ခ်စ္ပရိသတ္ႀကီးေရ ကေလးသရုပ္ေဆာင္တစ္ေယာက္အျဖစ္ကေန တျဖည္းျဖည္းအရြယ္ေရာက္လာခဲ့တဲ့ အကယ္ဒမီ သ႐ုပ္ေဆာင္ မင္းသမီး ယြန္းယြန္းကေတာ့ အခုဆိုရင္ လွေသြးၾကြယ္တဲ့ အသက္ (၂၀) စြန္းစြန္း မိန္းမပ်ိဳေလးတစ္ေယာက္ျဖစ္လို့ေနျပီပဲ ျဖစ္ပါတယ္။ ယြန္းယြန္းကေတာ့ ကေလးသရုပ္ေဆာင္တစ္ေယာက္အျဖစ္ အနုပညာလႈပ္ရွားမႈေတြမ်ားစြာကို ျပဳလုပ္ခဲ့သလို အသက္အရြယ္တစ္ခုေရာက္ရိွလာခ်ိန္မွာလည္း မင္းသမီးေပါက္စေလးတစ္ေယာက္အျဖစ္ သရုပ္ေဆာင္ေနျပီပဲ ျဖစ္ပါတယ္။ လက္ရိွမွာလည္း ယြန္းယြန္းက Double Dating ဆိုတဲ့ အစီအစဥ္ေလးကို ရိုက္ကူးရင္း ပရိသတ္ေတြရဲ့ အားေပးဝန္းရံမႈကို အခိုင္အမာရရိွေနလ်က္ရိွပါတယ္။

ဒီေန့မွာလည္း ယြန္းယြန္းက သူမပါဝင္ထားတဲ့ Double Dating အစီအစဥ္ေလးကို စိတ္ပါလက္ပါအားေပးၾကတဲ့ ပရိသတ္ေတြေၾကာင့္ ေပ်ာ္ရႊင္ရေၾကာင္းကိုလည္း အခုလိုပဲ ေျပာျပလာပါတယ္။ ယြန္းယြန္းက “DD fans ေတြ အရမ္း အရမ္းကို ခ်စ္ဖို့ေကာင္းတာပဲ.. အေသးစိတ္ေလးၾကည့္ေပးၾကသလို စိတ္ပါလက္ပါနဲ့ကို Ship ေပးၾကတယ္.. ျမင္ရတာေပ်ာ္ဖို့ေကာင္းသလို ရင္ထဲထိလည္း တစ္မ်ိဳးၾကီးပဲ.. ခ်စ္တတ္လိုက္ၾကတာ..” ဆိုျပီး သူမရဲ့ ခံစားခ်က္အခ်ိဳ့ကို ရင္ဖြင့္ေျပာျပလာခဲ့ပါတယ္။

ပရိသတ္ေတြကေတာ့ Double Dating အစီအစဥ္ေလးေၾကာင့္ ေအာင္မင္းခန့္နဲ့ ယြန္းယြန္းကို တစ္တြဲ၊ စည္သူဝင္းနဲ့ သဇင္ထူးျမင့္တုိ့ကိုတစ္တြဲ သေဘာတူေနၾကတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း အတြဲနွစ္တြဲ ဘယ္လိုေတြ ဆက္ Ro ၾကဦးမလဲဆိုတာ သိခ်င္ေနၾကျပီ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ခ်စ္ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုမြန္ေကာင္းေတာင္းေပးလိုက္ပါတယ္ေနာ္…။

Source: Yoon Yoon’s fb
Credit – Cele Connections

ချစ်ပရိသတ်ကြီးရေ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ်ကနေ တဖြည်းဖြည်းအရွယ်ရောက်လာခဲ့တဲ့ အကယ်ဒမီ သရုပ်ဆောင် မင်းသမီး ယွန်းယွန်းကတော့ အခုဆိုရင် လှသွေးကြွယ်တဲ့ အသက် (၂၀) စွန်းစွန်း မိန်းမပျိုလေးတစ်ယောက်ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလှုပ်ရှားမှုတွေများစွာကို ပြုလုပ်ခဲ့သလို အသက်အရွယ်တစ်ခုရောက်ရှိလာချိန်မှာလည်း မင်းသမီးပေါက်စလေးတစ်ယောက်အဖြစ် သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ယွန်းယွန်းက Double Dating ဆိုတဲ့ အစီအစဉ်လေးကို ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို အခိုင်အမာရရှိနေလျက်ရှိပါတယ်။

ဒီနေ့မှာလည်း ယွန်းယွန်းက သူမပါဝင်ထားတဲ့ Double Dating အစီအစဉ်လေးကို စိတ်ပါလက်ပါအားပေးကြတဲ့ ပရိသတ်တွေကြောင့် ပျော်ရွှင်ရကြောင်းကိုလည်း အခုလိုပဲ ပြောပြလာပါတယ်။ ယွန်းယွန်းက “DD fans တွေ အရမ်း အရမ်းကို ချစ်ဖို့ကောင်းတာပဲ.. အသေးစိတ်လေးကြည့်ပေးကြသလို စိတ်ပါလက်ပါနဲ့ကို Ship ပေးကြတယ်.. မြင်ရတာပျော်ဖို့ကောင်းသလို ရင်ထဲထိလည်း တစ်မျိုးကြီးပဲ.. ချစ်တတ်လိုက်ကြတာ..” ဆိုပြီး သူမရဲ့ ခံစားချက်အချို့ကို ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

ပရိသတ်တွေကတော့ Double Dating အစီအစဉ်လေးကြောင့် အောင်မင်းခန့်နဲ့ ယွန်းယွန်းကို တစ်တွဲ၊ စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့ကိုတစ်တွဲ သဘောတူနေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း အတွဲနှစ်တွဲ ဘယ်လိုတွေ ဆက် Ro ကြဦးမလဲဆိုတာ သိချင်နေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ချစ်ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်…။

Source: Yoon Yoon’s fb
Credit – Cele Connections