Credit
မဂင်္လာပါ ပရိသတ်ကြီးရေ အလှမယ် ဂျာဆိုင်းအိန်ကတော့ “Miss Myanmar World 2017” ပြိုင်ပွဲကြီးမှာ “1st Runner Up” ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့သူပဲ ဖြစ်ပါတယ် ။ အဖိုးတန်ရွှေသရဖူကို ချီးမြှင့်ခြင်းခံခဲ့ရတဲ့ ဂျာဆိုင်းအိန်က အခုတော့ သူမရရှိခဲ့တဲ့သရဖူကို လေလံတင်ရောင်းချတော့မှာ ဖြစ်ပါတယ် ။ ဂျာဆိုင်းအိန်က ယခုလက်ရှိ ကချင်ပြည်နယ်မှာ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့ဖို့အတွက် သရဖူကိုရောင်းချဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ် လိုက်တာပဲ ဖြစ်ပါတယ် ။
ဂျာဆိုင်းအိန်က ငြိမ်းချမ်းရေးအတွက်လှူဒါန်းမယ့် ရွှေသရဖူကို ကြမ်းခင်းဈေး သိန်း (၁၀၀)ကျပ်တိတိနဲ့ စတင်ကြေညာ လိုက်တာပဲ ဖြစ်ပါတယ် ။ မှတ်ချက်အနေနဲ့ကတော့ အိတ်ဖွင့်လေလံဖြစ်ပြီး ဘောင်ချာပါရှိကြောင်း ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ ဂျာဆိုင်းအိန်က သူမရဲ့ရွှေသရဖူကို Ko Maran seng Naw ဆီမှာ လေလံဆွဲပေးရမှာဖြစ်ပြီး ဖုန်းနံပါတ် (09-2021028 , 09-792021028) ကိုဆက်သွယ်နိုင်ကြောင်း ထည့်သွင်းဖော်ပြထားတာလည်း ဖြစ် ပါတယ် ။
အလှမယ် ဂျာဆိုင်းအိန်က‌ လူသားချင်းစာနာစိတ်ကြီးစွာနဲ့ ကူညီဖေးမပံ့ ပိုးပေးနိုင်ရန်အတွက် အားလုံးကို လေးစားချစ်ခင်စွာ ဖိတ်ခေါ်ကြောင်းပြောထားပါသေးတယ် ။ ရွှေသရဖူကို လေလံတင်ရောင်းချပြီး ပြည်သူတွေကိုလှူဒါန်းမယ့် ဂျာဆိုင်းအိန်ရဲ့အစီအစဉ်ကို လူအများသိရှိနိုင်ဖို့အတွက် ခင်ဝင့်ဝါတို့အလှမယ်တစ်စုကလည်း သူမတို့ရဲ့လူမှုကွန်ယက်စာမျက်နှာတွေကနေ ပြန်လည်ေ ဖာ်ပြပေးနေကြတာ ဖြစ်ပါတယ် ။
Credit