




မင်္ဂလာပါ ပရိသတ်ကြီးရေ ချစ်စရာကောင်းလွန်းတဲ့ သရုပ်ဆောင်မလေး သဇင်ထူးမြင့်ကိုတော့ အထူးအထွေ မိတ်ဆက်ပေးစရာမလိုအောင် ချစ်ခင်ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ်.။ သဇင်ထူးမြင့်ကတော့ လတ်တလောမှာ “Double Dating ” အစီအစဉ်မှာ ပါဝင်ပြီးနောက် ပရိသတ်တွေရဲ့ အထူ းနှစ်သက်အားပေးမှုတွေကို ပိုမိုရရှိပိုင်ဆိုင်လာသူလေးပဲဖြစ်ပါတယ်နော်.။

တက်သစ်စ သရုပ်ဆောင်တစ်ယောက်ဖြစ်သူ သဇင်ထူးမြင့်ကတော့ (၂၀၁၈)ခုနှစ်ရဲ့ ရွှေကြိုမောင်မယ်မှာ ပါဝင်ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုနဲ့အတူ အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ကိုင်လာခဲ့ရသူပဲဖြစ်ပါတယ်နော်.။ ဖခင်ဖြစ်သူ သရုပ်ဆောင် ဒါရိုက်တာ ခင်လှိုင်ရဲ့ သင်ပေးမှုတွေနဲ့ အနုပညာ အလုပ်တွေမှာ လုပ်ကိုင်နေသူလေးပါ.။

ပရိသတ်တွေကြားမှာ သူမပါဝင်နေတဲ့ “Double Dating” အစီအစဉ်ဟာ အောင်မြင်ရေပန်းစားနေပြီး ဇန်နဝါရီလ (၂၆)ရက်နေ့မှာတော့ သူမပါဝင်ထားတဲ့ Double Dating အစီအစဉ်ကို လေးစားအားကျရသူ အိုင်ဒေါ မင်းသား နေတိုးက ဝင်ရောက်ကြည့်ရှု့တာမို့ ပျော်ရွှင်နေတဲ့စာလေးကို “အကို ဝင်ကြည့်နေ တယ်” ဆိုပြီး သူမရဲ့ My Day မှာ တင်လာခဲ့ပါတယ်.။

သူမ အားကျလေးစားရသူ အိုင်ဒေါ မင်းသားနေတိုးရဲ့ အစီအစဉ်ကို ဝင်ရောက်ကြည့်ရှု့အားပေးမှုကြောင့် သဇင်ထူးမြင့် ပျော်လည်း ပျော်ချင်စရာပါပဲနော်..ပရိသတ်ကြီး.။ ဖတ်ရှု့ပေးခဲ့ကြတဲ့ ချစ်ပရိသတ်ကြီးလည်း ပျော်ရွှင်သာယာတဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါ တယ်နော်….။

Source: Thazin Htoo Myint’s Facebook
Credit ; (Cele Active World)