နေရာစီ အနေဝေးပေမယ့် ခိုင်မြဲတဲ့ သံယောဇဉ်တွေနဲ့ အချစ်တစ်ခုကို တည်ဆောက်ခဲ့တာ အခုဆိုရင် (၈) လတောင် ရှိလာပြီပဲ ဖြစ်ပါတယ်။ အေသင်တို့ချစ်သူနှစ်ဦး အခုလိုပဲ အမြဲထာဝရပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်နော်။

Source: ခခ’s fb
Credit– Cele Connections