သူ မရဲ့ပိုက်ဆံတွေကို စိန်နဲ့ကျောက်တွေဝယ်ဖို့အတွက်ပဲ အသုံးပြုနေကြောင်းကိုဝယ်ခဲ့တဲ့ ပတ္တမြားနဲ့စိန်တွေစီထားတဲ့လက်စွပ်ကြီးထုတ်ပြကာ သက်သေပြလိုက်တဲ့ နေခြည်ဦး”

Beauty Blogger မလေး ဘဝကနေ ရုပ်ရှင်သရုပ်ဆောင်ခေါင်းဆောင်မင်းသမီးဘဝကို အချိန်တိုတိုလေးနဲ့ ရောက်အောင်ခြေလှမ်းကြဲကြဲနဲ့ ထက်ထက်မြက်မြက် လျှောက်လှမ်းလာနိုင်တဲ့ သူဆိုရင် နေခြည်ဦးလို့ပဲ လူတိုင်းသိကြမှာပါ။

ပရိသတ်တွေသိထားတဲ့အတိုင်း နေခြည်ဦးက ထက်မြက် ကြိုးစားကာ သွက်လက်လှပတဲ့အပြင် ဝေဖန်မှုဒဏ်တွေကို လှလှပပ ချေပ တတ်တာတွေကြောင့် နေခြည်ဦးမှာ Chillies ဆိုတဲ့ Fan အင်အားက အတော်လေး တောင့်တင်းပါတယ်နော်။

သူမရဲ့ အနုပညာအလုပ်တွေအပြင် သူမရဲ့မိသားစုကိုလည်း ပရိသတ်တွေကစိတ်ဝင်တစားရှိကြပါတယ်နော်။ သူမအနေနဲ့ အတိုက်အခိုက်မျိုးစုံကြုံတွေ့ခဲ့ပေမယ့် ဇွဲကောင်းသူတစ်ယောက်ဖြစ်တာကြောင့် အခုချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုရိုက်ကူးပြီး လူကြိုက်များတဲ့ အနုပညာရှင်မင်းသမီးတစ်ယောက်အပြင်အောင်မြင်တဲ့ ဘလော့ဂါတစ်ယောက်အဖြစ်ရပ်တည်နေတာပါ။

အခုနောက်ပိုင်းမှာတော့ ကိုဗစ်ရောဂါကြီးဖြစ်ပွားနေချိန်မှာ နေခြည်ဦးတစ်ယောက်လဲ ကျောက်မျက်ရတနာတွေ Live လွှင့်ရောင်းချဖို့ ဖိတ်ခေါ်ခံရပြီးရောင်းချပေးနေခဲ့တာပါ။

ရတနာတွေမြင်ရင် မနေနိုင်တဲ့သူဖြစ်တာကြောင့် အခုနောက်ပိုင်းမှာသူမရဲ့ပိုက်ဆံတွေကိုကျောက်မျက်ရတနာ တွေဝယ်ကာစုတဲ့ဆီပဲအသုံးပြုနေကြောင်းကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ My day မှာဖော်ပြခဲ့တာပါ။

ချီချီလိုရတနာတွေဝယ်စုတတ်တဲ့ သူတွေရှိရင်မှတ်ချက်ပေးခဲ့ပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : Nay Chi Oo ‘s My day

Zawgyi***







