


Credit – Cele Zone

Photo – Yoon Yoon

ချစ်ပရိသတ်ကြီးရေ ရယ်လိုက် တိုင်းပေါ်ပေါ်လာတဲ့ ပါးချိုင့်လေးနဲ့ ပုရိသတွေရဲ့ အသည်းတစ်ခြမ်းကို ဖမ်းစားထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ယွန်းယွန်းပဲ ဖြစ်ပါတယ်။ ယွန်းယွန်းရဲ့ ပီပြင်ကောင်းမွန်တဲ့ သရုပ်ဆောင်မှုတွေကြောင့်လည်း အသက်ငယ်ငယ်လေးနဲ့ အကယ်ဒမီ ထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားတာပါနော် ။

သူမရဲ့ ရှည်လျားနက်မှောင်သန်စွမ်းတဲ့ ဆံနွယ်လေးတွေ ဟာလည်း မိန်းကလေးချင်းတောင် အားကျငေးမောနေရတာအမှန်ပါပဲ ။ယွန်းယွန်းဟာ ကလေးဘဝကတည်းက အနုပညာလောကထဲကို ဝင်ရောက်လာသူတစ်ဦးဖြစ်ပြီး ခုချိန်မှာတော့ ပြည်သူချစ် မင်းသမီးလေး တစ်ယောက် အဖြစ် ရပ်တည်လျက်ရှိနေပြီပဲ ဖြစ်ပါတယ်။

အခုလည်း သူပါဝင်တဲ့ Double Dating ဆိုတဲ့ program လေးကလည်း ပရိသတ်တွေကြားမှ ာအရမ်းကိုလူကြိုက်များရေပန်းစားနေတာလည်းဖြစ်ပါတယ်။ သူရဲ့မွေးနေ့လေးကိုလည်း double dating အဖွဲ့သားတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့တာဖြစ်ပြီးအမှတ်တရပုံရိပ်လေးတွေကိုလည်း ဝေမျှခဲ့တာဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ကြည်နူးစရာကောင်းလောက်အောင်အပျော်တွေ ကူးစက်တာကြောင့် မျှဝေပေးလိုက်ပါတယ်။

Credit – Cele Zone

Photo – Yoon Yoon